ဗန်ဒီဘိခ် ကို မန်ယူက ထွက်ခွင့်ပေးလိုက်ပြီး စိတ်ကြိုက် အသင်း ရွေးချယ်ခိုင်းလိုက်ပါပြီ

မန်ချက်စတာယူနိုက်တက်အသင်း ဟာ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် အတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူ လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ကစားသမားအတွက် အငှားခေါ်ယူခ၊ လစာငွေအပြည့်ပေးချေသွားဖို့ အဲဗာတန်က ကမ်းလှမ်းခဲ့ပြီး မန်ယူ ဘက်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နာမည်ကျော်သတင်းထောက် ရိုမန်နို ရဲ့ ဖော်ပြချက်အရတော့ ဒါဟာ ကလပ်နှစ်သင်းကြား သဘောတူညီမှု ရရှိသေးတာပဲ ဖြစ်ပြီး ဗန်ဒီဘိခ်ကို ခရစ္စတယ်ပဲလေ့စ်ကလည်း ကမ်းလှမ်းမှုပြုလုပ်ထားတာကြောင့် ကစားသမား စိတ်ကြိုက် အသင်းကို ရွေးချယ်ခွင့်လည်း မန်ယူက ပေးထားတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ မသေချာတဲ့နောက် ဗန်ဒီဘိခ်က အသင်းကထွက်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှမှာတော့ ပဲလေ့စ်က ကမ်းလှမ်းထားခဲ့ပေမယ့် ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်နေခဲ့ကာ ကြံ့ကြာနေချိန် အဲဗာတန်က ကြားဖြတ်ဝင်ရောက်လာခဲ့တာပါ။

အဲဗာတန်နည်းပြသစ် လမ်းပတ်ကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူပေးဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ပဲလေ့စ် အတွက် တော့ ဒီသတင်းက သတင်းဆိုးဖြစ်လာခဲ့ပါတယ်။ ဗန်ဒီဘိခ် ကတော့ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့အတွက် ပွဲကစားဖို့လိုအပ်နေတာဖြစ်ပြီး သူ့ကို ပုံမှန်ကစားခွင့်ပေးနိုင်မယ့် အသင်းကိုသာ ရွေးချယ်ဖို့ရှိနေပါတယ်။

အဲဗာတန်ရော၊ ပဲလေ့စ်ကပါ ဒါကို အာမခံချက်ပေးဖွယ်ရှိနေလို့ ဘယ်အသင်းကို ဗန်ဒီဘိခ် ရွေးချယ် သွားမလဲ ဆိုတာ အပြောင်းအရွှေ့ မပိတ်ခင် စောင့်ကြည့်ရတော့မှာပါ။

ZG

မန္ခ်က္စတာယူႏိုက္တက္အသင္း ဟာ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ အတြက္ အဲဗာတန္အသင္းရဲ႕ ကမ္းလွမ္းမႈကို သေဘာတူ လက္ခံလိုက္ျပီ ျဖစ္ပါတယ္။

ကစားသမားအတြက္ အငွားေခၚယူခ၊ လစာေငြအျပည့္ေပးေခ်သြားဖို႔ အဲဗာတန္က ကမ္းလွမ္းခဲ့ၿပီး မန္ယူ ဘက္ကလည္း လက္ခံခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း နာမည္ေက်ာ္သတင္းေထာက္ ရိုမန္နို ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဒါဟာ ကလပ္ႏွစ္သင္းၾကား သေဘာတူညီမႈ ရရွိေသးတာပဲ ျဖစ္ျပီး ဗန္ဒီဘိခ္ကို ခရစၥတယ္ပဲေလ့စ္ကလည္း ကမ္းလွမ္းမႈျပဳလုပ္ထားတာေၾကာင့္ ကစားသမား စိတ္ၾကိဳက္ အသင္းကို ေရြးခ်ယ္ခြင့္လည္း မန္ယူက ေပးထားတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္မွာ ပုံမွန္ကစားခြင့္ရဖို႔ မေသခ်ာတဲ့ေနာက္ ဗန္ဒီဘိခ္က အသင္းကထြက္ဖို႔ စဥ္းစားလာခဲ့တာ ျဖစ္ပါတယ္။ ကနဦးမွမွာ​ေတာ့ ပဲေလ့စ္က ကမ္းလွမ္းထားခဲ့ေပမယ့္ ညႇိႏႈိင္းမႈေတြအဆင္မေျပျဖစ္ေနခဲ့ကာ ၾကံ႕ၾကာေနခ်ိန္ အဲဗာတန္က ၾကားျဖတ္ဝင္ေရာက္လာခဲ့တာပါ။

အဲဗာတန္နည္းျပသစ္ လမ္းပတ္ကလည္း ဗန္ဒီဘိခ္ကို ေခၚယူေပးဖို႔ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ပဲေလ့စ္ အတြက္ ေတာ့ ဒီသတင္းက သတင္းဆိုးျဖစ္လာခဲ့ပါတယ္။ ဗန္ဒီဘိခ္ ကေတာ့ ကာတာကမာၻ႔ဖလားမွာ ပါဝင္ခြင့္ရဖို႔အတြက္ ပြဲကစားဖို႔လိုအပ္ေနတာျဖစ္ၿပီး သူ႔ကို ပုံမွန္ကစားခြင့္ေပးႏိုင္မယ့္ အသင္းကိုသာ ေ႐ြးခ်ယ္ဖို႔ရွိေနပါတယ္။

အဲဗာတန္ေရာ၊ ပဲေလ့စ္ကပါ ဒါကို အာမခံခ်က္ေပးဖြယ္ရွိေနလို႔ ဘယ္အသင္းကို ဗန္ဒီဘိခ္ ေ႐ြးခ်ယ္ သြားမလဲ ဆိုတာ အေျပာင္းအေရႊ႕ မပိတ္ခင္ ေစာင့္ၾကည့္ရေတာ့မွာပါ။