Transfer Deadline Day: ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ဒီ ဇန်နဝါရီ အတွင်း ချဲလ်ဆီးနဲ့ အချိန် အကြာဆုံး သတင်းတွေ ထွက်ထားတဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား အူစမန် ဒမ်ဘီလီ ဟာ ပီအက်စ်ဂျီ အသင်းဘက် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် လန်ဒန်သို့ ရောက်လာဖွယ် မရှိတော့ပါဘူး။

ချဲလ်ဆီးလူငယ်ကြယ်ပွင့် အန်ဂျိုရင် က လိဂ်ချန်ပီယံရှစ်ကလက် ဟတ်ဒါဖီးလ်ကို အငှားနဲ့ ထပ်မံပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အသက် ၂၀ နှစ်အရွယ် ကစားသမားဟာ အခုနှစ်ရာသီအစမှာ ရုရှားကလပ် လိုကိုမိုးတစ်ကိုပြောင်းရွှေ့ခဲ့ပြီး ပုံမှန် ကစားခွင့် မရခဲ့လို့ အသင်း ထပ်မံပြောင်းရွှေ့ဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ လက်ရှိ ရုန်းကန်နေရတဲ့ တိုက်စစ်မူှး ဝါနာတောင်မှ မြင့်မားတဲ့ လစာကို ရရှိနေတာကြောင့် အသင်းမှာ အဓိက အစိတ်အပိုင်းအဖြစ် ကစားနေကြတဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့နေရာမှာ မိမိသာဆိုရင်လည်း အဲဒီလို လစာပမာဏမျိုး တောင်းဆိုမှာဖြစ်ကြောင်း ESPN က ဘောလုံးတင်ဆက်သူ ဟစ်လော့က ဆိုခဲ့ပါတယ်။

အဲဗာတန်နည်းပြသစ်ဖြစ်လာတော့မဲ့ လမ်းပတ်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်နဲ့ ဂူဒီဆင်ပတ်ခ်မှာ ပြန်လည်လက်တွဲဖို့ စီစဉ်နေပါတယ်။ အဲဗာတန်အနေနဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ လော့တပ်ချိစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

ချဲလ်ဆီး အသင်းဟာ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရာဖင်ဟာ က လာမဲ့နွေရာသီမှာ လိဒ်ကနေ ထွက်ခွာဖွယ်ရှိနေပြီး ချဲလ်ဆီးနည်းပြတူချယ်က သူ့ကို သဘောကျနေတာပါ။

အီမာဆင်ကို လိုင်ယွန်က ပြန်ခေါ်ဖို့ မဖြစ်နိုင်တော့တာကြောင့် ချဲလ်ဆီး ဟာ ဖလာမင်ဂို ကနေ ပြန်ခေါ်ထားတဲ့ ကနေဒီကို လက်ကျန် ရာသီဝက်မှာ ဘယ်စွန်ခံစစ် နေရာ အတွက် အဆင်ပြေသလို အစားထိုး အသုံးပြုရမယ့် အလားအလာ ရှိနေပါတယ်။