ဒီနှစ် ချန်ပီယံလိဂ်ဖလား ဘယ်အသင်း ရယူသွားမလဲ သူ့အမြင် ထုတ်ပြောလိုက်တဲ့ ဟာလန်း
ဒေါ့မွန်တိုက်စစ်မှုး အာလင်းဟာလန်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ သူ ယူဆတဲ့ အသင်း ၃ သင်းကို ပြောပြသွားခဲ့ပါတယ်။ ဟာလန်းရဲ့ ဒေါ့မွန်ကတော့ ချန်ပီယံလိဂ်ကနေ အုပ်စုအဆင့်တည်းက ထွက်ခွာခဲ့ရပြီး ဖြစ ်ပါတယ်။
စကိုင်းစပေါ့ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဘယ်သူ ဗိုလ်စွဲနိုင်မလဲ ဆိုတဲ့ မေးခွန်းကို ဟာလန်း က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“မန်ချက်စတာစီးတီး ပီအက်စ်ဂျီ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် တို့ထဲက တစ်သင်းသင်း ဗိုလ်စွဲသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်မှာတင် တွေ့ဆုံနေပြီ ဖြစ်လို့ ဟာလန်း ရွေးချယ်တဲ့ အသင်းတွေထဲက တစ်သင်းကတော့ စောစောစီးစီးပဲ လွဲချော်မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် အတွက် မဲခွဲအပြီးမှာတော့ ပြီးခဲ့တဲ့ ရာသီက သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။
ပက်ဂွာဒီယိုလာ အသင်းရဲ့ နောက်မှာတော့ ၂၀၂၀ ချန်ပီယံ ဘိုင်ယန်မြူးနစ် နဲ့ ၂၀၁၉ ချန်ပီယံ လီဗာပူး တို့က အစဉ်လိုက် ရပ်တည်နေပြီး လက်ရှိ ချန်ပီယံ ချဲလ်ဆီး ကတော့ စတုတ္ထမြောက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ပီအက်ဂျီ အိုင်ယက် ရီးရဲလ်မက်ဒရစ် နဲ့ မန်ချက်စတာယူနိုက်တက် တို့က အစဉ်လိုက် ရှိနေပါတယ်။

ZG
ေဒါ့မြန္တိုက္စစ္မႈး အာလင္းဟာလန္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးလို႔ သူ ယူဆတဲ့ အသင္း ၃ သင္းကို ေျပာျပသြားခဲ့ပါတယ္။ ဟာလန္းရဲ႕ ေဒါ့မြန္ကေတာ့ ခ်န္ပီယံလိဂ္ကေန အုပ္စုအဆင့္တည္းက ထြက္ခြာခဲ့ရျပီး ျဖစ ္ပါတယ္။
စကိုင္းစေပါ့ နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္မွာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဘယ္သူ ဗိုလ္စြဲႏိုင္မလဲ ဆိုတဲ့ ေမးခြန္းကို ဟာလန္း က ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
“မန္ခ်က္စတာစီးတီး ပီအက္စ္ဂ်ီ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္ တို႔ထဲက တစ္သင္းသင္း ဗိုလ္စြဲသြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။” လို႔ ဆိုလိုက္ပါတယ္။
ပီအက္စ္ဂ်ီနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ဟာ ခ်န္ပီယံလိဂ္မွာ ရံႈးထြက္အဆင့္မွာတင္ ေတြ႔ဆံုေနျပီ ျဖစ္လို႔ ဟာလန္း ေရြးခ်ယ္တဲ့ အသင္းေတြထဲက တစ္သင္းကေတာ့ ေစာေစာစီးစီးပဲ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္ အတြက္ မဲခြဲအၿပီးမွာေတာ့ ၿပီးခဲ့တဲ့ ရာသီက သမိုင္းတစ္ေလွ်ာက္ ပထမဦးဆုံး အႀကိမ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ မန္စီးတီးဟာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္း အျဖစ္ ရပ္တည္ေနပါတယ္။
ပက္ဂြာဒီယိုလာ အသင္းရဲ႕ ေနာက္မွာေတာ့ ၂၀၂၀ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ နဲ႔ ၂၀၁၉ ခ်န္ပီယံ လီဗာပူး တို႔က အစဥ္လိုက္ ရပ္တည္ေနၿပီး လက္ရွိ ခ်န္ပီယံ ခ်ဲလ္ဆီး ကေတာ့ စတုတၳေျမာက္ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္း အျဖစ္ ရွိေနပါတယ္။ အဲဒီေနာက္မွာေတာ့ ပီအက္ဂ်ီ အိုင္ယက္ ရီးရဲလ္မက္ဒရစ္ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ တို႔က အစဥ္လိုက္ ရွိေနပါတယ္။