လူစာရင်းက ဟင်းလင်းဖြစ်လာလို့ နွေမှာ ပေါင် သန်း ၁၈၀ ကျော် သုံးဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

ဇန်နဝါရီ အပြောင်းာအရွှေ့မှာ ကစားသမားသစ် တစ်ယောက်မှ မဝယ်နိုင်ခဲ့တဲ့နောက် အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင်သန်း(၁၈၀)အထိ သုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ကစားသမား၆ဦးအတွက် ပေါင်သန်း(၁၃၀)ကျော်သုံးစွဲပြီး ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဟာ နည်းပြ အာတီတာ ကို စိတ်ပျက်စရာတွေဖြစ်စေခဲ့ပြီး အဓိက ပစ်မှတ်တိုက်စစ်မှူး ဗလာဟိုဗစ် ဟာ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ တော့ အာဆင်နယ် အသင်းဟာ အသင်းသမိုင်းတလျှောက် ကြီးမားတဲ့ ငွေကြေးကို သုံးစွဲဖို့ စီစဉ်နေတာပါ။ အသင်းပိုင်ရှင် ခရွန်ကီ က နည်းပြ အာတီတာ ကို ထောက်ခံမှုပြုလုပ်ကာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်နိုင်ဖို့အတွက် ငွေကြေးချပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နည်းပြ အာတီတာ ကတော့ ကစားသမားသစ် တွေကို ခေါ်ယူနိုင်ဖို့အတွက် ဆွဲဆောင်နိုင်ဖို့ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုတယ်ဆိုတာကို သိရှိထားပါတယ်။

အာဆင်နယ် အသင်းဟာ အဲဗာတန် တိုက်စစ်မှူး ကလာဗတ်လီဝန်၊ဆိုစီဒက် တိုက်စစ်ကစားသမား အိုင်ဇက် တို့ကို အဓိက ခေါ်ယူမယ့် တိုက်စစ်ကစားသမားတွေအဖြစ် ပစ်မှတ်ထားနေပြီး ဝုလ်ဗ်စ် ကွင်းလယ်လူ ရုဘင်နာဗတ်စ် ကလည်း အသင်းရဲ့ ရေဒါမှာ ပါဝင်နေတာပါ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အူဘာမီယန်း၊ ပါဘလိုမာရီ၊ မစ်လန်း နေးလ်၊ ချမ်ဘာစ် နဲ့ ကိုလာစီနက် တို့ကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ လက်ကျန်ရာသီ အတွက် ကစားမယ့် စီနီယာ ကစားသမား (၂၀)သာ ရှိတော့တာလည်း ဖြစ်ပါတယ်။ ဒီရာသီအကုန်မှာလည်း အသင်းကနေ လာကာဇတ်တီ၊ အန်ကတ်တီယာ တို့လို တိုက်စစ်မှူးတွေ ထပ်မံထွက်ခွာဖို့ ရှိနေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေလူအင်အား ဖြည့်တင်းဖို့ လိုအပ်နေတာပါ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ဖို့ မရှိတဲ့အပြင် ဖလားပြိုင်ပွဲတွေကနေလည်း ထွက်ခွာ ထားရတာကြောင့် ပရီးမီးယားလိဂ်ကနေ ဥရောပဝင်ခွင့်ရဖို့ အားစိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZG

ဇန္နဝါရီ အေျပာင္းာအေရႊ႕မွာ ကစားသမားသစ္ တစ္ေယာက္မွ မဝယ္နုိင္ခဲ့တဲ့ေနာက္ အာဆင္နယ္ အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ကစားသမားသစ္ေတြ ေခၚယူဖို႔အတြက္ ေပါင္သန္း(၁၈၀)အထိ သုံးစြဲဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ကစားသမား၆ဦးအတြက္ ေပါင္သန္း(၁၃၀)ေက်ာ္သုံးစြဲၿပီး ေခၚယူခဲ့တာပါ။ ဒါေပမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ဟာ နည္းျပ အာတီတာ ကို စိတ္ပ်က္စရာေတြျဖစ္ေစခဲ့ၿပီး အဓိက ပစ္မွတ္တိုက္စစ္မႉး ဗလာဟိုဗစ္ ဟာ ဂ်ဳဗင္တပ္စ္ အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာ ေတာ့ အာဆင္နယ္ အသင္းဟာ အသင္းသမိုင္းတေလွ်ာက္ ႀကီးမားတဲ့ ေငြေၾကးကို သုံးစြဲဖို႔ စီစဥ္ေနတာပါ။ အသင္းပိုင္ရွင္ ခ႐ြန္ကီ က နည္းျပ အာတီတာ ကို ေထာက္ခံမႈျပဳလုပ္ကာ အသင္းကို ႀကီးႀကီးမားမား ျပင္ဆင္ႏိုင္ဖို႔အတြက္ ေငြေၾကးခ်ေပးဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

နည္းျပ အာတီတာ ကေတာ့ ကစားသမားသစ္ ေတြကို ေခၚယူႏိုင္ဖို႔အတြက္ ဆြဲေဆာင္ႏိုင္ဖို႔ဆိုရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ လိုတယ္ဆိုတာကို သိရွိထားပါတယ္။

အာဆင္နယ္ အသင္းဟာ အဲဗာတန္ တိုက္စစ္မႉး ကလာဗတ္လီ၀န္၊ဆိုစီဒက္ တိုက္စစ္ကစားသမား အိုင္ဇက္ တို႔ကို အဓိက ေခၚယူမယ့္ တိုက္စစ္ကစားသမားေတြအျဖစ္ ပစ္မွတ္ထားေနၿပီး ဝုလ္ဗ္စ္ ကြင္းလယ္လူ ႐ုဘင္နာဗတ္စ္ ကလည္း အသင္းရဲ႕ ေရဒါမွာ ပါ၀င္ေနတာပါ။

အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕က အူဘာမီယန္း၊ ပါဘလိုမာရီ၊ မစ္လန္း ေနးလ္၊ ခ်မ္ဘာစ္ နဲ႔ ကိုလာစီနက္ တို႔ကို ထြက္ခြာခြင့္ေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ လက္က်န္ရာသီ အတြက္ ကစားမယ့္ စီနီယာ ကစားသမား (၂၀)သာ ရွိေတာ့တာလည္း ျဖစ္ပါတယ္။ ဒီရာသီအကုန္မွာလည္း အသင္းကေန လာကာဇတ္တီ၊ အန္ကတ္တီယာ တို႔လို တိုက္စစ္မႉးေတြ ထပ္မံထြက္ခြာဖို႔ ရွိေနတာေၾကာင့္ အာဆင္နယ္ အသင္းအေနနဲ႔ တိုက္စစ္ပိုင္းအတြက္ မျဖစ္မေနလူအင္အား ျဖည့္တင္းဖို႔ လိုအပ္ေနတာပါ။

အာဆင္နယ္ အသင္းဟာ ဒီရာသီမွာ ဥေရာပၿပိဳင္ပြဲယွဥ္ၿပိဳင္ဖို႔ မရွိတဲ့အျပင္ ဖလားၿပိဳင္ပြဲေတြကေနလည္း ထြက္ခြာ ထားရတာေၾကာင့္ ပရီးမီးယားလိဂ္ကေန ဥေရာပ၀င္ခြင့္ရဖို႔ အားစိုက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။