ဒီည ဘန်လေ – မန်ယူ ပွဲအတွက် ဘီဘီစီ လော်ရိုးနဲ့ ဂုရုကြီး ပေါမာဆန်တို့ရဲ့ ခန့်မှန်း ဟောကိန်း ထုတ်မှုများ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည (မနက်ဖြန် မနက်) ၂း၃ဝ နာရီ အချိန်မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ လော်ရိုး၊ ဂန်းနားဟောင်း ဂုရုကြီး ပေါမာဆန်တို့က အခုလို သုံးသပ်ခန့်မှန်း ဟောကိန်းထုတ် ထားပါတယ်။

လော်ရိုး သုံးသပ်ခန့်မှန်းချက်
ရန်နစ် ရဲ့ လက်ထက်မှာ ယူနိုက်တက် ဟာ လုံး၀ ကို အပြောင်းအလဲတွေ ဖြစ်သွားမယ်လို့ တွေးထားခဲ့တာပါ။ ပြီးတော့ Pressing Game ကို ပီပီပြင်ပြင် ပုံဖော်ပြီး ကစားမယ်ပေါ့။ ဒါပေမယ့် အခုထိ တစ်ခုမှ ဟုတ်တိပတ်တိ ဖြစ်မလာသေးပါဘူး။
သူ့လက်ထက်မှာ ရလာဒ် တစ်ချို့တော့ ကောင်းလာပါရဲ့ ၊ ဒါပေမယ့် ကစားပုံက မီးနစ် 90 ပြည့် တောင့်တင်း ကောင်းမွန်နေတာ မဟုတ်ပါဘူး။ သောကြာနေ့ က အက်ဖ်အေ ဖလားမှာ မစ်ဒယ်ဘရော့ အသင်းကို ရှုံးနိမ့်ခဲ့တာ နောက်ဆုံး ဥပမာ ပါပဲ။ အဲဒီပွဲ ကြည့်ပြီးတော့ ယူနိုက်တက် ဟာ ဘာတွေများ မှားနေတာလဲ လို့တောင် တွေးပြီး ကျန်ခဲ့မိပါတယ်။
လက်ရှိ အချိန်ထိ သူတို့ဟာ အဆင့် 4 နေရာမှာ ရပ်တည်နေဆဲပါ။ အသင်းမှာ ပြသနာတွေလဲ ရှိနေဆဲ ဖြစ်သလို ၊ အဆင့် 4 မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ် ဆိုရင်တော့ မဖြစ်မနေကို စွမ်းဆောင်ရည်တွေ တိုးတက်ဖို့ လိုပါတယ်။
ဒီနေရာမှာ ရလဒ်ပိုင်း က တည်ငြိမ်ချင်တယ် ဆိုရင် ကစားသမား တွေကလဲ ကိုယ့်တာဝန် ကိုတော့ ကျေပွန်အောင် လုပ်ရပါမယ်။ လက်ရှိ ပုံစံက အဝတ်လဲခန်း အတွင်းမှာ ဘယ်သူကမှ ရှေ့ထွက်ပြီး ခေါင်းခံချင်ပုံ မရပါဘူး။ ဒီအကြောင်းရာတွေ ပြောနေရပေမယ့် ၊ ယူနိုက်တက် ဟာ ဘန်လေ ကို မဖြစ်နေ အနိုင်ကစားဖို့ လိုပါတယ်။
ရှောင်ဒိုက်ချ် ရဲ့ အသင်းဟာ အမှတ်ပေးဇယား အောက်ခြေမှာ ဖြစ်တဲ့အပြင် ၊ တစ်ရာသီလုံးမှ နိုင်ပွဲ က တစ်ပွဲပဲ ရထားသေးတာလေ။ ဒီပွဲမှ အနိုင်မရရင်တော့ ယူနိုက်တက် ဟာ ရန်နစ် လက်ထက်မှာလဲ ဘာမှ ထူးမလာသေးဘူးလို့ ပြန်ပြောရတော့မှာပါ။
လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘန်လေ 0-2 မန်ချက်စတာယူနိုက်တက်

ပေါမာဆန် သုံးသပ်ခန့်မှန်းချက်
မဒ်ဒယ်ဘရော့ကို ရင်ဆိုင်ကစားရာမှာ မန်ယူနိုက်တက်က ရလဒ်ဆိုး ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ သူတို့ ကစားပုံကောင်းတယ်လို့ ထင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ကိုယ်ပိုင်ဟန် ပုံစံတွေကတော့ ပျောက်ဆုံးနေခဲ့တယ်။ အကယ်လို့ ကွင်းလယ် နှစ်ယောက်တန်းနဲ့ အတူ ၄-၂-၂-၂ ကစားမယ်ဆိုရင် သူတို့မှာ ကန်တေလို ကစားသမားမျိုး လိုပါတယ်။
ဒီအခြေအနေမှာ ရန်းနစ်က ကစားသမားတွေကို ပျော်အောင် ကြိုးစားနေတယ်လို့ မြင်ပါတယ်။ သူက တိုက်စစ်မှာ အပြောင်းအလဲ လုပ်ဖို့ လိုနေပြီး ၂-၃-၃ မျိုးကို ချိန်းရမှာပါ။ သူတို့မှာ ယိုပေါက်တွေ သိပ်များနေပြီး မလိုအပ်တဲ့ ကစားသမားတွေနဲ့ လူစာရင်း အပြည့်လည်း ရှိနေပါတယ်။
ဒီရာသီ ဘန်လေအသင်းရဲ့ ပရီးမီးယားလိဂ်ပုံစံကို စိတ်ပျက်မိပါတယ်။ သူတို့က ခံစစ်ပိုင်း ဂိုး မပေးရအောင် စွမ်းဆောင်နိုင်ပေမယ့် တိုက်စစ်က ဂိုးရမယ်လို့ လုံးဝကို မထင်ရပါဘူး။ ဒီပွဲကို ယူနိုက်တက်တို့ အရေးနိမ့်မယ်ဆိုရင် ကျနော် သိပ်ကို အံ့သြမိမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘန်လေ 0-2 မန်ချက်စတာယူနိုက်တက်