ဘန်လေနဲ့ ပွဲ အနိုင်ရဖို့ မန်ယူ ခြေစွမ်းက မလုံလောက်ခဲ့ဘူး လို့ ဝန်ခံလိုက်တဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ပွဲမှာ ဘန်လေအသင်းကို အဝေးကွင်းမှာ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် မန်ယူ နည်းပြ ရန်နစ်က အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေဘူးလို့ ဝန်ခံပြောကြား လိုက်ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပေမယ့် ကန်ချက် ၂ ကြိမ်က ဂိုးမဝင်ခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာက တစ်နှစ်ကျော်အကြာ ပထမဆုံးလိဂ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဘန်လေစတား ဂျေးရိုဒရီဂွက်ဇ်က ချေပဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် မန်ယူတို့ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

မန်ယူနည်းပြ ရန်းနစ် ကတော့ ပထမပိုင်းမှာ ဂိုးမရခဲ့တာတွေအတွက် မဝေဖန်ချင်ဘူးလို့ ပြောကြားခဲ့ပြီး သရေ တစ်မှတ် ရတာက အဆင်မပြေဘူူးလို့ ဆိုခဲ့ပါတယ်။

“ပထမပိုင်းမှာ ကျွန်တော်တို့ ၃ ဂိုးလောက်သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းခြေစွမ်းကိုတော့ ကျွန်တော်မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် မှန်ပါတယ်။ အဆုံးသတ်မှာ နောက်ဆုံး ၂၅ မိနစ်အတွင်း set-pieces တွေ ၊ ဖရီးကစ်တွေ ၊ ထောင့်ကန်ဘောတွေ ရခဲ့ပါတယ်။

ပြီးတော့ ဗာရာနီ၊ ရော်နယ်ဒိုနဲ့ မက်ဂွါရီတို့လည်း အခွင့်အရေးတွေရခဲ့ပါတယ်။ အခုလည်း နောက်ထပ် တစ်ကြိမ် သရေ တစ်မှတ်နဲ့ အဆုံးသတ်ခဲ့ရပြန်ပါပြီ။ လုံလောက်တဲ့ စွမ်းဆောင်ရည်တော့ မဟုတ်ခဲ့ပါဘူူး” လို့ ရန်းနစ်က ပြောကြား ခဲ့ပါတယ်။

အက်ဖ်အေမှာ မစ်ဒယ်ဘရော့ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပြီးနောက် ခုလို ဘန်လေကို သရေ ကျသွားပြန်တာကြောင့် မန်ယူအသင်း အတွက် နောက်ထပ် စိတ်ပျက်စရာ ညတစ်ညဖြစ်ခဲ့ရပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ပြဲမွာ ဘန္ေလအသင္းကို အေဝးကြင္းမွာ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ မန္ယူ နည္းျပ ရန္နစ္က အသင္းရဲ႕စြမ္းေဆာင္ရည္ပိုင္းဟာ အေကာင္းဆုံးအေနအထားမွာ ရွိမေနဘူးလို႔ ဝန္ခံေျပာၾကား လိုက္ပါတယ္။

ပထမပိုင္းမွာ မန္ယူတို႔ အေကာင္းဆုံး စြမ္းေဆာင္ျပခဲ့ေပမယ့္ ကန္ခ်က္ ၂ ႀကိမ္က ဂိုးမဝင္ခဲ့တာျဖစ္ၿပီး ေပါ့ဂ္ဘာက တစ္ႏွစ္ေက်ာ္အၾကာ ပထမဆုံးလိဂ္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ဘန္ေလစတား ေဂ်း႐ိုဒရီဂြက္ဇ္က ေခ်ပဂိုးျပန္လည္ သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ မန္ယူတို႔ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရပါတယ္။

မန္ယူနည္းျပ ရန္းနစ္ ကေတာ့ ပထမပိုင္းမွာ ဂိုးမရခဲ့တာေတြအတြက္ မေဝဖန္ခ်င္ဘူးလို႔ ေျပာၾကားခဲ့ၿပီး သေရ တစ္မွတ္ ရတာက အဆင္မေျပဘူူးလို႔ ဆိုခဲ့ပါတယ္။

“ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ ၃ ဂိုးေလာက္သြင္းယူႏိုင္ခဲ့ပါတယ္။ ပထမပိုင္းေျခစြမ္းကိုေတာ့ ကြၽန္ေတာ္မေဝဖန္ခ်င္ပါဘူး။ ဒါေပမယ့္ မွန္ပါတယ္။ အဆုံးသတ္မွာ ေနာက္ဆုံး ၂၅ မိနစ္အတြင္း set-pieces ေတြ ၊ ဖရီးကစ္ေတြ ၊ ေထာင့္ကန္ေဘာေတြ ရခဲ့ပါတယ္။

ျပီးေတာ့ ဗာရာနီ၊ ေရာ္နယ္ဒိုနဲ႔ မက္ဂြါရီတို႔လည္း အခြင့္အေရးေတြရခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္ တစ္ႀကိမ္ သေရ တစ္မွတ္နဲ႔ အဆုံးသတ္ခဲ့ရျပန္ပါၿပီ။ လုံေလာက္တဲ့ စြမ္းေဆာင္ရည္ေတာ့ မဟုတ္ခဲ့ပါဘူူး” လို႔ ရန္းနစ္က ေျပာၾကား ခဲ့ပါတယ္။

အက္ဖ္ေအမွာ မစ္ဒယ္ဘေရာ့ကို အေရးနိမ့္ၿပီး ထြက္ခြာခဲ့ရၿပီးေနာက္ ခုလို ဘန္ေလကို သေရ က်သြားျပန္တာေၾကာင့္ မန္ယူအသင္း အတြက္ ေနာက္ထပ္ စိတ္ပ်က္စရာ ညတစ္ညျဖစ္ခဲ့ရပါတယ္။