ချိန်ပါ ဖြစ်နေတဲ့ အာဆင်နယ်ကို အပြောင်းရွှေ့ ပိတ်ခါနီးနေပြီလို့ ပေါလ်မာဆန် သတိပေး
ဂန်းနားဟောင်းကြီး ပေါလ်မာဆန် က ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ခါနီးထိ ကစားသမား တစ်ဦးမှ ခေါ်ယူ နိုင်ခြင်း မရှိသေးတဲ့ အသင်းဟောင်း အာဆင်နယ် အသင်းကို ကစားသမား ခေါ်ယူမှု နဲ့ ပတ်သက်ပြီး သတိပေးစကားဆို သွားခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီလမှာ တိုက်စစ်မှူး နဲ့ ကွင်းလယ်လူ ဖြည့်တင်းဖို့ ကြိုးပမ်း နေတာ ဖြစ်ပြီး ခုထက်ထိ တစ်ဦးမျှ ခေါ်ယူ နိုင်ခြင်း မရှိသေးပါဘူး။ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ပစ်မှတ် ထားခဲ့ပေမယ့် ဂျူဗင်တပ် က ပေါင် ၆၇ သန်း နဲ့ လက်ဦးမှု ရယူသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို မရတော့တာကြောင့် ရီးရဲလ်ဆိုစီဒက် က အီဆက်၊ အဲဗာတန် က ကယ်ဗက်လီဝင်၊ ဗီလာ က ဝက်ကင်းစ်၊ နာပိုလီ က အိုဆီမန် တို့နဲ့ သတင်းတွေ ထွက်နေပေမယ့် ဘယ်အသင်းကမှ သူတို့ရဲ့ အဓိက ကစားသမားတွေကို ရာသီဝက်မှာ လက်လွှတ်ဖို့ ဆန္ဒ မရှိကြပါဘူး။
ဒီရာသီ ထိပ်ဆုံး လေးသင်း ထဲ ဝင်ချင်ရင် ကွင်းလယ်လူ နဲ့ တိုက်စစ်မှူး နေရာကို မဖြစ်မနေ အားဖြည့်ဖို့ လိုကြောင်း ထောက်ပြ နေကြပေမယ့် ပေါလ်မာဆန် ကတော့ အလောတကြီး ဝယ်ယူတာမျိုး မလုပ်သင့်ကြောင်း စကိုင်းစပေါ့မှာ ဆိုလိုက်ပါတယ်။
” ခုချိနိမှာ ကစားသမားတွေ ခေါ်ယူဖို့ ဆိုတာက အင်မတန် ခက်ခဲပါတယ်၊ အာဆင်နယ် က ဒူချန် ဗလာဟိုဗစ် ကို ခေါ်ချင် ခဲ့ပေမယ့် ကစားသမားဘက်က စိတ်ဝင်စားမှု မပြခဲ့ပါဘူး၊ အခုတော့ သူ ဂျူဗင်တပ်စ် အသင်းကို ရောက်သွား ခဲ့ပြီပေါ့လေ။ ”
” ကျွန်တော်သာ အာဆင်နယ် အသင်း နေရာမှာဆို အထိတ်တလန့် နဲ့ ကစားသမားတွေ ခေါ်ယူမှာ မဟုတ်ပါဘူး ။ တစ်ချိန်လုံး ကစားသမား တစ်ဦးတည်းကို လိုက်နေခဲ့ပြီး မရတော့မှ တခြားသူကို ပြောင်းပြီး လိုက်တာမျိုး လုပ်လို့ မရနိုင်ပါဘူး။ ”
” အပြောင်းအရွှေ့ပိတ်ဖို့ကလည်း ရက်ပိုင်း ပဲ ကျန်ပါတော့တယ်၊ ကျွန်တော် ကတော့ အာဆင်နယ် အသင်း အလောတကြီး မလုပ်ဘဲ စောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

ZG
ဂန္းနားေဟာင္းၾကီး ေပါလ္မာဆန္ က ဇန္နဝါရီ အေျပာင္းအေရႊ႕ ပိတ္ခါနီးထိ ကစားသမား တစ္ဦးမွ ေခၚယူ ႏိုင္ျခင္း မရွိေသးတဲ့ အသင္းေဟာင္း အာဆင္နယ္ အသင္းကို ကစားသမား ေခၚယူမႈ နဲ႔ ပတ္သက္ၿပီး သတိေပးစကားဆို သြားခဲ့ပါတယ္။
အာဆင္နယ္ အသင္းဟာ ဒီလမွာ တိုက္စစ္မႉး နဲ႔ ကြင္းလယ္လူ ျဖည့္တင္းဖို႔ ႀကိဳးပမ္း ေနတာ ျဖစ္ၿပီး ခုထက္ထိ တစ္ဦးမွ် ေခၚယူ ႏိုင္ျခင္း မရွိေသးပါဘူး။ ဖီအိုရင္တီးနား တိုက္စစ္မႉး ဗလာဟိုဗစ္ ကို ပစ္မွတ္ ထားခဲ့ေပမယ့္ ဂ်ဴဗင္တပ္ က ေပါင္ ၆၇ သန္း နဲ႔ လက္ဦးမႈ ရယူသြားခဲ့ပါတယ္။
အာဆင္နယ္ အသင္းဟာ ဗလာဟိုဗစ္ ကို မရေတာ့တာေၾကာင့္ ရီးရဲလ္ဆိုစီဒက္ က အီဆက္၊ အဲဗာတန္ က ကယ္ဗက္လီဝင္၊ ဗီလာ က ဝက္ကင္းစ္၊ နာပိုလီ က အိုဆီမန္ တို႔နဲ႔ သတင္းေတြ ထြက္ေနေပမယ့္ ဘယ္အသင္းကမွ သူတို႔ရဲ႕ အဓိက ကစားသမားေတြကို ရာသီဝက္မွာ လက္လႊတ္ဖို႔ ဆႏၵ မရွိၾကပါဘူး။
ဒီရာသီ ထိပ္ဆုံး ေလးသင္း ထဲ ဝင္ခ်င္ရင္ ကြင္းလယ္လူ နဲ႔ တိုက္စစ္မႉး ေနရာကို မျဖစ္မေန အားျဖည့္ဖို႔ လိုေၾကာင္း ေထာက္ျပ ေနၾကေပမယ့္ ေပါလ္မာဆန္ ကေတာ့ အေလာတႀကီး ဝယ္ယူတာမ်ိဳး မလုပ္သင့္ေၾကာင္း စကိုင္းစေပါ့မွာ ဆိုလိုက္ပါတယ္။
” ခုခ်ိနိမွာ ကစားသမားေတြ ေခၚယူဖို႔ ဆိုတာက အင္မတန္ ခက္ခဲပါတယ္၊ အာဆင္နယ္ က ဒူခ်န္ ဗလာဟိုဗစ္ ကို ေခၚခ်င္ ခဲ့ေပမယ့္ ကစားသမားဘက္က စိတ္ဝင္စားမႈ မျပခဲ့ပါဘူး၊ အခုေတာ့ သူ ဂ်ဴဗင္တပ္စ္ အသင္းကို ေရာက္သြား ခဲ့ၿပီေပါ့ေလ။ ”
” ကြၽန္ေတာ္သာ အာဆင္နယ္ အသင္း ေနရာမွာဆို အထိတ္တလန႔္ နဲ႔ ကစားသမားေတြ ေခၚယူမွာ မဟုတ္ပါဘူး ။ တစ္ခ်ိန္လုံး ကစားသမား တစ္ဦးတည္းကို လိုက္ေနခဲ့ၿပီး မရေတာ့မွ တျခားသူကို ေျပာင္းၿပီး လိုက္တာမ်ိဳး လုပ္လို႔ မရႏိုင္ပါဘူး။ ”
” အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ကလည္း ရက္ပိုင္း ပဲ က်န္ပါေတာ့တယ္၊ ကြၽန္ေတာ္ ကေတာ့ အာဆင္နယ္ အသင္း အေလာတႀကီး မလုပ္ဘဲ ေစာင့္ဆိုင္းဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။