နည်းပြ လမ်းပတ်ရဲ့ အဲဗာတန်နဲ့ ပွဲဦးထွက်ကတော့ ကြောက်မက်ဖွယ် တိုက်စစ်နဲ့ ဂိုးပြတ်နိုင်ပွဲရ

အဲဗာတန် အသင်းရဲ့ နည်းပြသစ် ဖရန့် လမ်းပတ်ကတော့ အဲဗာတန်အသင်းကို စတင်ကိုင်တွယ်တဲ့ ပွဲမှာတင် ဘရန့်ဖို့ဒ် အသင်းကို ၄-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဲဗာတန်အသင်းကို အက်ဖ်အေဖဖလား နောက် တစ်ဆင့်ကို တက်ရောက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဘင်နီတက်ဇ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အသင်းနည်းပြသစ်အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီဇန်နဝါရီအပြောင်းအရွေ့မှာ အဲဗာတန်အသင်းအနေနဲ့ အယ်လီ၊ ဗန်ဒီဘိခ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားနိင်ခဲ့တဲ့အတွက် လူအင်အားတောင့်တင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။

ညက ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အဲဗာတန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ မီနာ၊ ရစ်ချာလီဆွန်၊ ဟိုးလ်ဂိတ်၊ တောင်ဆန် တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းရဲ့ ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန် ဒုတိယပိုင်းမှာ တိုက်စစ်မှူး တိုနီက ပင်နယ်တီက တစ်ဆင့် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ လမ်းပတ်ရဲ့ အဲဗာတန်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်သာ အသာရခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ပြီး အထူးသဖြင့် ဘရန့်ဖို့ဒ်အသင်း ခံစစ်ဧရိယာထဲမှာ အဲဗာတန်အသင်းရဲ့ ဘောလုံးပေးပို့မှုတွေ ထိချက်တွေက တော်တော်လေး ကြောက်စရာကောင်းနေခဲ့ကာ နည်းပြ လမ်းပတ်အတွက်တော့ ပြီးပြည့်စုံတဲ့ နိင်ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။

အဲဗာတန်အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေခဲ့ပြီး တန်းဆင်ဇုန် နား ရောက်နေပြီး လမ်းပတ်တစ်ယောက် အဲဗာတန်အသင်းကို အမြင့်တစ်နေရာ ပြန်လည် ဆွဲတင်ပေးနိုင် မလားစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZG

အဲဗာတန္ အသင္းရဲ႕ နည္းျပသစ္ ဖရန္႔ လမ္းပတ္ကေတာ့ အဲဗာတန္အသင္းကို စတင္ကိုင္တြယ္တဲ့ ပြဲမွာတင္ ဘရန႔္ဖို႔ဒ္ အသင္းကို ၄-၁ ဂိုးဆိုတဲ့ ရလဒ္နဲ႔ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး အဲဗာတန္အသင္းကို အက္ဖ္ေအဖဖလား ေနာက္ တစ္ဆင့္ကို တက္ေရာက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ နည္းျပ ဘင္နီတက္ဇ္နဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း အသင္းနည္းျပသစ္အျဖစ္ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ခ်ဲလ္ဆီးနည္းျပေဟာင္း လမ္းပတ္ကို ခန႔္အပ္ခဲ့တာျဖစ္ၿပီး ဒီဇန္န၀ါရီအေျပာင္းအေ႐ြ႕မွာ အဲဗာတန္အသင္းအေနနဲ႔ အယ္လီ၊ ဗန္ဒီဘိခ္တို႔လို ကစားသမားေကာင္းေတြကို ေခၚယူထားနိင္ခဲ့တဲ့အတြက္ လူအင္အားေတာင့္တင္းေနခဲ့ၿပီလည္းျဖစ္ပါတယ္။

ညက ဘရန႔္ဖို႔ဒ္နဲ႕ ပြဲမွာ အဲဗာတန္အသင္းအတြက္ သြင္းဂိုးေတြကိုေတာ့ မီနာ၊ ရစ္ခ်ာလီဆြန္၊ ဟိုးလ္ဂိတ္၊ ေတာင္ဆန္ တို႔က သြင္းယူေပးခဲ့တာျဖစ္ၿပီး ဘရန႔္ဖို႔ဒ္အသင္းရဲ႕ ေခ်ပဂိုးတစ္ဂိုးကိုေတာ့ ပြဲခ်ိန္ ဒုတိယပိုင္းမွာ တိုက္စစ္မႉး တိုနီက ပင္နယ္တီက တစ္ဆင့္ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲမွာ လမ္းပတ္ရဲ႕ အဲဗာတန္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္အသင္းကို ေဘာလုံးပိုင္ဆိုင္မႈ အနည္းငယ္သာ အသာရခဲ့ေပမယ့္ ထိေရာက္တဲ့ တိုက္စစ္ဆင္မႈေတြျပဳလုပ္ႏိုင္ခဲ့ၿပီး အထူးသျဖင့္ ဘရန႔္ဖို႔ဒ္အသင္း ခံစစ္ဧရိယာထဲမွာ အဲဗာတန္အသင္းရဲ႕ ေဘာလုံးေပးပို႔မႈေတြ ထိခ်က္ေတြက ေတာ္ေတာ္ေလး ေၾကာက္စရာေကာင္းေနခဲ့ကာ နည္းျပ လမ္းပတ္အတြက္ေတာ့ ၿပီးျပည့္စုံတဲ့ နိင္ပြဲတစ္ပြဲျဖစ္ခဲ့တာပါ။

အဲဗာတန္အသင္းက လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနခဲ့ၿပီး တန္းဆင္ဇုန္ နား ေရာက္ေနျပီး လမ္းပတ္တစ္ေယာက္ အဲဗာတန္အသင္းကို အျမင့္တစ္ေနရာ ျပန္လည္ ဆြဲတင္ေပးနိုင္ မလားေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။