ပရီးမီးယားလိဂ် ပွဲစဉ် ၉ အတွက် ဘီဘီစီ ဘိုးတော် လော်ရိုးရဲ့ ကြိုဟောများ

ဒီကနေ့ည အာဆင်နယ် vs အက်စ်တွန်ဗီလာနဲ့ စတင်မယ့် ပရီးမီးယားလိဂ် သီတင်းပတ် ၉ မှာတော့ အင်္ဂလန် ဒါဘီဖြစ်တဲ့ ယူနိုက်တက် vs လီဗာပူး ပွဲစဉ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ် vs ဗီလာ

နှစ်သင်းလုံးက ဒီရာသီမှာ အလယ်လတ်တန်းစား အသင်းတွေဖြစ်တယ်။ လက်ရှိ အချိန်ထိ အကောင်းမြင်လို့ရတဲ့ ရလာဒ်တွေ ရယူထားနိုင်ပေမယ့် ပုံစံကောင်းတွေရဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

ဗီလာဟာ နောက်ဆုံးကစားခဲ့တဲ့ ဝုဗ်ပွဲမှာ နာကျင်ခဲ့ရသလို အာဆင်နယ်ကလဲ ပဲလေစ့်ပွဲမှာ နောက်ဆုံး မိနစ်မှာမှ သရေရလဒ်ကို ရယူနိုင်ခဲ့တာပါ။ လိဂ်မှာ သုံးပွဲဆက်တိုက် အနိုင်ယူပြပြီး နောက်ပိုင်း သရေပွဲတွေ ပြန်ဆက်လာတာက လက်ရှိ သူတို့ရဲ့ အနေအထားကို ပြသနေတာပါ။

ဂန်းနား ပရိသတ်တွေက သူတို့ အသင်း ဆိုးရွားတဲ့ ဘောလုံးရာသီအစကို ကျော်ဖြတ်နိုင်ပြီလို့ ထင်ခဲ့မှာပါ။ ဒီပွဲမှာတော့ အိမ်ကွင်းကစားရမယ့် သူတို့ကိုပဲ အနိုင်ပေးထားချင်ပါတယ်။

ခန့်မှန်းချက် – အာဆင်နယ် 2-1 အက်စ်တွန် ဗီလာ

ချဲဆီး vs နော့ဝှစ်ချ်

ဇယားထိပ်နဲ့ အောက်ခြေက အသင်းတို့ ထိပ်တိုက်တွေ့တာပါ။ ချယ်ဆီးမှာ လူကာကူနဲ့ ဗာနာတို့ ဒဏ်ရာမရရင်တောင် သူတို့ထဲက တစ်ဦးလောက်ပဲ ပါမယ့်ပွဲဖြစ်ပါတယ်။ လူကာကူနဲ့ ဗာနာမပါဘဲ လူစာရင်းတစ်ခုကို ချယ်ဆီးတို့ ရွေးချယ်ရမယ့်ပွဲက ဒီပွဲပဲဖြစ်ပါတယ်။ သူတို့ နည်းလမ်းရှာတွေ့မယ်လို့ ထင်ပါတယ်။

နော့ဝစ်ချ်က ဂိုးတွေ သွင်းယူနိုင်ခြင်း မရှိပပါဘူး။ အစောပိုင်း ၈ ပွဲမှာ သွင်းဂိုး ၂ ဂိုးပဲ ရထားပါတယ်။ လိဂ်ရဲ့ ပေးဂိုးအများဆုံး ခံစစ်စာရင်းထဲလည်း ပါနေပါတယ်။

ခန့်မှန်းချက် – ချဲဆီး 2-0 နော့ဝှစ်ချ်

ဘရိုတ်တန် vs မန်စီးတီး

ဘရိုတ်တန် ဟာ ဒီရာသီမှာ တော်တော်လေးကို ခြေစွာနေပါတယ်။ သို့သော်လဲ ဒီပွဲဟာ သူတို့အတွက် ထိပ်တန်း အသင်းကြီး တသင်းနဲ့ ပထမဆုံး တွေ့ရမယ့် ပွဲဖြစ်နေလို့ တော်တော်လေးကို ခက်ခဲမှာပါ။

မန်စီးတီး ခြေစွမ်းက အရမ်းမှန်နေပါတယ်။ ချန်ပီယံလိဂ်မှာ ကလပ် ဘရုလို အသင်းမျိုးကိုတောင် 1-5 နဲ့ ကစားပြထားသလို ၊ ခံစစ် ကစားပုံကလဲ လုံခြုံမှု ရှိတယ်လေ။ ဘရိုတ်တန် အတွက် မျှော်လင့်ချက် မရှိနိုင်ပါဘူး။

ခန့်မှန်းချက် – ဘရိုတ်တန် 0-2 မန်စီးတီး

ဝက်ဟမ်း – စပါး

ပြီးခဲ့တဲ့အပတ်က ပွဲမှာ ဝက်ဟမ်းက အဲဗာတန်ကို အနိုင်ရခဲ့ပါတယ်။ တော်တင်ဟမ်ကလည်း နယူးကာဆယ်ကို ရင်ဆိုင်ပြီး ဆက်လက် နှိုးကြားခဲ့တယ်။ သူတို့အတွက် ခက်ခဲတဲ့ စတင်မှုဖြစ်ပေမယ့် ဟယ်ရီကိန်းက ပရီးမီးယားလိဂ်သွင်းဂိုး စရခဲ့ပါတယ်။ ဒီပွဲက ပြောရခက်ပေမယ့်လို့ သိပ်ပြီး ကွာလှမယ် မထင်ပါဘူူူူူူူူူူူူူူူူူူး။

ခန့်မှန်းချက် – ဝက်စ်ဟမ်း 1-1 စပါး

ယူနိုက်တက် – လီဗာပူး

ချန်ပီယံလိဂ် ပွဲစဉ်မှာ ပထမပိုင်း 2-0 နဲ့ ရှုံးနိမ့်ပြီးမှ 2-3 နဲ့ နိုင်ပွဲ ရအောင် စွမ်းဆောင်ပြခဲ့တဲ့ ယူနိုက်တက် ရဲ့ ပုံစံက ဆိုရှား လက်အောက်မှ ဖြစ်နေကြ အစဉ်အလာ တခုလိုပါပဲ။ သူတို့ဟာ ခြေစွမ်းယိုင်မိပြီ ဆိုရင် အိမ်ကွင်းမှာတောင် ရှုံးချင် ရှုံးသလို ၊ ခြေစွမ်းကောင်းမိချင်ရင်လဲ နိုင်ပွဲတွေ ပြန်လည် ရယူတတ်ပါတယ်။

တကယ်လို့ အဲဒီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် လီဗာပူး အတွက် အခွင့်အလမ်း သာကောင်း သာသွားနိုင်ပေမယ့် ၊ အခုတော့ နှစ်သင်း စလုံးက အရေးပါတဲ့ နိုင်ပွဲတွေကို ဆုပ်ကိုင်နိုင်ခဲ့ကြတာပါ။

ဒီပွဲမှာ ရလာဒ်ကောင်း တခု ပိုင်ဆိုင်ဖို့ အတွက် ယူနိုက်တက်မှာ ဖိအား ပိုများမယ် ထင်ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အမှတ်တွေ ဆုံးရှုံးထားခဲ့တာလေ။ တကယ်လို့ သရေ ရလာဒ် ထွက်ပေါ်လာမယ် ဆိုရင်လဲ နှစ်သင်း စလုံးအတွက် ကျေနပ်စရာ ကောင်းမယ်လို့ ကျနော်က မြင်မိပါတယ်။

လီဗာပူး ကတော့ သူတို့ ရဲ့ လက်ရှိ ကစားပုံကို ပြောင်းမှာ မဟုတ်ပါဘူး။ ဘောလုံးကိုင်မယ် တိုက်စစ်ဆင် ကစားပါလိမ့်မယ်။ တချိန်တည်းမှာ ယူနိုက်တက် အနေနဲ့လဲ တိုက်စစ်ကို အတင်းဖွင့်ထားလို့ မဖြစ်ပါဘူး ၊ ဖွင့်တာ နဲ့ သူတို့အတွက် အခြေအနေက ပိုဆိုးမှာပါ။

ခန့်မှန်းချက် – ယူနိုက်တက် 1-1 လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ

ပဲလေ့ 2-1 နယူးကာဆယ်
အဲဗာတန် 2-0 ဝက်ဖို့ဒ်
လိဒ် 1-1 ဝုဖ်
ဆောက်သမ်တန် 2-1 ဘန်လေ
ဘရန်းဖို့ဒ် 0-2 လက်စတာ