ဒိုလေး ကို အရန်ခုံထားတဲ့ အပေါ် ထောက်ပြမှု၊ တန်ဟက်၊ မက်ဂွဲရားတို့နဲ့ ယနေ့ မန်ယူသတင်းများ
မန်ယူရဲ့ လက်ရှိပြဿနာက အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိရှိခြင်း မရှိတာ ဖြစ်ကြောင်း၊ မန်ယူအနေနဲ့ လက်ရှိအချိန်မှာ စုစည်းမှု အပြည့် ရှိဖို့လိုကြောင်း၊ မန်ယူရဲ့ လက်ရှိ အခြေအနေနဲ့တော့ ဆုဖလား အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ပစ်မှတ်ထားသင့်တော့ကြောင်း ဖာဒီနန်က မှတ်ချက်ပြုခဲ့ပါတယ်။
အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်က မန်ချက်စတာယူနိုက်တက် ကစားသမားတွေအနေနဲ့ မကျေနပ်တွေကို လူမှုကွန်ရက်ပေါ် လျှောက်ရေးနေတာ မဖြစ်သင့်ကြောင်း၊ ဒီရာသီမှာ မန်ယူကစားသမားတွေရဲ့ ကွင်းအတွင်း body language တွေ၊ စိတ်သဘောထားတွေကလည်း ဝေဖန်စရာဖြစ်ကြောင်း ပြစ်တင်ခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဘန်လေနဲ့ပွဲက မက်ဂွဲရားရဲ့ အလွန် ဆိုးရွားလှတဲ့ခြေစွမ်းပိုင်းကို ဝေဖန်ခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးမှာ မက်ဂွဲရားရဲ့ပုံစံက ဆိုးရွားခဲ့ကြောင်း၊ မက်ဂွဲရားအနေနဲ့ အဲဒီခြေစွမ်းနဲ့ ကွင်းအတွင်း ဆက်ရှိပြီး ပွဲချိန်ပြည့် ကစားခဲ့ရတာ ကံကောင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ နည်းပြ ရန်နစ်က သူနဲ့ ကွင်းလယ်လူ လင်ဂတ်တို့အကြား ပြဿနာမရှိဘဲ အလွန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း၊ ဂရင်းဝုဒ်ရဲ့ဖြစ်ရပ် မတိုင်ခင်ကတည်းက မိမိအနေနဲ့ လင်ဂတ်ကိုအသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာ သူလည်းသိကြောင်း၊ လင်ဂတ်ကို ပိုင်ဆိုင်ထားရတာ မိမိအနေနဲ့ ပျော်ရွှင်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
နယ်သာလန်ဂျာနယ်လစ် မိုက်ဗာဝီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက်ဇ် နည်းပြ တန်ဟတ်ကို ခေါ်ယူရေး အခြေအနေကောင်းနေကြောင်း သိရပါတယ်။ တန်ဟတ်အနေနဲ့ ရာသီကုန်မှာ အေဂျက်ဇ်ကနေ ထွက်ခွာ သွားနိုင်ကြောင်း သူက ဆိုထားခဲ့တာပါ။ မန်ယူဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ တန်ဟတ်ကိုလည်း ဦးစားပေး စာရင်းထဲ ထည့်သွင်းထားပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ရော်ဘီ ဆားဗေ့ခ်ျ ကတော့ ဘန်လေနဲ့ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အရန်ခုံမှာထားရှိခဲ့တဲ့ နည်းပြရန်နစ်ရဲ့လုပ်ရပ်ဟာ မှားယွင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

မိမိသာ ဆိုရင် စီရော်နယ်ဒိုကို အချိန်တိုင်းထည့်သုံးမှာဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ ကြံ့ခိုင်မှု သန်မာလွန်းသူဖြစ်ပြီး အလွန်ကြိုးစားအားထုတ်မှု ကောင်းကြောင်း ရော်ဘီ ဆားဗေ့ခ်ျ က ဆိုခဲ့တာပါ။
ဆွစ်ဇာလန်ကွင်းလယ်လူ ဇာကာရီယာက သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအေ၇ွှ့မှာ မန်ယူကိုကျော်လွန်ပြီး ဂျူဗင်တပ်ကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်ဟာ သူ့ကိုခေါ်ယူဖို့ ပိုမို လိုလားခဲ့ကြောင်း၊ တခြား အသင်းတွေ ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဂျူဗင်တပ်က ပိုမိုလိုလိုလားလား ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။