သူ့အတွက် ပြသနာက အာတီတာပဲ ဆိုတဲ့ အူဘာမီးယန်းနဲ့ အာတီတာရဲ့ တုန့်ပြန် ဖြေရှင်းချက်
ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ချိန်မှာပဲ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အံ့အားသင့်ဖွယ် အမြန် ပြောင်းရွှေ့ရောက်ရှိသွားခဲ့တဲ့ တိုက်စစ်မှုး အူဘာမီယန်းက အာဆင်နယ်အသင်းမှာ သူ့အတွက် တစ်ခုတည်းသော ပြသနာက အသင်းနည်းပြ အာတီတာပဲလို့ ပြောဆိုခဲ့တဲ့အပေါ် အာတီတာဘက်က ပြန်လည် တုန့်ပြန် ဖြေရှင်း သွားခဲ့ပါတယ်။
အူဘာမီယန်းဟာ အသင်းဟောင်း အာဆင်နယ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့ပေမယ့် ဒီနှစ်ရာသီအတွင်း သူရဲ့တိုက်စစ်စွမ်းရည်တွေ ကျဆင်းလာခဲ့သလို စည်းကမ်းချိုးဖောက်မှုတွေပါ ပြုလုပ် မိခဲ့တာကြောင့် အသင်းခေါင်းဆောင် ရာထူးကနေပါ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း အူဘာကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီးကတည်းက အသင်းရဲ့ လူစာရင်းကနေပါ ဆက်တိုက်ချန်လှပ်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ အူဘာနဲ့ အာဆင်နယ်တို့ကြားမှာ စာချုပ်ဖျက်သိမ်းလိုက်ရပြီး အူဘာကလည်း ဘာစီလိုနာအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်း ရောက်သွားပြီးတဲ့နောက် အူဘာမီယန်းက သူ့အနေနဲ့ အာဆင်နယ်ကနေ ထွက်လာခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက် က အာတီတာပဲလို့ ပြောဆိုခဲ့တာပါ။
အူဘာမီယန်းဟာ “ အာတီတာနဲ့ပဲ ပြဿနာရှိခဲ့တာလို့ ထင်ပါတယ်။ အဲ့နောက်မှာ သူက အဲ့ဒီ့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ သူက မကျေနပ်ခဲ့ဘူးလေ။ အဲ့ဒါပဲ။ ကျွန်တော်က အေးအေးဆေးဆေး ဖြစ်ခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်။
ဒီစကား အပေါ် အာတီတာက “အူဘာရဲ့ လုပ်ဆောင်မှုတွေနဲ့ သူရဲ့ပံ့ပိုးကူညီမှုတွေအတွက် ကျွန်တော် အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးအပေါ် မြင်မိတာက ကျွန်တော် ကိုယ် ကျွန်တော် အဖြေလို့ပဲ မြင်မိပါတယ်။ ပြသာနာလို့တော့ မမြင်မိပါဘူး။ သူပြောသွားခဲ့တာတွေကတော့ သူရဲ့အမြင်ပါ။ ဒါကို ခင်ဗျားတို့ လေးစားသွားရပါမယ်” လို့ တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။
အခုလို အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အူဘာမီယန်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ အာတီတာက အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ လာကာဇက်ကို အသင်းခေါင်းဆောင် တာဝန်ပေးထားတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
အူဘာမီယန်းလို ကစားသမားမျိုးကို ဆုံးရှုံးလိုက်ရတာက အသင်း တိုက်စစ်ပိုင်းအတွက် အားနည်းသွားနိုင်ပေမယ့် လာကာဇက်နဲ့ သူ့အသင်းဖော်တွေက အူဘာရဲ့ကွက်လပ်ကို ပြန်ဖြည့်တင်းသွားနိုင်လိမ့်မယ်လို့လည်း နည်းပြအာတီတာက ဆိုခဲ့ပါတယ်။

ZG
ဇန္နဝါရီ အေျပာင္းအေရႊ႕ ပိတ္ခ်ိန္မွာပဲ အာဆင္နယ္ကေန ဘာစီလိုနာအသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အံ့အားသင့္ဖြယ္ အျမန္ ေျပာင္းေ႐ႊ႕ေရာက္ရွိသြားခဲ့တဲ့ တိုက္စစ္မႈး အူဘာမီယန္းက အာဆင္နယ္အသင္းမွာ သူ႔အတြက္ တစ္ခုတည္းေသာ ျပသနာက အသင္းနည္းျပ အာတီတာပဲလို႔ ေျပာဆိုခဲ့တဲ့အေပၚ အာတီတာဘက္က ျပန္လည္ တုန္႔ျပန္ ေျဖရွင္း သြားခဲ့ပါတယ္။
အူဘာမီယန္းဟာ အသင္းေဟာင္း အာဆင္နယ္ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းေခါင္းေဆာင္ေဟာင္းလည္း ျဖစ္ခဲ့ေပမယ့္ ဒီႏွစ္ရာသီအတြင္း သူရဲ႕တိုက္စစ္စြမ္းရည္ေတြ က်ဆင္းလာခဲ့သလို စည္းကမ္းခ်ိဳးေဖာက္မႈေတြပါ ျပဳလုပ္္ မိခဲ့တာေၾကာင့္ အသင္းေခါင္းေဆာင္ ရာထူးကေနပါ ဖယ္ရွားခံခဲ့ရတာ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာကလည္း အူဘာကို အသင္းေခါင္းေဆာင္ ရာထူးကေန ဖယ္ရွားၿပီးကတည္းက အသင္းရဲ႕ လူစာရင္းကေနပါ ဆက္တိုက္ခ်န္လွပ္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ အူဘာနဲ႔ အာဆင္နယ္တို႔ၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းလိုက္ရၿပီး အူဘာကလည္း ဘာစီလိုနာအသင္းဆီ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့ရတာ ျဖစ္ပါတယ္။
ဘာစီလိုနာ အသင္း ေရာက္သြားျပီးတဲ့ေနာက္ အူဘာမီယန္းက သူ႔အေနနဲ႔ အာဆင္နယ္ကေန ထြက္လာခဲ့တဲ့ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ က အာတီတာပဲလို႔ ေျပာဆိုခဲ့တာပါ။
အူဘာမီယန္းဟာ “ အာတီတာနဲ႔ပဲ ျပႆနာရွိခဲ့တာလို႔ ထင္ပါတယ္။ အဲ့ေနာက္မွာ သူက အဲ့ဒီ့ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာပါ။ သူက မေက်နပ္ခဲ့ဘူးေလ။ အဲ့ဒါပဲ။ ကြၽန္ေတာ္က ေအးေအးေဆးေဆး ျဖစ္ခဲ့တာပါ” လို႔ ေျဖၾကားခဲ့ပါတယ္။
ဒီစကား အေပၚ အာတီတာက “အူဘာရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ သူရဲ႕ပ့ံပိုးကူညီမႈေတြအတြက္ ကြၽန္ေတာ္ အထူးပဲ ေက်းဇူးတင္မိပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ဆံေရးအေပၚ ျမင္မိတာက ကြၽန္ေတာ္ ကိုယ္ ကြၽန္ေတာ္ အေျဖလို႔ပဲ ျမင္မိပါတယ္။ ျပသာနာလို႔ေတာ့ မျမင္မိပါဘူး။ သူေျပာသြားခဲ့တာေတြကေတာ့ သူရဲ႕အျမင္ပါ။ ဒါကို ခင္ဗ်ားတို႔ ေလးစားသြားရပါမယ္” လို႔ တုန္႔ျပန္ ေျပာဆိုသြားခဲ့ပါတယ္။
အခုလို အသင္းေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့ အူဘာမီယန္းနဲ႔ လက္တြဲျဖဳတ္လိုက္တဲ့ အာတီတာက အသင္းရဲ႕ တိုက္စစ္ကစားသမားျဖစ္တဲ့ လာကာဇက္ကို အသင္းေခါင္းေဆာင္ တာဝန္ေပးထားတယ္လို႔ ထုတ္ေဖာ္ေျပာဆို သြားခဲ့ပါတယ္။
အူဘာမီယန္းလို ကစားသမားမ်ိဳးကို ဆုံးရႈံးလိုက္ရတာက အသင္း တိုက္စစ္ပိုင္းအတြက္ အားနည္းသြားႏိုင္ေပမယ့္ လာကာဇက္နဲ႔ သူ႔အသင္းေဖာ္ေတြက အူဘာရဲ႕ကြက္လပ္ကို ျပန္ျဖည့္တင္းသြားႏိုင္လိမ့္မယ္လို႔လည္း နည္းျပအာတီတာက ဆိုခဲ့ပါတယ္။