ဒိုင်ဘားလား ကို ဖရီးနဲ့ ခေါ်လိုက်ဖို့ မန်ယူနဲ့ လီဗာပူး အား ချိတ်ဆက် ကမ်းလှမ်းနေတဲ့ အေးဂျင့်
ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဒိုင်ဘားလား ရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ ကစားသမားကို အလွတ်နဲ့ ခေါ်ယူနိုင်ကြောင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ကို ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလား ဟာ ပြီးခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ ဂျူဗင်တပ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားပါ။

ကနဦးမှာ ဒိုင်ဘားလား ဟာ ဂျူဗင်တပ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင် ခဲ့ပေမယ့် ဂျူဗင်တပ်ဘက်က ဘဏ္ဍာရေး အကြပ်အတည်းကို အကြောင်းပြကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဒိုင်ဘာလာရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ်ကို စတင် ရှာဖွေနေတာပဲ ဖြစ်ပါတယ်။
ဒိုင်ဘားလား ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို ကောင်းမွန်တဲ့ အနေအထား တရပ်မှာ ရှိနေပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဒိုင်ဘားလား ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး သူ့ရဲ့ အေးဂျင့်နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေလည်း စတင် ပြုလုပ်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Tutto Sports သတင်းဌာနကလည်း ဒိုင်ဘားလား အနေနဲ့ အသင်းမှာ ဆက်နေဖို့ထက် အသင်းကနေ ထွက်ခွာဖို့ ပိုမို ရာခိုင်နှုန်း များလာကြောင်း ယနေ့မနက်ပိုင်းမှာပဲ ထုတ်ဖော် ရေးသားလာပြီး မန်ယူအသင်းက ဒိုင်ဘားလား ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ZG
ဂ်ဴဗင္တပ္ရဲ႕ အဓိက တိုက္စစ္မႉး တဦး ျဖစ္သူ ဒိုင္ဘားလား ရဲ႕ ေအးဂ်င့္ျဖစ္သူဟာ သူ႔ရဲ႕ ကစားသမားကို အလြတ္နဲ႔ ေခၚယူႏိုင္ေၾကာင္း ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးကလပ္ေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ကို ကမ္းလွမ္းထားတယ္လို႔ အီတလီ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
အသက္ ၂၈ႏွစ္ အ႐ြယ္ အာဂ်င္တီးနား လက္ေ႐ြးစင္ တိုက္စစ္မႉး ေပၚလို ဒိုင္ဘားလား ဟာ ၿပီးခဲ့တဲ့ ၅ႏွစ္တာ ကာလအတြင္းမွာ ဂ်ဴဗင္တပ္ရဲ႕ မရွိမျဖစ္ ကစားသမား တဦး အျဖစ္ ေျခစြမ္းျပ ကစားေနသူ ျဖစ္ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကစားသမားပါ။
ကနဦးမွာ ဒိုင္ဘားလား ဟာ ဂ်ဴဗင္တပ္နဲ႔ ကာလရွည္ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရယူႏိုင္ ခဲ့ေပမယ့္ ဂ်ဴဗင္တပ္ဘက္က ဘ႑ာေရး အၾကပ္အတည္းကို အေၾကာင္းျပကာ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြကို ရပ္ဆိုင္းလိုက္တာေၾကာင့္ ဒိုင္ဘာလာရဲ႕ ေအးဂ်င့္က သူ႔ရဲ႕ ကစားသမား အတြက္ အသင္းသစ္ကို စတင္ ရွာေဖြေနတာပဲ ျဖစ္ပါတယ္။
ဒိုင္ဘားလား ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္ အတြက္ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၂၃ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၁၁ဂိုး သြင္းယူႏိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားႏိုင္ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္က အေတာ္ေလးကို ေကာင္းမြန္တဲ့ အေနအထား တရပ္မွာ ရွိေနပါတယ္။
ဒါေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူးရဲ႕ တာဝန္ရွိသူေတြက ဒိုင္ဘားလား ကို အလြတ္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး သူ႔ရဲ႕ ေအးဂ်င့္နဲ႔ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြလည္း စတင္ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။
ဂ်ဴဗင္တပ္နဲ႔ နီးစပ္တဲ့ သတင္းဌာန တခု ျဖစ္တဲ့ Tutto Sports သတင္းဌာနကလည္း ဒိုင္ဘားလား အေနနဲ႔ အသင္းမွာ ဆက္ေနဖို႔ထက္ အသင္းကေန ထြက္ခြာဖို႔ ပိုမို ရာခိုင္ႏႈန္း မ်ားလာေၾကာင္း ယေန႔မနက္ပိုင္းမွာပဲ ထုတ္ေဖာ္ ေရးသားလာၿပီး မန္ယူအသင္းက ဒိုင္ဘားလား ကို ေခၚယူဖို႔ စိတ္အဝင္စားဆုံး ျဖစ္ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။