ဒမ်ဘီလီ၊ ကွန်ဒီ၊ အဆန်စီယို၊ ကွီတာနဲ့ ခရစ္စတန်ဆန်၊ ဘရိုဂျာနဲ့ ယနေ့ည ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီး လူငယ်တိုက်စစ်မှုးလေး ဘရိုဂျာကို ဆောက်သမ်တန် အသင်းက သူတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ဘာစီလိုနာ က ချဲလ်ဆီး နောက်ခံလူတွေဖြစ်တဲ့ အက်ပီကွီတာနဲ့ ခရစ္စတန်ဆန် တို့ နှစ်ယောက်စလုံးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း လန်ဒန် အခြေစိုက် သတင်းဌာန က ဖော်ပြထားပါတယ်။ ထိုကစားသမား နှစ်ယောက်လုံး က လာမဲ့နွေရာသီမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ချယ်ဆီး အသင်းခေါင်းေ်ဆာင် ကွီတာ က အနာဂတ်ကိစ္စ ဆုံးဖြတ်ဖို့ ချဲလ်ဆီးနဲ့ နောက်ဆုံး အကြိမ် ပြောဆိုဆွေးနွေးရန် စီစဉ်နေပါတယ်။

ချဲလ်ဆီးအနေနဲ့ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့အပြိုင် ရီးရဲမက်ဒရစ် ကွင်းလယ်တိုက်စစ် အဆန်စီယိုကို စိတ်ဝင်စားနေကြောင်းး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချဲလ်ဆီးအနေနဲ့တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတယ်လို့ သိရပြီး နွေရာသီမှာ ရီးရဲကနေ ထွက်ခွာနိုင်တဲ့ အဆန်စီယိုရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေတာပါ။

နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာလာမယ့် တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ ချဲလ်ဆီး က ပြောဆို ညှိနှိုင်းမှုတွေ စတင်ထားကြောင်း သတင်းထောက် အယ်ဖရက်ဒို မာတီနက်ဇ်က ဖော်ထုတ် ထားပါတယ်။

မန်ယူ ကွင်းလယ်လူဟောင်း ချက်ဝစ် ကတော့ ဒမ်ဘီလီ ဟာ ချဲလ်ဆီးနဲ့ လိုက်ဖက်သူ မဟုတ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ ဒမ်ဘီလီကို ခေါ်လိုက်မယ်ဆိုရင် သူနဲ့လိုက်ဖက်တဲ့ ကစားကွက်ကို ပြောင်းလဲရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းက ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီယက်ချ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ဆက် ထိန်းထားချင်ရင် တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသရတော့မှာဖြစ်ကြောင်း၊ ဇီယက်ချ်ဟာ ကစားသမားကောင်းဖြစ်ပြီး ပုံမှန်ကစားခွင့် မရလို့သာ ခြေစွမ်း အတက်၊ အကျ မငြိမ်တာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ ဆီဗီလာ နောက်ခံလူ ကွန်ဒီကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့ ရူဒီဂါကို သက်တမ်းတိုးနိုင်ခြင်း မရှိပါက ချဲလ်ဆီးအနေနဲ့ ကွန်ဒီလာမဲ့နွေရာသီမှာ ထပ်မံ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကစားသမားဟောင်းကြီး အဘွန်လဟောကတော့ ချဲလ်ဆီး ကွင်းလယ်သမား ရော့စ် ဘာကလေ ကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်ပြီး အခုလ အပြောင်းအရွှေ့ထဲမှာ လှုပ်ရှားဖို့ပါ အကြံပြုလိုက်ပါတယ်။