အာဆင်နယ်ကနေ ရုတ်တရက်ကြီး ထွက်ခွာခဲ့ရတဲ့ အပေါ် ဝမ်းနည်း နှုတ်ဆက်စကား ဆိုတဲ့ အူဘာမီးယန်း
တိုက်စစ်မှုး အူဘာမီယန်းက အာဆင်နယ်ကနေ ရုတ်တရက် ထွက်ခွာခဲ့ရလို့ နာကျင်ပြီး ဝမ်းနည်းရကြောင်း ဘာစီလိုနာ သို့ ပြောင်းခဲ့ပြီးနောက် ပရိသတ်တွေထံ နှုတ်ဆက်စာထဲမှာ ထည့်သွင်းရေးသားထားခဲ့ပါတယ်။
စည်းကမ်းပိုင်းချိုးဖောက်မှုကြောင့် ဒီဇင်ဘာလကတည်းက အာဆင်နယ် အသင်းကနေ ဖယ်ထုတ်ခံထားရတဲ့ အူဘာမီယန်း ဟာ ကတ်တလန်မြို့ကို သွားခဲ့ပြီးနောက် ဘာစီလိုနာမှာ လစာလျော့ယူဖို့ သဘောတူခဲ့ပါတယ်။
ထိုအပြောင်အရွှေ့ကြောင့် အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ရပြီး ဂါဘွန်သားက ဘာစီလိုနာထံကို ပြောင်းခဲ့ပြီးနောက် ခံစားချက်အပြည့်နဲ့ အာဆင်နယ်ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

အူဘာမီယန်းက သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ “အာဆင်နယ် ပရိသတ်တွေကို ပြောချင်ပါတယ်။ လန်ဒန်မှာ ကိုယ့်အိမ်လို ပြုမူ နေထိုင်ပြီး ၄နှစ်ကြာ မိသားစုနဲ့အတူ နေထိုင်နိုင်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်တော်တို့ အတူတကွ အတက်အကျတွေကို ဖြတ်သန်းခဲ့ကြပြီး ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော့်အတွက် အရာရာဖြစ်စေခဲ့ပါတယ်။ အသင်းခေါင်းဆောင်အနေနဲ့ ဆုဖလားတွေနဲ့ ဂုဏ်ယူစရာတွေ ရနိုင်ခဲ့တဲ့အတွက် ကျွန်တော် အသင်းကို နှလုံးထားထဲမှာ အမြဲ ထားရှိမှာပါ”
“ကျွန်တော် ဒီအသင်းအတွက် ၁၀၀% အာရုံစိုက်ပြီး အားထုတ်ခဲ့တာကြောင့် နှုတ်မဆက်ပဲ ထွက်ခွာခဲ့ရတာ နာကျ င်ရပေမဲ့ ဘောလုံးက ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့အပတ်တွေအတွင်း အသင်းဖော်တွေကို မကူညီနိုင် ခဲ့တဲ့အတွက် ဝမ်နည်းရပေမဲ့ ဒီအသင်းအတွက် အမြဲ လေးစားပြီး အနာဂတ်မှာ အကောင်းဆုံးတွေနဲ့ အောင်မြင်မှုရဖို့ ဆုတောင်းပေးပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။
အူဘာမီယန်းဟာ အဆင်နယ်ကို အက်ဖ်အေဖလားရအောင် ကူညီပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၈လကမှ ပရီးမီးယားလိဂ်မှာ လစာအများဆုံး ကစားသမား၁ဦး အဖြစ် စာချုပ်သက်တမ်းတိုးထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အသင်းထရိန်နင်သို့ ပျက်ကွက်တဲ့ ကိစ္စ ပေါ်လာပြီး ကြိုတင် သဘောတူထားတဲ့ သလို ခရီးသွားရာမှာ ပြန်လာဖို့က နောက်ကျ ခဲ့တဲ့အတွက် အသင်းနဲ့ ဆက်ဆံရေးက ဆိုးရွားသွားခဲ့ပါတယ်။ ထိုသို့ စည်းကမ်း ချိုးဖောက်မှုကြောင့် အာဆင်နယ်က အူဘာမီယန်းကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားကာ အသင်းကနေ ဖယ်ထုတ်ထားခဲ့ပါတယ်။
အူဘာမီးယန်းဟာ ဘာစီလိုနာနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပေမဲ့ အသင်းသစ်ကတော့ ဂါဘွန်သား ရောက်လာခြင်း ကို ယခုအချိန်ထိ ကြေညာခြင်း မရှိသေးပါဘူး။

ZG
တိုက္စစ္မႈး အူဘာမီယန္းက အာဆင္နယ္ကေန ရုတ္တရက္ ထြက္ခြာခဲ့ရလို႔ နာက်င္ၿပီး ဝမ္းနည္းရေၾကာင္း ဘာစီလိုနာ သို႔ ေျပာင္းခဲ့ၿပီးေနာက္ ပရိသတ္ေတြထံ ႏႈတ္ဆက္စာထဲမွာ ထည့္သြင္းေရးသားထားခဲ့ပါတယ္။
စည္းကမ္းပိုင္းခ်ိဳးေဖာက္မႈေၾကာင့္ ဒီဇင္ဘာလကတည္းက အာဆင္နယ္ အသင္းကေန ဖယ္ထုတ္ခံထားရတဲ့ အူဘာမီယန္း ဟာ ကတ္တလန္ၿမိဳ႕ကို သြားခဲ့ၿပီးေနာက္ ဘာစီလိုနာမွာ လစာေလ်ာ့ယူဖို႔ သေဘာတူခဲ့ပါတယ္။
ထိုအေျပာင္အေ႐ႊ႕ေၾကာင့္ အာဆင္နယ္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ရၿပီး ဂါဘြန္သားက ဘာစီလိုနာထံကို ေျပာင္းခဲ့ၿပီးေနာက္ ခံစားခ်က္အျပည့္နဲ႔ အာဆင္နယ္ပရိသတ္ေတြကို ႏႈတ္ဆက္သြားခဲ့ပါတယ္။
အူဘာမီယန္းက သူ႔ရဲ႕ ဆိုရွယ္မီဒီယာ အေကာင့္မွာ “အာဆင္နယ္ ပရိသတ္ေတြကို ေျပာခ်င္ပါတယ္။ လန္ဒန္မွာ ကိုယ့္အိမ္လို ျပဳမူ ေနထိုင္ၿပီး ၄ႏွစ္ၾကာ မိသားစုနဲ႔အတူ ေနထိုင္ႏိုင္ေစခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္”
“ကြၽန္ေတာ္တို႔ အတူတကြ အတက္အက်ေတြကို ျဖတ္သန္းခဲ့ၾကၿပီး ခင္ဗ်ားတို႔ရဲ႕ အားေပးမႈက ကြၽန္ေတာ့္အတြက္ အရာရာျဖစ္ေစခဲ့ပါတယ္။ အသင္းေခါင္းေဆာင္အေနနဲ႔ ဆုဖလားေတြနဲ႔ ဂုဏ္ယူစရာေတြ ရႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ အသင္းကို ႏွလုံးထားထဲမွာ အၿမဲ ထားရွိမွာပါ”
“ကြၽန္ေတာ္ ဒီအသင္းအတြက္ ၁၀၀% အာ႐ုံစိုက္ၿပီး အားထုတ္ခဲ့တာေၾကာင့္ ႏႈတ္မဆက္ပဲ ထြက္ခြာခဲ့ရတာ နာက် င္ရေပမဲ့ ေဘာလုံးက ဒီလိုပဲ ျဖစ္တတ္ပါတယ္။ ကြၽန္ေတာ္ ၿပီးခဲ့တဲ့အပတ္ေတြအတြင္း အသင္းေဖာ္ေတြကို မကူညီႏိုင္ ခဲ့တဲ့အတြက္ ဝမ္နည္းရေပမဲ့ ဒီအသင္းအတြက္ အၿမဲ ေလးစားၿပီး အနာဂတ္မွာ အေကာင္းဆုံးေတြနဲ႔ ေအာင္ျမင္မႈရဖို႔ ဆုေတာင္းေပးပါတယ္”လို႔ ေရးသားထားခဲ့ပါတယ္။
အူဘာမီယန္းဟာ အဆင္နယ္ကို အက္ဖ္ေအဖလားရေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ၁၈လကမွ ပရီးမီးယားလိဂ္မွာ လစာအမ်ားဆုံး ကစားသမား၁ဦး အျဖစ္ စာခ်ဳပ္သက္တမ္းတိုးထားခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ အသင္းထရိန္နင္သို႔ ပ်က္ကြက္တဲ့ ကိစၥ ေပၚလာျပီး ႀကိဳတင္ သေဘာတူထားတဲ့ သလို ခရီးသြားရာမွာ ျပန္လာဖို႔က ေနာက္က် ခဲ့တဲ့အတြက္ အသင္းနဲ႔ ဆက္ဆံေရးက ဆိုး႐ြားသြားခဲ့ပါတယ္။ ထိုသို႔ စည္းကမ္း ခ်ိဳးေဖာက္မႈေၾကာင့္ အာဆင္နယ္က အူဘာမီယန္းကို အသင္းေခါင္းေဆာင္အျဖစ္ကေန ဖယ္ရွားကာ အသင္းကေန ဖယ္ထုတ္ထားခဲ့ပါတယ္။
အူဘာမီးယန္းဟာ ဘာစီလိုနာနဲ႔ ေလ့က်င့္မႈေတြ ျပဳလုပ္ေနၿပီ ျဖစ္ေပမဲ့ အသင္းသစ္ကေတာ့ ဂါဘြန္သား ေရာက္လာျခင္း ကို ယခုအခ်ိန္ထိ ေၾကညာျခင္း မရွိေသးပါဘူး။