စာချုပ် ချက်ချင်း ဖျက်သိမ်းပြီးတောင် အူဘာမီယန်းကို လက်လွှတ်လိုက်တဲ့ အာဆင်နယ်

တိုက်စစ်မှုး အူဘာမီယန်း ကတော့ အာဆင်နယ် အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အူဘာမီယန်းနဲ့ ဘာစီလိုနာ တို့ဟာ နောက်ကျမှ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းအတွက် (၉၂)ဂိုးသွင်းယူထားတဲ့ အူဘာမီယန်း ဟာ စည်းကမ်းပိုင်းဆိုင်ရာတွေကြောင့် လန်ဒန်ကလပ်မှာ ဒီဇင်ဘာလထဲက ပွဲကစားခွင့်မရရှိတော့တာဖြစ်ပါတယ်။

အူဘာမီယန်း ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ ရောက်ရှိလာခဲ့ရာမှာ အစောပိုင်းက အပြောင်းအရွှေ့ပျက်ပြယ်ဖို့ အထိဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ် အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းပေးခဲ့ပြီး အပြောင်းအရွှေ့ဖြစ်စေခဲ့တာပါ။

အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို အသင်းမှာ ဆက်မထားချင်တော့တဲ့ အတွက် စာချုပ်ဖျက်သိမ်းကြေးပေးခဲ့တာကြောင့် သူ့ကို ပေးချေနေရတဲ့ ကြီးမားတဲ့လစာငွေကို ပေးချေစရာမလိုတော့တာလည်းဖြစ်ပါတယ်။

အူဘာမီယန်း ဟာ ဒီမနက်ပိုင်းမှာပဲ ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့လတ်မှတ်ထိုးခဲ့တာဖြစ်ပြီး စပိန်ကလပ်အနေနဲ့ မကြာခင်မှာ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိနေတာဖြစ်ပါတယ်။

အူဘာမီယန်း ဟာ အဲဗာတန် ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အသင်း လူစာရင်းမှာ ပါဝင်ရခြင်းမရှိတော့တာပါ။နည်းပြ အာတီတာ ကလည်း သူ့ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်မပြုတော့ပဲ တဦးတည်းသာ လေ့ကျင့်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းကတော့ အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထရာအိုရေး၊ ဖာရန်တောရက်စ်နဲ့ အူဘာမီယန်း တို့ကို ခေါ်ယူထားပြီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ZG

တိုက္စစ္မႈး အူဘာမီယန္း ကေတာ့ အာဆင္နယ္ အသင္းနဲ႕ စာခ်ဳပ္ ဖ်က္သိမ္းျပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စပိန္ထိပ္သီးကလပ္ ဘာစီလိုနာ အသင္းထံ ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။ အူဘာမီယန္းနဲ႔ ဘာစီလိုနာ တို႔ဟာ ေနာက္က်မွ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းအတြက္ (၉၂)ဂိုးသြင္းယူထားတဲ့ အူဘာမီယန္း ဟာ စည္းကမ္းပိုင္းဆိုင္ရာေတြေၾကာင့္ လန္ဒန္ကလပ္မွာ ဒီဇင္ဘာလထဲက ပြဲကစားခြင့္မရရွိေတာ့တာျဖစ္ပါတယ္။

အူဘာမီယန္း ဟာ ဘာစီလိုနာ ကို ေျပာင္းေ႐ႊ႕ဖို႔ ေရာက္ရွိလာခဲ့ရာမွာ အေစာပိုင္းက အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ဖို႔ အထိျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ အာဆင္နယ္ အသင္းက သူ႔ကို စာခ်ဳပ္ဖ်က္သိမ္းေပးခဲ့ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေစခဲ့တာပါ။

အာဆင္နယ္ အသင္းဟာ အူဘာမီယန္းကို အသင္းမွာ ဆက္မထားခ်င္ေတာ့တဲ့ အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးခဲ့တာေၾကာင့္ သူ႔ကို ေပးေခ်ေနရတဲ့ ႀကီးမားတဲ့လစာေငြကို ေပးေခ်စရာမလိုေတာ့တာလည္းျဖစ္ပါတယ္။

အူဘာမီယန္း ဟာ ဒီမနက္ပိုင္းမွာပဲ ဘာစီလိုနာ အသင္းနဲ႔ အေျပာင္းအေ႐ႊ႕လတ္မွတ္ထိုးခဲ့တာျဖစ္ၿပီး စပိန္ကလပ္အေနနဲ႔ မၾကာခင္မွာ တရားဝင္ သတင္းထုတ္ျပန္ဖို႔ ရွိေနတာျဖစ္ပါတယ္။

အူဘာမီယန္း ဟာ အဲဗာတန္ ကို အေရးနိမ့္ခဲ့တဲ့ ပြဲမွာ အာဆင္နယ္ အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားခဲ့တာျဖစ္ၿပီး အဲ့ဒီေနာက္ပိုင္း အသင္း လူစာရင္းမွာ ပါဝင္ရျခင္းမရွိေတာ့တာပါ။နည္းျပ အာတီတာ ကလည္း သူ႔ကို အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခြင့္မျပဳေတာ့ပဲ တဦးတည္းသာ ေလ့က်င့္ခိုင္းခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းကေတာ့ အခု ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ထရာအိုေရး၊ ဖာရန္ေတာရက္စ္နဲ႔ အူဘာမီယန္း တို႔ကို ေခၚယူထားၿပီး အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။