ဆာလီဘာ ကို စောင့်ကြည့်လာတဲ့ ရီးရဲလ်၊ ဘာစီလိုနာနဲ့ အူဘာ၊ ပေါမာဆင် သတိပေးချက်နဲ့ အာဆင်နယ် သတင်းများ
ရီးရဲမက်ဒရစ်အနေနဲ့ မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။ ရီးရဲဟာ လာမဲ့ရာသီမှာ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူသွားမှာ ဖြစ်ပြီး ဆာလီဘာကလည်း သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဘာစီလိုနာအနေနဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ရှင်းထုတ်ပြီးတာနဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူနိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဘာစီလိုနာနဲ့ အူဘာမီနယ်တို့ အကြား သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက နောက်ခံလူ တီယာနေးနဲ့ တိုက်စစ်ကစားသမား ဆာကာတို့ဟာ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူတွေဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အဲဗာတန်နည်းပြသစ် ဖြစ်လာမဲ့ လမ်းပတ်အနေနဲ့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အဓိကတိုက်စစ်မှူး လီဝင်ကို ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း Daily Star က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်း နေရာ အတွက် လီဝင်ကိုလည်းေ ရရှည်ပစ်မှတ်ထားခဲ့ပေမဲ့ လမ်းပတ်က သူ့ကိုရောင်းချသွားမဲ့ပုံ မမြင်ပါဘူး။
အာဆင်နယ် ကွင်းလယ်လူ ချာကာ အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ လက်ရှိမှာ ချာကာအနေနဲ့ အီတလီအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ သူတို့ရဲ့တိုက်စစ်မှုး အန်ကီတက်ချ်အတွက် ပရီးမီးယားလိဂ်ကလပ်ပဲလေ့စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ပဲလေ့စ်ဟာ အန်ကီတက်ချ်ကို ခေါ်ယူဖို့ ဒုတိယအကြိမ်မြောက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်က အန်ကီတက်ချ်ကို စာချုပ်သက်တမ်းတိုးမြှင့်လိုနေတာပါ။
ဖီယင်နေ့ာနည်းပြ ဆလော့ကတော့ အာဆင်နယ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့် နယ်လ်ဆင်ရဲ့ခြေစွမ်း အပေါ် အားမရဖြစ်နေပြီး နယ်လ်ဆင်အနေနဲ့ အခွင့်အရေး ဖန်တီးမှုအပိုင်းမှာ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း၊ အရည်အသွေးရှိပြီး လျင်မြန်ပေမဲ့ အဆုံးသတ်ပိုင်းမှာ အားနည်းနေကြောင်း၊ သူ့အနေနဲ့ နယ်လ်ဆင် ဆီက ဒီထက်ပိုမို မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဖီအိုတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရေး ပျက်ပြယ်ခဲ့ပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ဖုတ်ပူမီးတိုက် ခေါ်ယူမှုမျိုး မပြုလုပ်သင့်ကြောင်း သတိပေး ခဲ့ပါတယ်။