ဒိုလေးနဲ့ ပိုချက်တီနို ကို အလဲအထပ် သဘော လုပ်ဖို့ ညှိနေကြတဲ့ မန်ယူနဲ့ ပီအက်စ်ဂျီ
မန်ယူအသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ တိုက်စစ်မှုး စီ ရော်နယ်ဒိုနဲ့ နည်းပြ ပိုချက်တီနို တို့ကို အလဲအထပ် သဘော တည့် လဲ လိုက်ကြဖို့ ကြံစည်နေကြကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ထို အစီအစဉ် အတိုင်းဆို ရော်နယ်ဒိုက ပဲရစ် သို့ သွားရမှာ ဖြစ်ကာ နည်းပြ ရှာနေတဲ့ ယူနိုက်တက်ထံကို ပိုချက်တီနို ရောက်လာရမှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ အမြဲတမ်း မန်နေဂျာ တစ်ဦး ခန့်ဖို့ ရှာဖွေနေရဆဲ ဖြစ်ပြီး လက်ရှိ ယာယီကိုင်တွယ် နေတဲ့ ရန်းနစ်ကို အမြဲတမ်း ခန့်ဖို့ အားရကျေနပ်မှု မရှိသေးပါဘူး။

ရော်နယ်ဒိုနဲ့ ယူနိုက်တက် စာချုပ်က ၂၀၂၃ ထိ ရှိနေပေမယ့် ပီအက်စ်ဂျီကတော့ ပေါ်တူဂီသားကို ခေါ်ယူဖို့ စည်းရုံးနိုင်မယ် ယုံကြည်နေပါတယ်။ ရော်နယ်ဒိုက အသင်း ရလဒ်ပိုင်းတွေကို စိတ်တိုင်းမကျ ဖြစ်နေပေမယ့် ဒီရာသီ ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းကာ သူ့ ခြေစွမ်းကို ဆက်လက် ထိန်းထားနိုင်နေဆဲပါ။
လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီက ရော်နယ်ဒို ကို ခေါ်ယူချင်နေတဲ့ အပြင် နည်းပြ နေရာကိုလည်း ပိုချက်တီနို နဲ့ လမ်းခွဲပြီး ဇီဒန်းကို ခန့်အပ်လိုနေတာပါ။ ရော်နယ်ဒိုနဲ့ ဇီဒန်းက ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်မှုတွေ အတူ ရယူခဲ့သူတွေလည်း ဖြစ်ပါတယ်။
လက်ရှိ ပီအက်စ်ဂျီမှာ နည်းပြလုပ်နေတဲ့ ပိုချက်တီနို ဟာ မန်ချက်စတာ ယူနိုက်တက် ကာလရှည် စောင့်ကြည့်ခဲ့ရသူ ဖြစ်ပြီး ဒီရာသီ ကုန်ရင် ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးစားဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း နွေမှာ အမ်ဘတ်ပီ ကို လက်လွှတ်ရရင် ကြယ်ပွင့် ကစားသမား ထပ်မံ ဖြည့်တင်းချင်ပြီး မက်ဆီ – ရော်နယ်ဒို နာမည်ကြီး အတွဲ ပုံဖော်လိုနေပါတယ်။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ရော်နယ်ဒို ကို ထွက်ခွာခွင့် ပြုပြီး ပိုချက်တီနို ကို ရဖို့ သဘောတူနိုင်ရင် ဒီအစီအစဉ်က ဖြစ်မြောက်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

ZG
မန္ယူအသင္းနဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔ဟာ တိုက္စစ္မႈး စီ ေရာ္နယ္ဒိုနဲ႕ နည္းျပ ပိုခ်က္တီနို တို႔ကို အလဲအထပ္ သေဘာ တည့္ လဲ လိုက္ၾကဖို႔ ၾကံစည္ေနၾကေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။
ထို အစီအစဥ္ အတိုင္းဆို ေရာ္နယ္ဒိုက ပဲရစ္ သို႔ သြားရမွာ ျဖစ္ကာ နည္းျပ ရွာေနတဲ့ ယူနိုက္တက္ထံကို ပိုခ်က္တီနို ေရာက္လာရမွာပါ။
မန္ခ်က္စတာ ယူနုိက္တက္ဟာ လာမယ့္ေႏြမွာ အျမဲတမ္း မန္ေနဂ်ာ တစ္ဦး ခန္႔ဖို႔ ရွာေဖြေနရဆဲ ျဖစ္ျပီး လက္ရွိ ယာယီကိုင္တြယ္ ေနတဲ့ ရန္းနစ္ကို အျမဲတမ္း ခန္႔ဖို႔ အားရေက်နပ္မႈ မရွိေသးပါဘူး။
ေရာ္နယ္ဒိုနဲ႕ ယူနုိက္တက္ စာခ်ဳပ္က ၂၀၂၃ ထိ ရွိေနေပမယ့္ ပီအက္စ္ဂ်ီကေတာ့ ေပၚတူဂီသားကို ေခၚယူဖို႔ စည္းရံုးနိုင္မယ္ ယံုၾကည္ေနပါတယ္။ ေရာ္နယ္ဒိုက အသင္း ရလဒ္ပိုင္းေတြကို စိတ္တိုင္းမက် ျဖစ္ေနေပမယ့္ ဒီရာသီ ျပိဳင္ပြဲစံု ၁၄ ဂိုး သြင္းကာ သူ႔ ေျခစြမ္းကို ဆက္လက္ ထိန္းထားနိုင္ေနဆဲပါ။
လီဂူးဝမ္း ကလပ္ ပီအက္စ္ဂ်ီက ေရာ္နယ္ဒို ကို ေခၚယူခ်င္ေနတဲ့ အျပင္ နည္းျပ ေနရာကိုလည္း ပိုခ်က္တီနို နဲ႕ လမ္းခြဲျပီး ဇီဒန္းကို ခန္႔အပ္လိုေနတာပါ။ ေရာ္နယ္ဒိုနဲ႕ ဇီဒန္းက ရီးရဲလ္မက္ဒရစ္မွာ ေအာင္ျမင္မႈေတြ အတူ ရယူခဲ့သူေတြလည္း ျဖစ္ပါတယ္။
လက္ရွိ ပီအက္စ္ဂ်ီမွာ နည္းျပလုပ္ေနတဲ့ ပိုခ်က္တီနို ဟာ မန္ခ်က္စတာ ယူနုိက္တက္ ကာလရွည္ ေစာင့္ၾကည့္ခဲ့ရသူ ျဖစ္ျပီး ဒီရာသီ ကုန္ရင္ ေခၚယူနိုင္ဖို႔ ထပ္မံ ၾကိဳးစားဖြယ္ ရွိေနပါတယ္။ ပီအက္စ္ဂ်ီဘက္ကလည္း ေႏြမွာ အမ္ဘတ္ပီ ကို လက္လႊတ္ရရင္ ၾကယ္ပြင့္ ကစားသမား ထပ္မံ ျဖည့္တင္းခ်င္ျပီး မက္ဆီ – ေရာ္နယ္ဒို နာမည္ၾကီး အတြဲ ပံုေဖာ္လိုေနပါတယ္။
ဒါေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္က ေရာ္နယ္ဒို ကို ထြက္ခြာခြင့္ ျပဳျပီး ပိုခ်က္တီနို ကို ရဖို႔ သေဘာတူနိုင္ရင္ ဒီအစီအစဥ္က ျဖစ္ေျမာက္လာနုိင္တယ္လို႔ ယူဆေနၾကပါတယ္။