ဘာစီ တကယ်ရောက်သွားတဲ့ အူဘာ၊ ငြင်းရလွယ်ပါတယ် ဆိုတဲ့ ဗလာဟိုဗစ်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ
စပါး ကစားသမားဟောင်း ဒါရင်းဘန့်ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ခြင်း မရှိခဲ့ဘဲ အာဆင်နယ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အာဆင်နယ်ဟာ နောက်ပြန်သွားနေပြီဖြစ်ကြောင်း၊ အာဆင်နယ်အတွက် အလွန် ဆိုးရွားလှတဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဖြစ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် တိုက်စစ်မူှးအူဘာမီယန်က လန်ဒန်ကို အိမ်လိုခံစားရအောင် အားပေး ေ၏ပးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း၊ သူတို့ဟာ အတက်၊ အကျများစွာကြုံတွေ့ခဲ့ရပြီး အာဆင်နယ် မှာ အသင်းခေါင်းဆောင်အဖြစ် ဂုဏ်ယူဖွယ် တာဝန်ထမ်းဆောင်ခဲ့တာကို နှလုံးသားထဲ အမြဲ သိမ်းဆည်းသွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အူဘာမီးယန်း ဟာ ဒီနေ့မှာပဲ ဘာစီလိုနာ အသင်းထံ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ကတ်တလန် ကလပ်က တရားဝင် ကြေငြာသွားခဲ့ပါတယ်။
ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က အာဆင်နယ် ကွင်းလယ်လူဟောင်း ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်တွေ ခေါ်ဖို့ မကြိုးပမ်းခဲ့တဲ့အပေါ် အံ့အားသင့်မိကြောင်း၊ ရမ်ဆေးဟာ ကွင်းလယ်ကနေ ဂိုးသွင်းနိုင်ပြီး ကစားသမားကောင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်အဖြစ် နာမည်ကျော်တဲ့ အစီအစဉ်တင်ဆက်သူ ပီရက်မော်ဂန်ကတော့ အူဘာမီးယန်းရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နည်းပြ အာတီတာကို ဝေဖန်ခဲ့ပါတယ်။
“အာဆင်နယ်အတွက် ၁၆၃ ပွဲမှာ ၉၂ဂိုးသွင်းခဲ့တဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ကို နှုတ်ဆက်လိုက်ရပါတယ်။ ငါတို့ရဲ့ မန်နေဂျာက မင်းကို လူသိရှင်ကြား အရှက်ရတာမျိုး မလုပ်ခင်အထိ အသင်းရဲ့ အကောင်းဆုံးတွေထဲက တိုက်စစ်မှူးတစ်ဦးဖြစ်ခဲံတာပါ”လို့မော်ဂန်က ဆိုခဲ့တာပါ။
ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဗလာဟိုဗစ်က သူ့အနေနဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ လွယ်ကူ ခဲ့တဲ့အကြောင်းကို “ကျွန်တော့်နဲ့ တခြား ပြည်ပကလပ် အသင်းတွေနဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်ရဲ့ ထည်ဝါလွန်းမှုကြောင့် အဲဒီကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖို့ လွယ်ကူခဲ့တယ်”လို့ ဆိုခဲ့တာပါ။

အာဆင်နယ်ဟာ သူတို့ရဲ့ကြယ်ပွင့်တိုက်စစ်မူှး အန်ကီတက်ချ်အတွက် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အန်ကီတက်ချ်ရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်က သူ့ကို စာချုပ်သစ်တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဗီလာကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ်ကို ချိတ်ဆက် ခဲ့သေးပေမဲ့ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ ဗီလာနည်းပြ ဂျရတ်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ သူ့ရဲ့အဓိက ကွင်းလယ်လူကို လက်လွှတ်လိုခြင်း မရှိတော့တာ ဖြစ်ပါတယ်။