၃၇ နှစ်ပြည့် မွေးနေ့မှာ ပင်နယ်တီလွဲ၊ အသင်းက ရှုံးနဲ့ ခါးသီးမှုတွေ ပိုက်သွားရတဲ့ စီ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒို အတွက်တော့ မနေ့က အသက် ၃၇ နှစ် ပြည့် မွေးနေ့မှာ အရှုံးနဲ့ အလွဲတွေသာ လက်ဆောင် ရခဲ့တဲ့ အတွက် စိတ်ပျက်ဖွယ် အတိ ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့ကို ပင်နယ်တီ နဲ့ အရေးနိမ့်ပြီး အက်ဖ်အေ ဖလားကနေ ထွက်ခဲ့ရပြီးနောက် ရော်နယ်ဒို အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ရော်နယ်ဒို ဟာ ဒီပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးရစေမယ့် ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲကိုဖြတ်နိုင်မယ့် အခွင့်အရေးတွေ အများကြီးရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို အပါအဝင် မန်ချက်စတာယူနိုက်တက် ကစားသမားတွေက လွဲချော်ခဲ့ကြတာပါ။ ဘရူနိုဖာနန်ဒက်စ် ဆိုရင် ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးတိုင်ထိ ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ တဖက်တဂိုးစီသရေကျနေခဲ့လို့ အချိန်ပိုကစားခဲ့ရပြီး ဂိုးမသွင်းနိုင်တဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာ မယ်ဒယ်ဘရော့က (၈)ဂိုးလုံးဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက အီလန်ဂါ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို အတွက်တော့ အသက် ၃၇ နှစ်ပြည့်မွေးနေ့မှာ အသင်းအတွက် နိုင်ပွဲဖန်တီးပြီး လက်ဆောင်ကောင်းရချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေလည်း အဆုံးသတ်ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ဆုဖလားတွေရယူချင်လို့ တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို အတွက်တော့ လက်ရှိအသင်းရဲ့အခြေအနေတွေကြောင့် သူ့မျှော်လင့်သလို ဖြစ်လာဖို့ ခဲယဉ်းနေပါတယ်။

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဆုဖလားရယူနိုင်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာဖြစ်ပြီး ဒါကလည်း ဖြစ်နိုင်ဖို့ အတော်လေး နည်းပါးနေတာကြောင့် ဆုဖလားလက်မဲ့ရာသီတခုကို ထပ်မံဖြတ်သန်းရဖို့ ရှိနေပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ ၾကယ္ပြင့္ တိုက္စစ္မႈး ခရစၥတီယာနို ေရာ္နယ္ဒို အတြက္ေတာ့ မေန႔က အသက္ ၃၇ နွစ္ ျပည့္ ေမြးေန႔မွာ အရံႈးနဲ႕ အလြဲေတြသာ လက္ေဆာင္ ရခဲ့တဲ့ အတြက္ စိတ္ပ်က္ဖြယ္ အတိ ျဖစ္ခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းက ခ်န္ပီယံရွစ္ကလပ္ မယ္ဒယ္ဘေရာ့ကို ပင္နယ္တီ နဲ႔ အေရးနိမ့္ၿပီး အက္ဖ္ေအ ဖလားကေန ထြက္ခဲ့ရၿပီးေနာက္ ေရာ္နယ္ဒို အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ေရာ္နယ္ဒို ဟာ ဒီပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုးရေစမယ့္ ပင္နယ္တီ ကန္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တာ ျဖစ္ျပီး ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ပြဲကိုျဖတ္ႏိုင္မယ့္ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ္နယ္ဒို အပါအဝင္ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေတြက လြဲေခ်ာ္ခဲ့ၾကတာပါ။ ဘ႐ူႏိုဖာနန္ဒက္စ္ ဆိုရင္ ဂိုးသမား မရွိတဲ့ ဂိုးေပါက္ထဲကို ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးတိုင္ထိ ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အတြင္းမွာ တဖက္တဂိုးစီသေရက်ေနခဲ့လို႔ အခ်ိန္ပိုကစားခဲ့ရၿပီး ဂိုးမသြင္းႏိုင္တဲ့ အတြက္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာပါ။ ပင္နယ္တီ အဆုံးအျဖတ္မွာ မယ္ဒယ္ဘေရာ့က (၈)ဂိုးလုံးဝင္ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းက အီလန္ဂါ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို အတြက္ေတာ့ အသက္ ၃၇ နွစ္ျပည့္ေမြးေန႔မွာ အသင္းအတြက္ ႏိုင္ပြဲဖန္တီးၿပီး လက္ေဆာင္ေကာင္းရခ်င္တဲ့ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြလည္း အဆုံးသတ္ခဲ့ရတာပါ။

မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔အတူ ဆုဖလားေတြရယူခ်င္လို႔ တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို အတြက္ေတာ့ လက္ရွိအသင္းရဲ႕အေျခအေနေတြေၾကာင့္ သူ႔ေမွ်ာ္လင့္သလို ျဖစ္လာဖို႔ ခဲယဥ္းေနပါတယ္။

ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ ဆုဖလားရယူႏိုင္စရာအျဖစ္ ခ်န္ပီယံလိဂ္သာ ရွိေတာ့တာျဖစ္ၿပီး ဒါကလည္း ျဖစ္ႏိုင္ဖို႔ အေတာ္ေလး နည္းပါးေနတာေၾကာင့္ ဆုဖလားလက္မဲ့ရာသီတခုကို ထပ္မံျဖတ္သန္းရဖို႔ ရွိေနပါတယ္။