နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ဖလား ယူဖိူ့ အာဆင်နယ်ကို ငြင်းခဲ့တာ ဆိုတဲ့ ဂွီးမာရက်ဇ်
လိုင်ယွန်ကနေ နယူးကာဆယ်အသင်းထံကို ပေါင် သန်း ၄၀ ဖြင့် ပြောင်းလာခဲ့တဲ့ ဘရာဇီးသား ဘရူနို ဂွီးမာရက်ဇ် ဟာ ဆော်ဒီ ပိုင်ရှင်တွေ လက်အောက်မှာ ကလပ်က ကမ္ဘာအင်အားကြီးကလပ် ဖြစ်လာမယ်လို့ ယုံကြည်နေပြီး ချန်ပီယံလိဂ်ဖလား ယူဖို့ထိ ရည်မှန်းချက် ထားနေပါတယ်။
ဂွီးမာရက်ဇ် ဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုလည်း ရခဲ့ပေမယ့် ငြင်းပယ်ပြီး နယူးကာဆယ်ကို ရွေးခဲ့တာပါ။

” ဒီရာသီ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့က နယူးကာဆယ်အတွက် အဓိက စိန်ခေါ်မှုနဲ့ ရည်မှန်းချက်ဆိုတာကို သူတို့ မငြင်းပါဘူး။ ဒါပေမယ့်လို့ လာမယ့်ရာသီတွေမှာ ကလပ်ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ကို ပါဝင် ယှဉ်ပြိုင်ရဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ဖြစ်ပါတယ်။
ဒီစီမံကိန်းတွေကို ကျနော် ယုံကြည်ပါတယ်။ ကလပ်က ကျနော်ကို စည်းရုံးခဲ့တဲ့ စကားလုံးတိုင်းကို ယုံကြည်ပါတယ် ” လို့ ဂွီးမာရက်ဇ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်က အာဆင်နယ်လို အသင်းကြီး တစ်သင်းလားလို့ မေးခွန်းထုတ်ခံရချိန်မှာလည်း သူက “ ကမ္ဘာအင်အားကြီး ကလပ်တွေထဲက တစ်သင်းဖြစ်အောင် ကျနေ်ာတို့ ကြိုးစားသွားမှာပါ။ နယူးကာဆယ်က အစဉ်အလာကြီးတဲ့ သမိုင်းဝင် ကလပ်တစ်သင်းပါ။ အသင်းဟာ သမိုင်းကြောင်းကောင်းလည်း ရှိထားပါတယ်။
နယူးကာဆယ်ကို ပြောင်းလာဖို့ ဆုံးဖြတ်မှုကို သံသယမရှိပါဘူး။ ဒီအသင်းက စိတ်ဝင်စားစရာ ကိစ္စတွေ ရှိနေပါတယ်။ အသင်းဥက္ကဋ္ဌ၊ ဒါရိုက်တာတွေရဲ့ ကျနော်အပေါ် ယုံကြည်မှုကို သိရတာအတွက်လည်း ပျော်ရွှင်မိပါတယ်။ ကျနော်က စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမယ့်သူပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZG
လိုင္ယြန္ကေန နယူးကာဆယ္အသင္းထံကို ေပါင္ သန္း ၄၀ ျဖင့္ ေျပာင္းလာခဲ့တဲ့ ဘရာဇီးသား ဘ႐ူႏို ဂြီးမာရက္ဇ္ ဟာ ေဆာ္ဒီ ပိုင္ရွင္ေတြ လက္ေအာက္မွာ ကလပ္က ကမာၻအင္အားႀကီးကလပ္ ျဖစ္လာမယ္လို႔ ယုံၾကည္ေနျပီး ခ်န္ပီယံလိဂ္ဖလား ယူဖို႔ထိ ရည္မွန္းခ်က္ ထားေနပါတယ္။
ဂြီးမာရက္ဇ္ ဟာ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈလည္း ရခဲ့ေပမယ့္ ျငင္းပယ္ျပီး နယူးကာဆယ္ကို ေရြးခဲ့တာပါ။
” ဒီရာသီ ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔က နယူးကာဆယ္အတြက္ အဓိက စိန္ေခၚမႈနဲ႔ ရည္မွန္းခ်က္ဆိုတာကို သူတို႔ မျငင္းပါဘူး။ ဒါေပမယ့္လို႔ လာမယ့္ရာသီေတြမွာ ကလပ္ရဲ႕ ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ကို ပါဝင္ ယွဥ္ၿပိဳင္ရဖို႔နဲ႔ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရဖို႔ ျဖစ္ပါတယ္။
ဒီစီမံကိန္းေတြကို က်ေနာ္ ယုံၾကည္ပါတယ္။ ကလပ္က က်ေနာ္ကို စည္း႐ုံးခဲ့တဲ့ စကားလုံးတိုင္းကို ယုံၾကည္ပါတယ္ ” လို႔ ဂြီးမာရက္ဇ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။
နယူးကာဆယ္က အာဆင္နယ္လို အသင္းႀကီး တစ္သင္းလားလို႔ ေမးခြန္းထုတ္ခံရခ်ိန္မွာလည္း သူက “ ကမာၻအင္အားႀကီး ကလပ္ေတြထဲက တစ္သင္းျဖစ္ေအာင္ က်ေန္ာတို႔ ႀကိဳးစားသြားမွာပါ။ နယူးကာဆယ္က အစဥ္အလာႀကီးတဲ့ သမိုင္းဝင္ ကလပ္တစ္သင္းပါ။ အသင္းဟာ သမိုင္းေၾကာင္းေကာင္းလည္း ရွိထားပါတယ္။
နယူးကာဆယ္ကို ေျပာင္းလာဖို႔ ဆုံးျဖတ္မႈကို သံသယမရွိပါဘူး။ ဒီအသင္းက စိတ္ဝင္စားစရာ ကိစၥေတြ ရွိေနပါတယ္။ အသင္းဥကၠ႒၊ ဒါ႐ိုက္တာေတြရဲ႕ က်ေနာ္အေပၚ ယုံၾကည္မႈကို သိရတာအတြက္လည္း ေပ်ာ္႐ႊင္မိပါတယ္။ က်ေနာ္က စိန္ေခၚမႈေတြကို ရင္ဆိုင္သြားမယ့္သူပါ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။