ဇန်နဝါရီ အပြောင်းအရွှေ့မှာ ၈ ယောက် ထွက်သွားပေမယ့် တစ်ယောက်မှ ပြန်မဝင်ခဲ့တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက် ထံ နည်းပြ ရက်ဖ်ရန်းနစ် ရောက်ရှိလာပြီး မကြာခင်မှာပဲ မန်ယူက ရက်ဘူးလိုက်ပ်ဇ်စ် ကွင်းလယ်လူ ဟိုင်ဒါရာ ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာပါ။ ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်သွားသည်ထိ မန်ယူက လူသစ်ခေါ်ယူမှုမလုပ်ပဲ ရှိတဲ့ ကစားသမားတွေကိုသာ ကိုင်တွယ်ဖြေရှင်းဖို့ ရွေးချယ်ခဲ့ပါတယ်။

ဟိုင်ဒါရာ၊ ဒက်ကလန်ရိုက်စ်တို့ရဲ့ ချိတ်ဆက်မှုနဲ့အတူ ကွင်းလယ်ကစားသမားသစ်တစ်ယောက်တော့ ရောက်လာမယ်လို့ ထင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီတစ်ခုလုံး ကစားသမားတွေ ရောင်းထုတ်ရင်းနဲ့သာ အချိန်ကုန်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ မန်ယူကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေကတော့ မန်ဂီ (ဘာမင်ဂန် – အငှား)၊ တွမ်ဇီဘီ (နာပိုလီ – အငှား)၊ အီသန် လေ့ဒ် (ဘုန်းမောက် – အငှား)၊ ရိစ်ဒီဗိုင်း (ဝယ်ဆဲလ် – အငှား)၊ မာရှယ် (ဆီဗီလာ – အငှား)၊ အာမက် (ရိန်းဂျားစ် – အငှား)၊ ဗန်ဒီဘိခ် (အဲဗာတန် – အငှား)နဲ့ ကိုဗာ (ဘာတန် – အငှား) တို့ ဖြစ်ပါတယ်။

မာရှယ်ဟာ မန်ယူကနေ ထွက်ခွာပြီး ရာသီကုန်အထိ ဆီဗီးလားထံ အငှားပြောင်းရွှေ့ခဲ့တာနဲ့အတူ သူ့ဆန္ဒတွေ ပြည့်ဝသွားခဲ့ပါတယ်။ မာရှယ်ကို နောက်ထပ် အခွင့်အရေးပေးဖို့က မန်ယူ နည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့အပေါ် မူတည်နေသလို နွေရာသီမှာ သူ့ကို အပြီးသတ် ရောင်းချမလား၊ ပြန်ခေါ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

တွမ်ဇီဘီကတော့ အက်စ်တွန်ဗီလာနဲ့ အငှားအပြောင်းအရွှေ့ကို စောစောဖျက်သိမ်းခဲ့ပြီး နာပိုလီထံ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့ခဲ့သလို အီတလီ ကလပ် အတွက် ပွဲဦးထွက် ကစားခွင့်တောင် ရခဲ့ပြီးဖြစ်ပြီး သူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့်တော့ မပါဝင်ပါဘူး။

အာမက် ဒီရယ်လိုက ရိန်းဂျားစ်ထံ အငှားနဲ့ ရောက်ရှိခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ရေရှည်အစီအစဉ်မှာ ပါဝင်သူဖြစ်သလို ဆဲတစ်နဲ့အတူ စကော့တစ် ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ ရိန်းဂျားအသင်းမှာ အတွေ့အကြုံ ကောင်းကောင်းရလာမှာပါ။

မန်ချက်စတာကနေ ခွာဖို့ အခါခါ ကြိုးစားနေခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်ဟာလဲ ဇန်ဝါရီ ဈေးကွက်မှာတော့ အဲဗာတန်ထံ အငှားပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ သူဟာ ကနဦးမှာ ခရစ္စတယ်ပဲလေ့စ်ထံ ရောက်ရှိဖို့ ချိတ်ဆက်နေခဲ့ပေမယ့် အဲဗာတန်ရဲ့ လစာအပြည့်ပေးချေဖို့ ကမ်းလှမ်းမှုကို မန်ယူနိုက်တက်က လက်ခံခဲ့တာကြောင့် ၎င်းဟာ ရာသီကုန်အထိ ဂွတ်ဒီဆင်ပက်ခ်မှာ ဆက်ရှိနေတော့မှာပါ။

ဗန်ဒီဘိခ်ဟာ သရဲနီတွေရဲ့ အနာဂတ် အစီအစဉ်တွေထဲက တစိတ်တပိုင်း ဖြစ်လာမယ်လို့ မန်ချက်စတာ ယူနိုက်တက်က မျှော်လင့်ထားဆဲ ဖြစ်တာကြောင့် အဲဗာတန် နဲ့ အငှား စာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့်တော့ ထည့်သွင်း မပေးခဲ့ပါဘူး။

ZG

မန္ခ်က္စတာ ယူနိုက္တက္ ထံ နည္းျပ ရက္ဖ္ရန္းနစ္ ေရာက္ရွိလာၿပီး မၾကာခင္မွာပဲ မန္ယူက ရက္ဘူးလိုက္ပ္ဇ္စ္ ကြင္းလယ္လူ ဟိုင္ဒါရာ ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တာပါ။ ဒါေပမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ပိတ္သြားသည္ထိ မန္ယူက လူသစ္ေခၚယူမႈမလုပ္ပဲ ရွိတဲ့ ကစားသမားေတြကိုသာ ကိုင္တြယ္ေျဖရွင္းဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဟိုင္ဒါရာ၊ ဒက္ကလန္႐ိုက္စ္တို႔ရဲ႕ ခ်ိတ္ဆက္မႈနဲ႔အတူ ကြင္းလယ္ကစားသမားသစ္တစ္ေယာက္ေတာ့ ေရာက္လာမယ္လို႔ ထင္ခဲ့ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဇန္နဝါရီတစ္ခုလုံး ကစားသမားေတြ ေရာင္းထုတ္ရင္းနဲ႔သာ အခ်ိန္ကုန္ခဲ့တာ ျဖစ္ပါတယ္။

ဇန္နဝါရီမွာ မန္ယူကေန ထြက္ခြာသြားတဲ့ ကစားသမားေတြကေတာ့ မန္ဂီ (ဘာမင္ဂန္ – အငွား)၊ တြမ္ဇီဘီ (နာပိုလီ – အငွား)၊ အီသန္ ေလ့ဒ္ (ဘုန္းေမာက္ – အငွား)၊ ရိစ္ဒီဗိုင္း (ဝယ္ဆဲလ္ – အငွား)၊ မာရွယ္ (ဆီဗီလာ – အငွား)၊ အာမက္ (ရိန္းဂ်ားစ္ – အငွား)၊ ဗန္ဒီဘိခ္ (အဲဗာတန္ – အငွား)နဲ႕ ကိုဗာ (ဘာတန္ – အငွား) တို႔ ျဖစ္ပါတယ္။

မာရွယ္ဟာ မန္ယူကေန ထြက္ခြာၿပီး ရာသီကုန္အထိ ဆီဗီးလားထံ အငွားေျပာင္းေ႐ႊ႕ခဲ့တာနဲ႔အတူ သူ႔ဆႏၵေတြ ျပည့္ဝသြားခဲ့ပါတယ္။ မာရွယ္ကို ေနာက္ထပ္ အခြင့္အေရးေပးဖို႔က မန္ယူ နည္းျပသစ္ ဘယ္သူျဖစ္လာမလဲဆိုတဲ့အေပၚ မူတည္ေနသလို ေႏြရာသီမွာ သူ႔ကို အၿပီးသတ္ ေရာင္းခ်မလား၊ ျပန္ေခၚမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

တြမ္ဇီဘီကေတာ့ အက္စ္တြန္ဗီလာနဲ႔ အငွားအေျပာင္းအေ႐ႊ႕ကို ေစာေစာဖ်က္သိမ္းခဲ့ၿပီး နာပိုလီထံ ရာသီကုန္အထိ အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့သလို အီတလီ ကလပ္ အတြက္ ပြဲဦးထြက္ ကစားခြင့္ေတာင္ ရခဲ့ၿပီးျဖစ္ၿပီး သူ႔ရဲ႕ အငွားစာခ်ဳပ္မွာ အၿပီးသတ္ ဝယ္ယူခြင့္ေတာ့ မပါဝင္ပါဘူး။

အာမက္ ဒီရယ္လိုက ရိန္းဂ်ားစ္ထံ အငွားနဲ႔ ေရာက္ရွိခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ ေရရွည္အစီအစဥ္မွာ ပါဝင္သူျဖစ္သလို ဆဲတစ္နဲ႔အတူ စေကာ့တစ္ ဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ ရိန္းဂ်ားအသင္းမွာ အေတြ႕အႀကဳံ ေကာင္းေကာင္းရလာမွာပါ။

မန္ခ်က္စတာကေန ခြာဖို႔ အခါခါ ၾကိဳးစားေနခဲ့တဲ့ ဒြန္နီဗန္ဒီဘိခ္ဟာလဲ ဇန္ဝါရီ ေစ်းကြက္မွာေတာ့ အဲဗာတန္ထံ အငွားေျပာင္းေ႐ႊ႕ခြင့္ရခဲ့ပါတယ္။ သူဟာ ကနဦးမွာ ခရစၥတယ္ပဲေလ့စ္ထံ ေရာက္ရွိဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ အဲဗာတန္ရဲ႕ လစာအျပည့္ေပးေခ်ဖို႔ ကမ္းလွမ္းမႈကို မန္ယူႏိုက္တက္က လက္ခံခဲ့တာေၾကာင့္ ၎ဟာ ရာသီကုန္အထိ ဂြတ္ဒီဆင္ပက္ခ္မွာ ဆက္ရွိေနေတာ့မွာပါ။

ဗန္ဒီဘိခ္ဟာ သရဲနီေတြရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲက တစိတ္တပိုင္း ျဖစ္လာမယ္လို႔ မန္ခ်က္စတာ ယူႏိုက္တက္က ေမွ်ာ္လင့္ထားဆဲ ျဖစ္တာေၾကာင့္ အဲဗာတန္ နဲ႔ အငွား စာခ်ဳပ္မွာ အၿပီးသတ္ ဝယ္ယူခြင့္ေတာ့ ထည့္သြင္း မေပးခဲ့ပါဘူး။