သူ အသည်းသန် ရောင်းထုတ်ချင်ခဲ့တဲ့ ဒမ်ဘီလီက အမ်ဘာပေထက် ပိုကောင်းတယ် လို့ ထပ်ပြောလာတဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို အသင်းကနေ ရောင်းထုတ်ချင်နေတာ မှန်ပေမယ့် ဥက္ကဌ လာပေါ်တာကတော့ ဒမ်ဘီလီဟာ ပီအက်စ်ဂျီကြယ်ပွင့် ကီလီယမ် အမ်ဘာပေထက် ပိုကောင်းတယ်ဆိုတဲ့ စကားမျိုးကို ထပ်ပြောလာခဲ့ပါတယ်။

လာပေါ်တာဟာ အနာဂတ် ဘလွန်းဒီအောဆုရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ အမ်ဘာပေ ထက် သူတို့ ကစားသမား ဒမ်ဘီလီ ကို ပိုကောင်းတယ်လို့ မြင်ကြောင်း အရင်ကတည်းက ပြောခဲ့ဖူးတာပါ။

ဒါပေမယ့် ဘာကာအကြီးအကဲနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ နောက်ဆုံး ၁၀ ရက် အတွင်း မှာ ဒမ်ဘီလီကို နျူးကမ့်ကနေ ပထုတ်ပစ်ဖို့ ကြိုးစားရင်း အချိန်ကုန်နေခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီကို မရောင်းရပဲ အပြောင်းအရွှေ့ကာလ ပိတ်သွားတဲ့နောက် လာပေါ်တာက “ဒမ်ဘီလီဟာ အမ်ဘာပေထက် ပိုကောင်းတယ်လို့ ကျွန်တော် ထင်မြင်နေတုန်းပါ။ အဲ့လို ပြောခဲ့တဲ့အတွက်လဲ ကျွန်တော် နောင်တမရပါဘူး။ ဘာလို့လဲ ဆိုတော့ ဒမ်ဘီလီရဲ့ အရည်အချင်းကို ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ ထပ်မံ ပြောဆိုခဲ့ပြန်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀လ လောက်တုန်းက ဒုတိယအကြိမ် ဘာကာဥက္ကဌအဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက်မှာလဲ လာပေါ်တာက အခုလို ပြောဆိုခဲ့ဖူးပါတယ်။

“ကျွန်တော်တို့ ဒမ်ဘီလီ ကို အသင်းမှာ ဆက်နေစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ပါ။ ကိုယ်စားလှယ်တွေက ကစားသမားအတွက် အကောင်းဆုံးကို လိုချင်တာကြောင့် သူတို့နဲ့ ညှိနှိုင်းဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော့် အမြင်အရ ဒမ်ဘီလီက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ သူက အမ်ဘာပေထက် ပိုကောင်းတယ်”လို့ လာပေါ်တာက ပြောခဲ့တာပါ။

ဒမ်ဘီလီရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မှာ ဖြစ်တာကြောင့် စာချုပ်သစ်ကို ငြင်းပယ်ခဲ့တဲ့ ပြင်သစ်သားဟာ နွေရာသီမှာ ဖရီးအေးဂျင့်အနေနဲ့ ထွက်ခွာသွားတော့မှာဖြစ်ပြီး ဘာစီလိုနာအတွက် သူ့အပေါ် ရင်းနှီးမြုပ်နှံ ခဲ့တဲ့ ပေါင် ၁၃၅.၅ သန်းကို တပြားမှ ပြန်ရတော့မှာ မဟုတ်တာကြောင့် အထိနာဦးမှာ ဖြစ်ပါတယ်။

ZG

ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမား ဒမ္ဘီလီကို အသင္းကေန ေရာင္းထုတ္ခ်င္ေနတာ မွန္ေပမယ့္ ဥကၠဌ လာေပၚတာကေတာ့ ဒမ္ဘီလီဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ ကီလီယမ္ အမ္ဘာေပထက္ ပိုေကာင္းတယ္ဆိုတဲ့ စကားမ်ိဳးကို ထပ္ေျပာလာခဲ့ပါတယ္။

လာေပၚတာဟာ အနာဂတ္ ဘလြန္းဒီေအာဆုရွင္အျဖစ္ သတ္မွတ္ခံထားရတဲ့ အမ္ဘာေပ ထက္ သူတို႔ ကစားသမား ဒမ္ဘီလီ ကို ပိုေကာင္းတယ္လို႔ ျမင္ေၾကာင္း အရင္ကတည္းက ေျပာခဲ့ဖူးတာပါ။

ဒါေပမယ့္ ဘာကာအႀကီးအကဲနဲ႔ ဘုတ္အဖြဲ႕ဝင္ေတြဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံး ၁၀ ရက္ အတြင္း မွာ ဒမ္ဘီလီကို န်ဴးကမ့္ကေန ပထုတ္ပစ္ဖို႔ ႀကိဳးစားရင္း အခ်ိန္ကုန္ေနခဲ့တာ ျဖစ္ပါတယ္။

ဒမ္ဘီလီကို မေရာင္းရပဲ အေျပာင္းအေ႐ႊ႕ကာလ ပိတ္သြားတဲ့ေနာက္ လာေပၚတာက “ဒမ္ဘီလီဟာ အမ္ဘာေပထက္ ပိုေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္ျမင္ေနတုန္းပါ။ အဲ့လို ေျပာခဲ့တဲ့အတြက္လဲ ကြၽန္ေတာ္ ေနာင္တမရပါဘူး။ ဘာလို႔လဲ ဆိုေတာ့ ဒမ္ဘီလီရဲ႕ အရည္အခ်င္းကို ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္”လို႔ ထပ္မံ ေျပာဆိုခဲ့ျပန္တာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၀လ ေလာက္တုန္းက ဒုတိယအႀကိမ္ ဘာကာဥကၠဌအျဖစ္ ေ႐ြးေကာက္ခံခဲ့ရၿပီးေနာက္မွာလဲ လာေပၚတာက အခုလို ေျပာဆိုခဲ့ဖူးပါတယ္။

“ကြၽန္ေတာ္တို႔ ဒမ္ဘီလီ ကို အသင္းမွာ ဆက္ေနေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ႀကီးက်ယ္တဲ့ ကစားသမား တစ္ေယာက္ပါ။ ကိုယ္စားလွယ္ေတြက ကစားသမားအတြက္ အေကာင္းဆုံးကို လိုခ်င္တာေၾကာင့္ သူတို႔နဲ႔ ညႇိႏႈိင္းဖို႔ေတာ့ လိုအပ္ပါတယ္။ ကြၽန္ေတာ့္ အျမင္အရ ဒမ္ဘီလီက ကြၽန္ေတာ့္ကို စိတ္လႈပ္ရွားေစပါတယ္။ သူက အမ္ဘာေပထက္ ပိုေကာင္းတယ္”လို႔ လာေပၚတာက ေျပာခဲ့တာပါ။

ဒမ္ဘီလီရဲ႕ လက္ရွိစာခ်ဳပ္ဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္မွာ ျဖစ္တာေၾကာင့္ စာခ်ဳပ္သစ္ကို ျငင္းပယ္ခဲ့တဲ့ ျပင္သစ္သားဟာ ေႏြရာသီမွာ ဖရီးေအးဂ်င့္အေနနဲ႔ ထြက္ခြာသြားေတာ့မွာျဖစ္ၿပီး ဘာစီလိုနာအတြက္ သူ႔အေပၚ ရင္းႏွီးျမဳပ္ႏွံ ခဲ့တဲ့ ေပါင္ ၁၃၅.၅ သန္းကို တျပားမွ ျပန္ရေတာ့မွာ မဟုတ္တာေၾကာင့္ အထိနာဦးမွာ ျဖစ္ပါတယ္။