အကောင်းဆုံး ဆုရှင် မာတင်နယ်လီ၊ အသင်းပြောင်းဖို့ ဆွေးနွေးနေတဲ့ လာကာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ ပျက်ကွက်ခဲ့ပြီးနောက် အဆင့်လေး အတွင်း ဝင်ဖို့ မသေချာတော့ဘူးလို့ အာဆင်နယ်ဂန္ထဝင် ကစားသမားဟောင်း အလန်စမစ်က သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် ပုံစံကောင်းပြနေပေမဲ့ ဒဏ်ရာပြဿနာတွေက ပြောင်းလဲသွားနိုင်ကြောင်း၊ ချန်ပီယံလိဂ် ဝင်ဝင်၊ မဝင်ဝင် အာဆင်နယ်ဟာ အာတီတာ လက်အောက်မှာ လမ်းကြောင်းမှန်ပေါ်မှာတော့ ရှိနေကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ မကစားရခြင်းမှာ နည်းပြအာတီတာက သူ့ကို အလိုမရှိလို့ ဖြစ်ပြီး သူ့အနေနဲ့ အာဆင်နယ်ကို ချစ်မြတ်နိုးပေမဲ့ ပြန်ကစားဖို့ဆိုတာ သူလုပ်ဆောင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ကလပ်အသင်းတချို့နဲ့ စကားပြောနေပြီး ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မှာ ကစားမှာ မဟုတ်ဘူး လို့ ဝီလ်ရှိုင်းယား က ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက် က တခြားလိဂ်တွေက အသင်းတွေကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ လာကာဇက်ကို ဘက်ရှီးတပ်စ်နဲ့ လိုင်ယွန်တို့က အပြိုင် လိုက်နေပြီး လာကာဇက် က တစ်နှစ်လုပ်ခ ယူရို ၆ သန်းအလိုရှိနေတာပါ။

ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို လူငယ် တိုက်စစ်မှုး မာတင်နယ်လီက ရရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း အာဆင်နယ်ဟာ ရလဒ်ဆိုးတွေကြုံခဲ့ရပြီး တစ်ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် မာတင်နယ်လီကတော့ ခြေစွမ်းကောင်းပြသခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ လက်ရှိသူတို့အနေနဲ့ အရည်အသွေးနဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ပေါင်းစပ် ထားကြောင်း၊ သူတို့အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်ကြောင်း၊ ကစားသမားတွေရဲ့ စိတ်အား ထက်သန်မှုကို မြင်တွေ့ရပြီး အသင်းက များစွာ တိုးတက်လာကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာဂန္ထဝင် ရီဗယ်ဒိုက ဘာစီလိုနာအနေနဲ့ အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်ကို ခေါ်လိုက်တာက အားဖြည့်မှု ကောင်း ဖြစ်တယ်လို့ ယုံကြည်မိကြောင်း၊ အူဘာမီယန်အနေနဲ့လည်း ဘာစီမှာအခွင့်အရေးပြန်ရဖို့ ကြိုးပမ်းရမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ပတ်ဒီကင်နီကတော့ အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လူသစ် ဝယ်ယူခဲ့သင့်ကြောင်း၊ ဒါက ပရီးမီးယားလိဂ်ဖြစ်ပြီး တောင်းဆိုမှု အလွန်မြင့်မားကြောင်း၊ ဒဏ်ရာပြ၁သနာတွေ၊ ပွဲပယ်ပြစ်ဒဏ်တွေ ကြုံတဲ့အခါ ရုန်းကန်ရမှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ခေါ်ယူလိုတဲ့အသင်းတွထဲ လန်ဒန်မြို့ခံြံပိုင်ဘက် ဝက်စ်ဟမ်းလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ ပြင်သစ် ကစားသမားကို ဝက်စ်ဟမ်းက ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။