အူဘာမီယန်း ကို အာဆင်နယ် ဂန္တဝင် အဖြစ် လက်မခံလိုကြောင်း ဂန်းနား ပရိသတ်အများစု အဖြေပေး

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မှာ စပိန် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အာဆင်နယ် အသင်း နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ဂါဘွန်သားဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဘာစီလိုနာထံ ရောက်ရှိသွားခဲ့တာပါ။ အူဘာမီယန်း ဟာ အာဆင်နယ် မှာ ကစားခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်း ၁၆၃ ပွဲ ကစားကာ ၉၂ ဂိုး သွင်းပေးခဲ့ပြီး အက်ဖ်အေဖလား ရယူ နိုင်ခဲ့ပါတယ်။

အူဘာမီယန်းရဲ့ အာဆင်နယ် ကစားသမားဘဝ အဆုံးသတ်ကတော့ ကောင်းမွန် ခဲ့ခြင်းတော့ မရှိပါဘူး။ အူဘာမီယန်း ဟာ အသင်း မထွက်ခွာခင် အချိန်မှာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်း ခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ခံခဲ့ရသလို ပွဲထွက် လူစာရင်းကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာနက ဟာ အူဘာမီယန်း ရဲ့ အခြေအနေ ထွက်ခွာသွားမှု နဲ့ ပတ်သက်ပြီး အာဆင်နယ် ပရိသတ်တွေထံ စစ်တမ်း ကောက်ယူမှု ပြုလုပ်ခဲ့ပါတယ်။

အူဘာမီယန်း ဟာ ၂၀၁၈ ခုနှစ် ဒေ့ါမွန် အသင်းကနေ ရောက်ရှိလာစဉ်ကတည်းက အာဆင်နယ် အတွက် အများကြီး အကျိုးပြု နိုင်ခဲ့ပေမယ့် ပရိသတ် အများစုကတော့ ဂန္တဝင်အဖြစ် သတ်မှတ်ဖို့ မစဉ်းစားကြပါဘူး။

အချက်အလက်တွေ အရ စစ်တမ်း ဖြေဆိုသူတွေထဲမှာ အာဆင်နယ် ပရိသတ် ၃၄/၁% ကပဲ အူဘာမီယန်း ကို ဂန္တဝင် အဖြစ် သတ်မှတ်ကြပြီး ၆၅.၉ % ကတော့ ဆန့်ကျင်ဘက် အဖြေကို ဖြေဆို ခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ်တွေ အများစုကတော့ အူဘာမီယန်း ကို ထွက်ခွာခွင့် ပြုလိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် လို့ လက်ခံ ယူဆကြပါတယ်။ အာဆင်နယ် ပရိသတ် ၅၁.၇% ဟာ တိုက်စစ်မှူးသစ် မခေါ်ဘဲ အူဘာ ကို ထွက်ခွာခွင့် ပြုတာဟာ မှားယွင်းတယ်လို့ ဖြေဆို ခဲ့ကြပါတယ်။

ပရိသတ် ၄၈.၃ % ကတော့ အူဘာ ကို ဘာစီလိုနာ ထံ ထွက်ခွာခွင့် ပြုတာဟာ မှန်ကန်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ပရိသတ် ၆၃.၅% ဟာ အူဘာမီယန်း ဘာစီလိုနာ မှာ အောင်မြင်လိမ့်မယ်လို့ ဖြေဆိုကြပြီး ၃၆.၅% ကတော့ ဂျင်း အဖြစ်နဲ့ပဲ အဆုံးသတ် သွားလိမ့်မယ်လို့ ဆိုပါတယ်။

နောက်ဆုံး အနေနဲ့ အာဆင်နယ် ပရိသတ် အများစုဟာ အူဘာမီယန်း ဒီရာသီမှာ ဘာစီလိုနာ အတွက် ၈ ဂိုးကနေ ၁၁ ဂိုး အထိ သွင်းလိမ့်မယ်လို့ ဖြေဆို ပေးခဲ့ကြပါတယ်။

ZG

ဂါဘြန္ လက္ေ႐ြးစင္ တိုက္စစ္မႉး အူဘာမီယန္း ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလ မွာ စပိန္ လာလီဂါ ထိပ္သီးကလပ္ ဘာစီလိုနာ အသင္းကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

အာဆင္နယ္ အသင္း နဲ႔ အူဘာမီယန္း တို႔ဟာ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ ဂါဘြန္သားဟာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ဘာစီလိုနာထံ ေရာက္ရွိသြားခဲ့တာပါ။ အူဘာမီယန္း ဟာ အာဆင္နယ္ မွာ ကစားခဲ့တဲ့ ေလးႏွစ္တာ ကာလ အတြင္း ၁၆၃ ပြဲ ကစားကာ ၉၂ ဂိုး သြင္းေပးခဲ့ၿပီး အက္ဖ္ေအဖလား ရယူ ႏိုင္ခဲ့ပါတယ္။

အူဘာမီယန္းရဲ႕ အာဆင္နယ္ ကစားသမားဘဝ အဆုံးသတ္ကေတာ့ ေကာင္းမြန္ ခဲ့ျခင္းေတာ့ မရွိပါဘူး။ အူဘာမီယန္း ဟာ အသင္း မထြက္ခြာခင္ အခ်ိန္မွာ စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ အသင္း ေခါင္းေဆာင္ ရာထူး ကေန ဖယ္ရွား ခံခဲ့ရသလို ပြဲထြက္ လူစာရင္းကေန ေတာက္ေလွ်ာက္ ခ်န္လွပ္ ခံခဲ့ရပါတယ္။

လန္ဒန္အေျခစိုက္ သတင္းဌာနက ဟာ အူဘာမီယန္း ရဲ႕ အေျခအေန ထြက္ခြာသြားမႈ နဲ႔ ပတ္သက္ၿပီး အာဆင္နယ္ ပရိသတ္ေတြထံ စစ္တမ္း ေကာက္ယူမႈ ျပဳလုပ္ခဲ့ပါတယ္။

အူဘာမီယန္း ဟာ ၂၀၁၈ ခုႏွစ္ ေဒ့ါမြန္ အသင္းကေန ေရာက္ရွိလာစဥ္ကတည္းက အာဆင္နယ္ အတြက္ အမ်ားႀကီး အက်ိဳးျပဳ ႏိုင္ခဲ့ေပမယ့္ ပရိသတ္ အမ်ားစုကေတာ့ ဂႏၲဝင္အျဖစ္ သတ္မွတ္ဖို႔ မစဥ္းစားၾကပါဘူး။

အခ်က္အလက္ေတြ အရ စစ္တမ္း ေျဖဆိုသူေတြထဲမွာ အာဆင္နယ္ ပရိသတ္ ၃၄/၁% ကပဲ အူဘာမီယန္း ကို ဂႏၲဝင္ အျဖစ္ သတ္မွတ္ၾကၿပီး ၆၅.၉ % ကေတာ့ ဆန႔္က်င္ဘက္ အေျဖကို ေျဖဆို ခဲ့ၾကပါတယ္။

ဒါေပမယ့္ ပရိသတ္ေတြ အမ်ားစုကေတာ့ အူဘာမီယန္း ကို ထြက္ခြာခြင့္ ျပဳလိုက္တာဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ လို႔ လက္ခံ ယူဆၾကပါတယ္။ အာဆင္နယ္ ပရိသတ္ ၅၁.၇% ဟာ တိုက္စစ္မႉးသစ္ မေခၚဘဲ အူဘာ ကို ထြက္ခြာခြင့္ ျပဳတာဟာ မွားယြင္းတယ္လို႔ ေျဖဆို ခဲ့ၾကပါတယ္။

ပရိသတ္ ၄၈.၃ % ကေတာ့ အူဘာ ကို ဘာစီလိုနာ ထံ ထြက္ခြာခြင့္ ျပဳတာဟာ မွန္ကန္တယ္လို႔ ဆိုၾကပါတယ္။ ဒါ့အျပင္ ပရိသတ္ ၆၃.၅% ဟာ အူဘာမီယန္း ဘာစီလိုနာ မွာ ေအာင္ျမင္လိမ့္မယ္လို႔ ေျဖဆိုၾကၿပီး ၃၆.၅% ကေတာ့ ဂ်င္း အျဖစ္နဲ႔ပဲ အဆုံးသတ္ သြားလိမ့္မယ္လို႔ ဆိုပါတယ္။

ေနာက္ဆုံး အေနနဲ႔ အာဆင္နယ္ ပရိသတ္ အမ်ားစုဟာ အူဘာမီယန္း ဒီရာသီမွာ ဘာစီလိုနာ အတြက္ ၈ ဂိုးကေန ၁၁ ဂိုး အထိ သြင္းလိမ့္မယ္လို႔ ေျဖဆို ေပးခဲ့ၾကပါတယ္။