ရိုက်စ် ဈေးပိုတက်ခြင်း၊ လင်ဂတ် အတွက် မကျေနပ်ကြတဲ့ အသင်းသားများနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူကစားသမားတွေအနေနဲ့ ကွင်းလယ်လူ လင်ဂတ်ကို အနားပေးခဲ့တဲ့ နည်းပြရန်နစ်ရဲ့လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်နေကြကြောင်း သိရပါတယ်။ လင်ဂတ်အနေနဲ့ အပြောင်းအရွှေ့ကိစ္စတွေအတွက် စိတ်ရှုပ်နေလို့ မန်ယူက အနားပေး ထားခဲ့တာဖြစ်ပြီး မစ်ဒယ်ဘရော့ပွဲမှာ မထည့်ခဲ့ပါဘူး။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘာစီလိုနာ နောက်ခံလူ အာရူဂျိုကို ပစ်မှတ်ထားလျက်ရှိနေကြောင်း သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတောမဲ့ အဆိုပါနောက်ခံလူအနေနဲ့ဘာစီလိုနာကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်က လက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး စီရော်နယ်ဒိုရဲ့ အမှားလို့ မပြောလိုကြောင်း၊ ဒါပေမဲ့ စီရော်နယ်ဒိုက မန်ယူပြဿနာတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေကြောင်း၊ စီရော်နယ်ဒိုဟာ စံနမူနာ ယူသင့်သူ မဟုတ်တော့ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ယူ ဂန္ထဝင်ဟောင်းရွိုင်ကိန်းက လင်ဂတ်အနေနဲ့ ပြီးခဲ့တဲံ အပြောင်းအရွှေ့မှာ မန်ယူကနေ ထွက်ခွာခဲ့သင့်ကြောင်း၊ လင်ဂတ်ဟာ ပြီခဲ့တဲ့နွေရာသီမှာ မန်ယူကနေထွက်ခွာနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ခံခဲ့ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။
ဘရာဇီးကလပ် ဖလာမင်ဂိုကတော့ မန်ယူကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပါရဲရားကိုအပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ ဖလာမင်ဂိုအနေနဲ့ ပါရဲရားအတွက ်ယူရို ၈ သန်းနဲ့ကမ်းလှမ်းထားခဲ့တာဖြစ်ကြောင်း ဂျာနယ်လစ် ဂါလက်တီက ဖော်ပြထားပါတယ်။ ၂၆ နှစ်အရွယ်ကစားသမားဟာ ဘရာဇီးကလပ်မှာ ခြေစွမ်းပြလျက်ရှိနေတာပါ။
ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ သူတို့ရဲ့ကွင်းလယ်လူ ဒီလန်ရိုက်ဟာ ဈေးပိုတက်သွားပြီဖြစ်ကြောင်း မန်ယူကို သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒီလန်ရိုက်ရဲ့တန်ကြေးက ပေါင်သန်း ၁၀၀လို့ပြောခဲ့ကြောင်း၊ ဒါက ဒီလန်ရိုက်ကို ဈေးသက်သာစွာရနိုင်တဲ့ အခွင့်အရေးဖြစ်ခဲ့ကြောင်း၊ ဒီလန်ရိုက်လို ကစားသမားမျိုးများများစားစားမရှိကြောင်း မိုယက်စ်က ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ စီရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့အတွက် ဆိုစီဒက်တိုက်စစ်မူှး အီဆစ်ကို စောင့်ကြည့် လာကြောင်း Mirror က ဖော်ပြထားပါတယ်။ တကယ်လို့လာမဲ့နွေရာသီမှာ စီရော်နယ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွာမယ်ဆိုရင် မန်ယူဟာ အရည်အသွေးမြင့် တိုက်စစ်မှူးနဲ့ ပြန်အစားထိုးသွားမှာ ဖြစ်ပါတယ်။
အဲဗာတန် နည်းပြ လမ်းပတ်အနေနဲ့ မန်ယူမှာ ပွဲကစားခွင့်မရတဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ကျွန်တော့်အနေနဲ့ ဗန်ဒီဘတ်ချ်နဲ့ စကားပြောဖြစ်ခဲ့ပြီး သူက အရည်အသွေးရှိတဲ့ ကစားသမားပါ။ တစ်ခါတစ်လေမှာ သက်သေပြဖို့လိုနေတဲ့ ကစားသမားတွေကို ခေါ်လိုက်တာ ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။