မန်ယူက မစ်ဒယ်ဘရော့ကို ဘာလို့ ရှုံးခဲ့ရလဲ ပွဲအပြီးမှာ ဆင်ခြေပေးလိုက်တဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက်ဟာ ညက အက်ဖ်အေဖလားပွဲစဉ် အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့ရာ သာမန်ပွဲချိန်အတွင်း ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ၈-၇ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

မန်ယူ ပေးလိုက်ရတဲ့ဂိုးဟာ ပယ်ဖျက်ခံရသင့်တယ်လို့ ရက်ဖ် ရန်းနစ်က အငြင်းအခုံလုပ်ခဲ့ပေမယ့်လဲ မစ်ဒယ်ဘရော့ ကြောင့် အက်ဖ်အေဖလား စတုတ္ထအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာပါလို့ ပြောဆိုခဲ့ပါတယ်။

မစ်ဒယ်ဘရော့ရဲ့ ချေပဂိုး တည်ဆောက်မှုအတွင်း ဒွန်ကန် ဝက်မိုးဟာ ဘောလုံးကို လက်နဲ့ထိခဲ့တာဖြစ်ပြီး မတ်ခရွတ်ခ် ရဲ့ ဂိုးက အငြင်းပွားဖွယ် ဖြစ်ခဲ့ပေမယ့် ရန်းနစ်ကတော့ သူ့အသင်းရဲ့ အဆုံးသတ်ပိုင်းကို စိတ်ပျက်နေခဲ့တာပါ။

“သူ့လက်နဲ့ လေထဲက ဘောလုံးကို ထိန်းချုပ်လိုက်တယ်ဆိုရင် အဲ့ဒါက ဘယ်လိုလုပ် မတော်တဆ လက်ထိဘော ဖြစ်ရမှာပဲ။ ရည်ရွယ်ချက်ရှိတဲ့ လက်ထိဘောမို့လို့ အဲ့ဒီ့ဂိုးကို မပေးသင့်ပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာ အဲ့ဂိုးကို ပေးလိုက်ရတဲ့အတွက် ကျွန်တော် တကယ် အံ့ဩခဲ့ရတယ်။

ပထမပိုင်းမှာထဲက ကျွန်တော်တို့တွေ ၃-၀ လောက်နဲ့ လွယ်လွယ် ဦးဆောင်ထားနိုင်ခဲ့သင့်တာပါ။ ဒုတိယပိုင်းမှာလဲ အခွင့်အရေးတွေ ရခဲ့တယ်။ ပုံမှန်ပွဲချိန်အတွင်းမှာကို ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ကတော့ ဒီနေ့ ဖြစ်ခဲ့သလိုမျိုး ဖြစ်သွားနိုင်တာပဲလေ။ တော်တော်ကို စိတ်ပျက်စရာ ကောင်းတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာထဲက ပွဲဖြတ်ထားခဲ့သင့်ပြီး အနိုင်ရခဲ့သင့်တာပါ”လို့ ရန်းနစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ပွဲချိန်အတွင်း ရခဲ့တဲ့ ပင်နယ်တီကို ရော်နယ်ဒိုကို လွဲချော်ခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ရဲ့ အဓိက ပင်နယ်တီ ကိုတော့ အီလန်ဂါက လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ညက အက္ဖ္ေအဖလားပြဲစဥ္ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့ရာ သာမန္ပြဲခ်ိန္အတြင္း ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့နဲ႔ တစ္ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ပင္နယ္တီ အဆုံးအျဖတ္မွာ ၈-၇ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။

မန္ယူ ေပးလိုက္ရတဲ့ဂိုးဟာ ပယ္ဖ်က္ခံရသင့္တယ္လို႔ ရက္ဖ္ ရန္းနစ္က အျငင္းအခုံလုပ္ခဲ့ေပမယ့္လဲ မစ္ဒယ္ဘေရာ့ ေၾကာင့္ အက္ဖ္ေအဖလား စတုတၳအဆင့္ကေန ထြက္ခြာခဲ့ရတဲ့အတြက္ သူတို႔ကိုယ္သူတို႔ပဲ အျပစ္တင္ရမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

မစ္ဒယ္ဘေရာ့ရဲ႕ ေခ်ပဂိုး တည္ေဆာက္မႈအတြင္း ဒြန္ကန္ ဝက္မိုးဟာ ေဘာလုံးကို လက္နဲ႔ထိခဲ့တာျဖစ္ၿပီး မတ္ခ႐ြတ္ခ္ ရဲ႕ ဂိုးက အျငင္းပြားဖြယ္ ျဖစ္ခဲ့ေပမယ့္ ရန္းနစ္ကေတာ့ သူ႔အသင္းရဲ႕ အဆုံးသတ္ပိုင္းကို စိတ္ပ်က္ေနခဲ့တာပါ။

“သူ႔လက္နဲ႔ ေလထဲက ေဘာလုံးကို ထိန္းခ်ဳပ္လိုက္တယ္ဆိုရင္ အဲ့ဒါက ဘယ္လိုလုပ္ မေတာ္တဆ လက္ထိေဘာ ျဖစ္ရမွာပဲ။ ရည္႐ြယ္ခ်က္ရွိတဲ့ လက္ထိေဘာမို႔လို႔ အဲ့ဒီ့ဂိုးကို မေပးသင့္ပါဘူး။ ဒါေပမယ့္ အဆုံးသတ္မွာ အဲ့ဂိုးကို ေပးလိုက္ရတဲ့အတြက္ ကြၽန္ေတာ္ တကယ္ အံ့ဩခဲ့ရတယ္။

ပထမပိုင္းမွာထဲက ကြၽန္ေတာ္တို႔ေတြ ၃-၀ ေလာက္နဲ႔ လြယ္လြယ္ ဦးေဆာင္ထားႏိုင္ခဲ့သင့္တာပါ။ ဒုတိယပိုင္းမွာလဲ အခြင့္အေရးေတြ ရခဲ့တယ္။ ပုံမွန္ပြဲခ်ိန္အတြင္းမွာကို ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့သင့္ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္ကေတာ့ ဒီေန႔ ျဖစ္ခဲ့သလိုမ်ိဳး ျဖစ္သြားႏိုင္တာပဲေလ။ ေတာ္ေတာ္ကို စိတ္ပ်က္စရာ ေကာင္းတယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာထဲက ပြဲျဖတ္ထားခဲ့သင့္ၿပီး အႏိုင္ရခဲ့သင့္တာပါ”လို႔ ရန္းနစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ပုံမွန္ပြဲခ်ိန္အတြင္း ရခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္ဒိုကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္ရဲ႕ အဓိက ပင္နယ္တီ ကိုေတာ့ အီလန္ဂါက လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။