မိုရာတာကို ဖုန်းဆက်ခေါ်နေတဲ့ ဂန်းနားများ၊ ဘာစီကို သွားချင်တဲ့ ဟာလန်းနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
ဒေ့ါမွန်တိုက်စစ်မှုး ဟာလန်း ဟာ ဘာစီလိုနာကို ပြောင်ရွှေ့နိုင်ဖို့ စိတ်ကူးနေကြောင်း သတင်းတွေ ထွက်လာပါတယ်။ ဟာလန်း က လာမဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖွယ်ရှိနေပြီး ဥရောပထိပ်သီးကလပ် အများအပြားက စိတ်ဝင်စားနေကြရာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့လည်း ပါဝင်ပါတယ်။
စပါးကွင်းလယ်လူ အန်ဒွမ်ဘီလီအနေနဲ့ ပီအက်စ်ဂျီကိုပြောင်းရွှေ့ရေး ပျက်ပြယ်ခဲ့ပြီးနောက် အသင်းဟောင်း လိုင်ယွန်ကို ပြန်ပြောင်းဖို့ နီးစပ်လျက်ရှိနေကြောင်း သိရပါတယ်။ လိုင်ယွန်အနေနဲ့ ၂၀၁၉ က ပေါင် ၅၅သန်းနဲ့ ရောင်းချခဲ့တဲ့ အန်ဒွမ်ဘီလီကို အငှားနဲ့ပြန်ခေါ်ဖို့ လုပ်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ နယူးကာဆယ်ဟာ ဈေးကွက် မပိတ်ခင် အမှီ ဂိုးသမားတစ်ဦး ခေါ်ယူလိုနေပြီး ဟန်ဒါဆန်ကို အဓိက ပစ်မှတ်အဖြစ်ထားရှိနေပါတယ်။

ဒင်း ဟန်ဒါဆန် အပြင် ဗန်ဒီဘိခ်နဲ့ လင်ဂတ် တို့ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် အသင်းသစ် ပြောင်းရွှေ့လိုနေပါတယ်။ ဗန်ဒီဘိခ် အတွက် အဲဗာတန် နဲ့ မန်ယူတို့ အငှား ကိစ္စ စာရွက် စာတမ်းကိစ္စတွေ ပြီးမြောက် ခဲ့ပြီ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းဟာ ဘရာဇီး ကွင်းလယ်လူ ဘရူနို ဂွီမာရက်ဇ် ကို လိုင်ယွန် အသင်းကနေ ခေါ်ယူ ကာ ၄ နှစ်ခွဲ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင် ကြေညာ သွားခဲ့ပါတယ်။
ဘရန့်ဖိုဒ့် အသင်းဟာ ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် ကို ရာသီကုန် အထိ ၆ လ စာချုပ်နဲ့ ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်မှာ နောက်ထပ် ၁ နှစ် သက်တမ်း တိုးခွင့်လည်း ထည့်သွင်း ပါရှိတယ်လို့ သိရ ပါတယ်။
လီဗာပူးနည်းပြ ကလော့ကတော့ ကစားသမားသစ် ဒီယက်ဇ်နဲ့ ပတ်သက်ပြီး “ဒီယက်ဇ်ဟာ ကျွန်တော်တို့ရဲ့ပုံစံနဲ့ အံ့ဝင်ပြီး ပရီးမီးယားလိဂ်နဲ့ အထိုင်ကျမယ်လို့ ယုံကြည်ပါတယ်။ သူကကြံ့ခိုင်မှုပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ သန်မာသူပါ။ အံ့အားသင့်ဖွယ် ကစားသမားဖြစ်ပြီး ကျွန်တော်တို့ အချိန်ကြာကြာလိုက်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

အာတီတာရဲ့ လက်ထောက်ဖြစ်သူ မိုလီနာက ဂျူဗင်တပ်တိုက်စစ်မှုး မိုရာတာကို ဖုန်းဆက်ပြီး အသင်းထံပြောင်းလာဖို့ စည်းရုံးခဲ့ကြောင်း သိရပါတယ်။ အိုလီနာဟာ အက်သလက်မှာတုန်းက မိုရာတာနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး မိုရာတာဟာ အာဆင်နယ်နဲ့ လိုက်ဖက်မဲ့သူ လို့ ယုံကြည်နေပါတယ်။
မန်ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ရဲ့ သမီး ဖြစ်သူ ကာနာ ဆိုးရှား ဟာ မနေ့က မန်ယူ စီနီယာ အမျိုးသမီး အသင်း အတွက် ပထမဆုံး ပွဲအဖြစ် ပါဝင် ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးအနေနဲ့ အေဂျက်ဇ်ကွင်းလယ်လူ ခရာဗင်ဘတ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိလာကြောင်း စပိန် သတင်းတွေက ဖော်ပြထားပါတယ်။ ၁၉ နှစ်အရွယ် နယ်သာလန်လူငယ်ကြယ်ပွင့်ဟာဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာပါ။
ဝက်စ်ဟမ်းအနေနဲ့ ဘင်ဖီကာရဲ့အရည်အသွေးမြင့်တိုက်စစ်မူှး ဒါဝင်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်း လျက်ရှိနေကြောင်း သိရပါတယ်။