ဒိုင်ဘားလားကို ကမ်းလှမ်းထားခြင်း၊ ကလပ်ကမ္ဘာ့ဖလား ယူမယ့် ပီတာချက်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
အင်္ဂလန် ကစားသမားဟောင်းဂလင်းဂျွန်ဆင်က ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာ အဆင့်လေးအတွင်းပဲ ဝင်ခွင့် ရခဲ့မယ်ဆိုရင် ဒါဟာ ကျေနပ်စရာ မဟုတ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာ မန်စီးတီးနဲ့ ကွာဟချက် ကျဉ်းမြောင်းအောင် ရည်မှန်း သင့်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ အဆင့်နှစ်နေရာရရှိဖို့ လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဂျူဗင်တပ်နဲ့ ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
အင်္ဂလန်ကစားသမားဟောင်း ပယ်လ်မာက ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ ချဲလ်ဆီအသင်းကို သေချာပေါက် ပြောင်းရွှေ့မှာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ဟာ ကစားသမားတိုင်း ကစားချင်တဲ့နေရာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မိုရိုကိုနည်းပြ ဟာလီဟော့ဇစ်ကတော့ ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်အနေနဲ့ လက်ရွေးစင်အသင်းမှာ ပြန် ပါနိုင်ဖို့ အခွင့်အရေးမရှိတော့ကြောင်း၊ ဇီးယက်ချ်ရဲ့ အပြုအမူတွေဟာ လူရွေးချယ်မှု စံနှုန်းတွေနဲ့ကိုက်ညီမှုမရှိကြောင်း၊ တကယ်လို့ သူဟာ မက်ဆီဖြစ်မယ်ဆိုရင်တောင် ရွေးချယ်တော့မှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး ဒါရိုက်တာ ပီတာချက်က အဲဗာတန်နည်းပြ လမ်းပတ်က ခေါ်ယူသွားတဲ့ ချဲလ်ဆီးနည်းပြအဖွဲ့ဝင် ဂျိုးအက်ဝုဒ်ကို လွမ်းဆွတ်နေမှာဖြစ်ကြောင်း၊ ဂျိုးဟာ ချဲလ်ဆီးအတွက် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာသူဖြစ်ကြောင်း၊ အသင်း အတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအပေါ် ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဆောနီဂွတ်ဇ်ကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ကွင်းလယ်လူဟာ အစောပိုင်းတုန်းက ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ အထိုင်ကျလာပြီး ခြေစွမ်းပြလာတော တွေ့ရပါတယ်။

ချဲလ်ဆီး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်က သူတို့အနေနဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို အရ ယူသွားမှာ ဖြစ်ကြောင်း၊ စတန်းဖို့ဘရစ်ချ်ရဲ့ ဖလားသိမ်းခန်းထဲ နောက်ထပ်ဆုဖလားတစ်လုံးထပ်ထည့်နိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးမှာ အငှား လာကစားနေတဲ့ ကွင်းလယ်လူ ဆောနီဂွတ်ဇ်ကတော့ ဟာဇက်အနေနဲ့ လာလီဂါမှာ ရုန်းကန် နေရခြင်းနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်မှာ တစ်ဦးချင်း ဖြတ်ကျော်မှုတွေကို များများ ပြုလုပ်ရပြီး၊ လာလီဂါ မှာကျတော့ ပြိုင်ဘက်တွေက သူ့ကို ပိုပြီးအခက်တွေ့အောင် ပြုလုပ်နိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။
ဆောနီဂွက်ဇ်က လာလီဂါကနေ ပရီးမီးယားလိဂ်ကို ပြောင်းတာက အခြေကျဖို့ ပိုလွယ်ပြီး ပရီးမီးယားလိဂ်ကနေ လာလီဂါကို ပြောင်းတာက ပိုခက်ကြောင်းဆိုခဲ့ပါတယ်။