ဗန်ဒီဘိခ်၊ လင်ဂတ်တို့ အခြေအနေ၊ စူပါစတားလို မနေတဲ့ ဒိုလေး၊ ပစ်မှတ် ဒိုင်ယက်ဇ်နဲ့ ယနေ့ မန်ယူ သတင်းတိုများ

ပဲလေ့စ်အနေနဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်လာကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြထားပါတယ်။ နည်းပြ ရန်းနစ် အနေနဲ့ အသင်းကို စုဖွဲ့မှုကျစ်လျစ်အောင်လို့ ဇန်နဝါရီမှာ ကစားသမားတချို့ကို ရှင်းထုတ်ဖွယ်ရှိနေပြီး ဗန်ဒီဘိခ်ကိုလည်း အငှားချဖွယ် ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ အီတလီနည်းပြ မန်စီနီအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်သွားချင်နေပြီး ကမ္ဘာ့ဖလားပြီးရင် မန်စီနီရဲ့ အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက သုံးသပ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါ်တိုတောင်ပံကစားသမား လူးဝစ် ဒိုင်ယက်ဇ်ကို ကင်းထောက်ကာ စောင့်ကြည့် နေပါတယ်။ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားကို လီဗာပူးအသင်း ကလည်း ပစ်မှတ်ထားနေပြီး ၎င်းကို ခေါ်ဖို့ ပေါင် ၆၇ သန်း အသုံးပြုရမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီက တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂျူဗင်တပ် စတင်ရောက်ရှိလာတုန်းက သူ့ကိုယ်သူ စူပါစတား တစ်ဦးလို ပြုမူခဲ့ခြင်း မရှိဘူးလို့ ချီးကျူးလိုက်ပြီး ရော်နယ်ဒိုဟာ အာလုံးနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေထိုင်တတ်ပြီး စနောက်လို့လည်း ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်လက်ထက်က ခေါ်ယူမှုတွေမှာ သံသယမျက်ဝန်းတွေနဲ့ စောင့်ကြည့်ခံခဲ့ရတဲ့ ရွန်းနီနဲ့ နစ္စတယ်ရွိုင်း တို့ကို ခေါ်ယူစဉ်က သူ့အနေနဲ့ သံသယဝင်စိတ် တစ်စက်ကလေးမှမဖြစ်ပေါ်ခဲ့ဘူးလို့ နဗီးလ်က ဖွင့်ဟလိုက်ပြီး အထူးသဖြင့် ရွန်းနီကို ခေါ်ယူခဲ့တာက စွန့်စားတာလို့ လုံးဝမထင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

မန်ယူ တိုက်စစ် သမား လင်ဂတ်ကတော့ သူ့အပေါ် အသင်းရဲ့ ဆက်ဆံပုံတွေဟာ လေးစားမှုကင်းမဲ့နေတယ်လို့ ခံစားနေပြီး ဒေါသထွက်နေပါတယ်။ လင်ဂတ်ဟာ အသင်းပြောင်းရွှေ့ဖို့ ပိတ်ပင်ခဲ့တဲ့ မန်ယူရဲ့ လုပ်ရပ်ကို မကျေမနပ် ဖြစ်နေပြီး ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာလိုနေတာပါ။

ဝက်စ်ဟမ်းခံစစ်မှုး ခရစ် ဒေါ်ဆန်က မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးမိနစ်ထိ အလျှော့မပေးဘဲ ကြိုးစားကာ ဂိုးသွင်းနိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်း မာကျောမှု က ချီးကျူးစရာပဲ လို့ ဝန်ခံစကား ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဖာဒီနန်က မာရှယ် ဆီဗီလာ အသင်းထံ ကို ပြောင်းရွှေ့သွားတာ မှန်ကန်တယ်လို့ ထောက်ခံ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံး သီတင်းပတ်ထဲမှာ ကစားသမား ၅ ဦးထိ ထွက်ခွာဖို့ ခွင့်ပြုဖွယ် ရှိနေကြောင်း ESPN သတင်းက ဖော်ပြထားပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က အလာဗက်စ်မှာအငှား ကစားနေတဲ့ မန်ယူကြယ်ပွင့် ပတ်လီထရီဟာ လာလီဂါမှာ အထိုင်ကျနေပြီဖြစ်ကြောင်း၊ ပယ်လီထရီဟာ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားပြီး အလားအလာ များစွာ ရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။