လူကာကူ ပြီးတဲ့နောက် ချဲလ်ဆီးမှာ အဆင်မပြေကြောင်း ထုတ်ပြောလာတဲ့ နောက်ထပ် အသင်းသား

အမေရိကန်သား တိုက်စစ်သမား ခရစ္စတီယန် ပူလီဆစ်ဟာ လူကာကူနောက်ပိုင်း ချဲလ်ဆီးအသင်းမှာ ရုန်းကန် နေရကြောင်း ဖွင့်ဟလာတဲ့ နောက်ထပ် ချဲလ်ဆီး အသင်းသား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပူလီဆစ်ဟာ နည်းပြ တူချယ်လက်အောက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ ပူလီဆစ် က လက်ရှိမှာ အယ်ဆာဗေဒိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အတွက် အမေရိကန်နဲ့အတူ ပူးပေါင်းနေတာပါ။

ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့အကြောင်း ပြောရာမှာ ပူလီဆစ်က “ဒီနှစ်ရာသီက အတက်အကျတွေ များတာ မျက်မြင်ပါပဲ။ ကျွန်တော် လိုချင်တဲ့အတိုင်း အခြေအနေတွေက ဖြစ်မနေပါဘူး။ ကျွန်တော် ဆက်ကြိုးစားနေပြီး ဒီကိုလာတဲ့အချိန်မှာတော့ အဲ့ဒါက ထိခိုက်ခြင်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော် ဒီမှာ ရှိရမှာ စိတ်လှုပ်ရှားနေပါတယ်”

“ကျွန်တော် နိုင်ငံအသင်းရောက်လာတဲ့အခါ ချဲလ်ဆီးမှာ ဘယ်လိုလဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုပြီး မေးကြပါတယ်။ အဲ့ဒါတွေကို ဖြေဖို့က ခက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုလေးတွေ ရှိပေမဲ့ နိုင်ငံအသင်းအတွက်နဲ့ ဒီလူတွေအတွက် ကစားပေးရမှာမလို့ စိတ်လှုပ်ရှားမိပါတယ်”

“ကျွန်တော် ကစားချင်တဲ့နေရာမှာ အမြဲ မကစားရတဲ့အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ ဘက်စုံရတာက အရည်အချင်း ပြည့်ဝစေပြီး နေရာစုံကစားနိုင်တဲ့အတွက် ကျွန်တော် ကွင်းထဲ မတူညီတဲ့နေရာတွေမှာ ကစားနိုင်ပါတယ်”“ကျွန်တော် အများကြီး သင်ယူထားခဲ့ပြီး လာမယ့်ပွဲအနည်းငယ်အတွင်း ကျွန်တော့်အတွက် ပိုသက်သောင့်သက်သာ ရှိစေမယ့် နေရာမှာ ကစားရဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

တူချယ်လက်အောက် ချဲလ်ဆီးမှာ ပူလီဆစ်တစ်ယောက် false nine၊ wing back တို့အပြင် ပုံမှန်ကစားနေကျ တောင်ပံမှာလည်း ကစားပေးရပါတယ်။ ယခုနှစ်ရာသီ ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့အကြောင်း ဖွင့်ဟလာတာ ပူလီဆစ်တစ်ဦးတင် မဟုတ်ပဲ တိုက်စစ်မှူး လူကာကူကလည်း အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ပိုင်းပွဲစဉ်မှာ အမှတ်တွေ တောက်လျောက်လျော့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲစဉ်မှာတော့ ၂ဂိုးပြတ် ပြန်အနိုငရခဲ့ပါတယ်။

ZG

အေမရိကန္သား တိုက္စစ္သမား ခရစၥတီယန္ ပူလီဆစ္ဟာ လူကာကူေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ ေနရေၾကာင္း ဖြင့္ဟလာတဲ့ ေနာက္ထပ္ ခ်ဲလ္ဆီး အသင္းသား တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ပူလီဆစ္ဟာ နည္းျပ တူခ်ယ္လက္ေအာက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနခဲ့ရပါတယ္။ ပူလီဆစ္ က လက္ရွိမွာ အယ္ဆာေဗဒိုနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ အတြက္ အေမရိကန္နဲ႔အတူ ပူးေပါင္းေနတာပါ။

ခ်ဲလ္ဆီးမွာ ႐ုန္းကန္ေနရတဲ့အေၾကာင္း ေျပာရာမွာ ပူလီဆစ္က “ဒီႏွစ္ရာသီက အတက္အက်ေတြ မ်ားတာ မ်က္ျမင္ပါပဲ။ ကြၽန္ေတာ္ လိုခ်င္တဲ့အတိုင္း အေျခအေနေတြက ျဖစ္မေနပါဘူး။ ကြၽန္ေတာ္ ဆက္ႀကိဳးစားေနၿပီး ဒီကိုလာတဲ့အခ်ိန္မွာေတာ့ အဲ့ဒါက ထိခိုက္ျခင္း မရွိပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ ဒီမွာ ရွိရမွာ စိတ္လႈပ္ရွားေနပါတယ္”

“ကြၽန္ေတာ္ ႏိုင္ငံအသင္းေရာက္လာတဲ့အခါ ခ်ဲလ္ဆီးမွာ ဘယ္လိုလဲ၊ ဘာေတြျဖစ္ခဲ့လဲဆိုၿပီး ေမးၾကပါတယ္။ အဲ့ဒါေတြကို ေျဖဖို႔က ခက္ပါတယ္။ စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္မႈေလးေတြ ရွိေပမဲ့ ႏိုင္ငံအသင္းအတြက္နဲ႔ ဒီလူေတြအတြက္ ကစားေပးရမွာမလို႔ စိတ္လႈပ္ရွားမိပါတယ္”

“ကြၽန္ေတာ္ ကစားခ်င္တဲ့ေနရာမွာ အၿမဲ မကစားရတဲ့အတြက္ ခက္ခဲပါတယ္။ ဒါေပမဲ့ ဘက္စုံရတာက အရည္အခ်င္း ျပည့္ဝေစၿပီး ေနရာစုံကစားႏိုင္တဲ့အတြက္ ကြၽန္ေတာ္ ကြင္းထဲ မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္ပါတယ္”“ကြၽန္ေတာ္ အမ်ားႀကီး သင္ယူထားခဲ့ၿပီး လာမယ့္ပြဲအနည္းငယ္အတြင္း ကြၽန္ေတာ့္အတြက္ ပိုသက္ေသာင့္သက္သာ ရွိေစမယ့္ ေနရာမွာ ကစားရဖို႔ ေမွ်ာ္လင့္ထားပါတယ္”လို႔ ဆိုခဲ့ပါတယ္။

တူခ်ယ္လက္ေအာက္ ခ်ဲလ္ဆီးမွာ ပူလီဆစ္တစ္ေယာက္ false nine၊ wing back တို႔အျပင္ ပုံမွန္ကစားေနက် ေတာင္ပံမွာလည္း ကစားေပးရပါတယ္။ ယခုႏွစ္ရာသီ ခ်ဲလ္ဆီးမွာ ႐ုန္းကန္ေနရတဲ့အေၾကာင္း ဖြင့္ဟလာတာ ပူလီဆစ္တစ္ဦးတင္ မဟုတ္ပဲ တိုက္စစ္မႉး လူကာကူကလည္း အင္တာဗ်ဴးမွာ ပြင့္ပြင့္လင္းလင္း ဖြင့္ဟခဲ့ပါေသးတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ပိုင္းပြဲစဥ္မွာ အမွတ္ေတြ ေတာက္ေလ်ာက္ေလ်ာ့ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ေတာ့တင္ဟမ္နဲ႔ ပြဲစဥ္မွာေတာ့ ၂ဂိုးျပတ္ ျပန္အႏိုငရခဲ့ပါတယ္။