မထင်မရှား အသင်းငယ်လေးကို ဂိုးဒါဇင်ဝက်ပေးပြီး ဒူးထောက် အရှုံးပေးခဲ့ရတဲ့ မော်ရင်ညိုနဲ့ ရိုးမား
နာမည်ကြီး နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းဟာ ယူရိုပါ ကွန်ဖရင့်လိဂ်မှာတော့ မထင်မရှား နော်ဝေအသင်းလေး ဘိုဒိုကို ၆-၁ နဲ့ အံ့အားသင့်ဖွယ်ရာအရေးနိမ့်သွားခဲ့ပါတယ်။
ထိုရလဒ်ဟာ မော်ရင်ညိုရဲ့ နည်းပြဘဝမှာ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပြီး ခံစစ်ကို အသားပေးကာ အသင်းကိုတည်ဆောက်တတ်တဲ့ ပေါ်တူဂီသားနည်းပြဟာ တစ်ပွဲတည်းမှာ ရှားရှားပါးပါး ၆ ဂိုး အထိ ပထမဆုံးအကြိမ် ပေးခဲ့ရပါတယ်။

ဒီရှုံးပွဲကြောင့် အဝေးကွင်းကို လိုက်ပါအားပေးခဲ့တဲ့ ရိုးမားပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာလည်း အချင်းများမှုတွေဖြစ်ပွားခဲ့ပါတယ်။
မော်ရင်ညိုကတော့ ရှုံးပွဲအတွက် သူ့ကိုသာ အပြစ်တင်ဖို့ ပြောဆိုခဲ့ပြီး ဒီလူစာရင်းနဲ့ပွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့တာက သူဖြစ်တာကြောင့် သူ့မှာသာတာဝန်အရှိဆုံးလို့ ဝန်ခံခဲ့ပြီး ပြိုင်ဘက်က သူတို့ထက် ပိုမို ကောင်းမွန်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း တွစ်တာပေါ်မှာတော့ ပရိသတ်တွေက ရိုးမားဟာ နာမည်တောင် ဘယ်လို ခေါ်ရမလဲဆိုတာကို မသိတဲ့အသင်းကို အရေးနိမ့်ခဲ့တယ် လို့ ပြစ်တင် ပြောဆိုနေကြပါတယ်။
မော်ရင်ညိုက “တချို့ကစားသမားတွေမှာ အကန့်အသတ်နဲ့သာရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့်လည်း သူတို့ဆီက ပိုကောင်းတဲ့တုံပြန်မှုကို ကျွန်တော်မျှော်လင့်ခဲ့တာပါ၊ ဒါပေမယ့်လည်း ဒီဆုံးဖြတ်ချက်က ကျွန်တော်ပဲချတာဖြစ်လို့ ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ZG
နာမည္ၾကီး နည္းျပ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းဟာ ယူ႐ိုပါ ကြန္ဖရင့္လိဂ္မွာေတာ့ မထင္မရွား ေနာ္ေဝအသင္းေလး ဘိုဒိုကို ၆-၁ နဲ႔ အံ့အားသင့္ဖြယ္ရာအေရးနိမ့္သြားခဲ့ပါတယ္။
ထိုရလဒ္ဟာ ေမာ္ရင္ညိဳရဲ႕ နည္းျပဘဝမွာ အဆိုး႐ြားဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္လိုက္ရတာျဖစ္ၿပီး ခံစစ္ကို အသားေပးကာ အသင္းကိုတည္ေဆာက္တတ္တဲ့ ေပၚတူဂီသားနည္းျပဟာ တစ္ပြဲတည္းမွာ ရွားရွားပါးပါး ၆ ဂိုး အထိ ပထမဆုံးအႀကိမ္ ေပးခဲ့ရပါတယ္။
ဒီရႈံးပြဲေၾကာင့္ အေဝးကြင္းကို လိုက္ပါအားေပးခဲ့တဲ့ ႐ိုးမားပရိသတ္ေတြနဲ႔ ကစားသမားေတြၾကားမွာလည္း အခ်င္းမ်ားမႈေတြျဖစ္ပြားခဲ့ပါတယ္။
ေမာ္ရင္ညိဳကေတာ့ ရႈံးပြဲအတြက္ သူ႔ကိုသာ အျပစ္တင္ဖို႔ ေျပာဆိုခဲ့ၿပီး ဒီလူစာရင္းနဲ႔ပြဲထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာက သူျဖစ္တာေၾကာင့္ သူ႔မွာသာတာဝန္အရွိဆုံးလို႔ ဝန္ခံခဲ့ၿပီး ၿပိဳင္ဘက္က သူတို႔ထက္ ပိုမို ေကာင္းမြန္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း တြစ္တာေပၚမွာေတာ့ ပရိသတ္ေတြက ႐ိုးမားဟာ နာမည္ေတာင္ ဘယ္လို ေခၚရမလဲဆိုတာကို မသိတဲ့အသင္းကို အေရးနိမ့္ခဲ့တယ္ လို႔ ျပစ္တင္ ေျပာဆိုေနၾကပါတယ္။
ေမာ္ရင္ညိဳက “တခ်ိဳ႕ကစားသမားေတြမွာ အကန႔္အသတ္နဲ႔သာရွိတယ္ဆိုတာကို ကြၽန္ေတာ္သိပါတယ္၊ ဒါေပမယ့္လည္း သူတို႔ဆီက ပိုေကာင္းတဲ့တုံျပန္မႈကို ကြၽန္ေတာ္ေမွ်ာ္လင့္ခဲ့တာပါ၊ ဒါေပမယ့္လည္း ဒီဆုံးျဖတ္ခ်က္က ကြၽန္ေတာ္ပဲခ်တာျဖစ္လို႔ ကြၽန္ေတာ့္မွာပဲ တာဝန္ရွိပါတယ္” လို႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။