ဘောလုံး ဂုရုကြီး ပေါလ်မာဆန်ရဲ့ ဒီအပတ်ပွဲတွေအတွက် ပွဲကြို ခန့်မှန်းပေးမှုများ

ပရီးမီးယားလိဂ် သီတင်းပတ် ၉ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ ဖြစ်ပါတယ်။

အာဆင်နယ် vs ဗီလာ

အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ကောင်းကောင်းလုပ်နေတယ်။ လူတွေက ပဲလေစ့်နဲ့ပွဲမှာ သူတို့ သရေကျတာကို ဆိုးရွားတဲ့ ရလဒ်လို့ မြင်နေပေမယ့် အရင်နှစ်နှစ်လောက်ကဆို ဒီလိုပွဲက အရှုံးရလဒ် ထွက်ပေါ်မှာပါ။ ဒီပွဲမှာတော့ အာဆင်နယ်က နိုင်ဖို့ကို လိုပါတယ်။ ခက်ခဲတဲ့ပွဲ ဖြစ်လာဖို့ ရှိနေပြီး အာဆင်နယ်က ကပ်သီးလေး အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – အာဆင်နယ် 2-1 အက်စ်တွန် ဗီလာ

ချဲဆီး vs နော့ဝှစ်ချ်

ဒီပွဲကတော့ မကန်ခင်တည်းက ပွဲပြီးနေပါပြီ။ ချယ်ဆီးက လူကာကူနဲ့ ဗာနာတို့ မပါဘဲ ယှဉ်ပြိုင်ရမယ်ဆိုပေမယ့်လို့ ဇယားအောက်ခြေက နော့ဝစ်ချ်ကို ရင်ဆိုင်ရာမှာ ၃-၀ လောက်နဲ့ကို နိုင်သွားမှာပါ။ တူချယ်က ဟာဗက်ကို တိုက်စစ်တင်မှာဖြစ်ပြီး သူက အထောင်တိုက်စစ်သမားအဖြစ် အမြဲတမ်း ကစားရသူ မဟုတ်ပေမယ့် ချယ်ဆီးအတွက် ခပ်လွယ်လွယ်ပွဲမှာ သူ့ကို ထားကစားလို့ ပြဿနာ မရှိပါဘူး။

ခန့်မှန်းချက် – ချဲဆီး 3-0 နော့ဝှစ်ချ်

ဘရိုတ်တန် vs မန်စီးတီး

ဘရိုက်တန်က အသင်းကောင်းတစ်သင်းပါ။ မန်စီးတီးကလည်း အညှာအတာ ကင်းကင်းကို ကစားနေတာဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းက ဒုက္ခတွေများမယ်လို့ ထင်ပါတယ်။ မန်စီးတီးရဲ့ ဂိုးသွင်းနိုင်စွမ်းက သိပ်ကို ကောင်းမွန်တာကြောင့် ဂရေဟမ် ပေါ်တာနဲ့ အဖွဲ့က ကိုင်တွယ်ရ ခက်ခဲနိုင်ပါတယ်။

ခန့်မှန်းချက် – ဘရိုတ်တန် 1-3 မန်စီးတီး

ဝက်ဟမ်း – စပါး

ဒီပွဲက ပွဲကောင်းဖြစ်ပြီး ကျနော်ကတော့ ဝက်ဟမ်း အနိုင်လို့ ခန့်မှန်းပါတယ်။ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေအရ ဝက်ဟမ်းက စပါးထက် ပိုကောင်းပါတယ်။ မိုယက်စ်အနေနဲ့ သူ့လူစာရင်းကို ကြံ့ခိုင်နေအောင် ထိန်းသိမ်းနိုင်မယ်ဆိုရင် ရာသီအကုန် စပါးရဲ့ အထက်မှာ ရပ်တည်ပါလိမ့်မယ်။

ခန့်မှန်းချက် – ဝက်စ်ဟမ်း 2-1 စပါး

ယူနိုက်တက် – လီဗာပူး

ဒီအပတ် ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံး ပွဲဖြစ်ပြီး လူတိုင်းက လီဗာပူးပဲ အပြတ်အသတ် အနိုင်ရမယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်ကတော့ အဲ့လို မထင်ပါဘူး။ ကိုယ်အသင်းရဲ့ မဟာပြိုင်ဘက်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရချိန်မှာ အခွင့်အရေး ပေးမယ်ထင်လား။ ထင်နေရင်တော့ တကယ်ကို ဟာသပါပဲ။

ဆိုးရှားလက်အောက် ယူနိုက်တက်ရဲ့ အနေအထားကို ကျနေ်ာတို့လည်း မြင်ပါတယ်။ နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာဖို့ ရှိနေပြီး ယူနိုက်တက်တို့ အလိုမရှိဆုံး ကိစ္စဆိုရင် အိမ်ကွင်းမှာ လီဗာပူးကို အရေးနိမ့်တာပါပဲ။ အတ္တလန်တာနဲ့ပွဲ ဒုတိယပိုင်းက ခြေစွမ်းအတိုင်း ယူနိုက်တက်တို့ ကစားနိုင်မယ်ဆိုရင် ရလဒ်ကောင်းထွက်လာနိုင်ပါသေးတယ်။ ကျနော်ကတော့ ၁-၁ ဖြစ်မယ်လို့ မှန်းဆထားတယ်။

ခန့်မှန်းချက် – ယူနိုက်တက် 1-1 လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ

ပဲလေ့ 2-1 နယူးကာဆယ်
အဲဗာတန် 2-0 ဝက်ဖို့ဒ်
လိဒ် 2-1 ဝုဖ်
ဆောက်သမ်တန် 1-0 ဘန်လေ
ဘရန်းဖို့ဒ် 2-2 လက်စတာ