ပြိုင်ဘက်နည်းပြတွေကို ဘယ်လိုလုပ်လုပ် မယှဉ်နိုင်တဲ့ ဆိုးရှား လို့ ရှယ်ပလန်နဲ့ တွယ်လိုက်တဲ့ ကာရေဂါ

မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား ဘယ်လောက် ကြိုးစားနေနေ ဘယ်တော့မှ မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး နည်းပြတွေတို့နဲ့ အဆင့်တူလာမှာ မဟုတ်ကြောင်း လီဗာပူး ခံစစ်မှုးဟောင်းကြီး ဂျေမီ ကာရေဂါကတော့ ရှယ်ပလန်နဲ့ ဝေဖန်လိုက်ပါတယ် ။

” ဥပမာဗျာ ဂျွန်တယ်ရီက ကျွန်တော့်ထက် ပိုရှည်ခဲ့ပြီး အမြင့်ဘောတွေ အမြဲတမ်း ပိုကောင်းခဲ့ပါတယ် ။ ရီယို ဖာဒီနန် ကလည်း ပိုမိုမြန်ဆန်သူ၊ ပိုမိုသန်မာသူ ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်လည်း ကျွန်တော့်မှာ ရှိတဲ့ အရည်အသွေးတွေနဲ့ ကြိုးစားပြခဲ့ပေမယ့် ကျွန်တော်ဟာ ဘယ်တုန်း ကမှ မယှဉ်နိုင်ခဲ့ဘူး။

ခုလည်း ဆိုးလ်ရှားက ဂွာဒီယိုလာ ၊ ကလော့ပ် ၊ တူချယ်တို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော် အဖြစ်မျိုးနဲ့ ပုံစံတူနေပါလိမ့်မယ် ။ သူဟာ ဘယ်တော့မှဒီပြိုင်ဖက်နည်းပြ သုံးဦးလို တူညီတဲ့ အဆင့်မျိုး ရောက်နိုင်မှာ မဟုတ်တဲ့သူပါပဲ ။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး ။ သူဟာ အဲ့ဒီ သုံးဦးနဲ့ တူညီတဲ့ လယ်ဗယ်ကို ချဉ်းကပ်နိုင်မှာ မဟုတ်ပါဘူး။

လီဗာပူး အသင်းမှာ ကလော့ပ် အခု လုပ်ပြနေတာမျိုးတွေကို သူ ဘယ်တော့မှ မလုပ်ပြနိုင်ပါဘူး ။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် နဲ့ မန်စီးတီး အသင်းတွေမှာ အောင်မြင်ခဲ့တဲ့ ပက် ဂွာဒီယိုလာလို သူဟာ ဆုဖလား နောက်ခံ သမိုင်းကြောင်းတွေလည်း ရှိမနေပါဘူး ။ ဂွာဒီယိုလာ ပြောတာတိုင်းကို ကစားသမားတွေက လိုက်နာကြတယ်လေ။

အဲ့တာတွေကို ပိုပြီး သိသာစေတာက တူချယ် ချဲလ်ဆီးဆီကို ရောက်လာခြင်းပါပဲ ။ လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်က ချဲလ်ဆီးဟာ ယူနိုက်တက် နဲ့ တူညီတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့တွေဟာ လီဗာပူး ၊ မန်စီးတီးတွေနဲ့ ယှဉ်နိုင်စွမ်းရှိမဲ့ နည်းပြမျိုးကို ခေါ်ယူပြီး အသင်းကို မြှင့်တင်ခဲ့ကြပါတယ် ” လို့ ကာရေဂါက ပြောဆိုလိုက်တာပါ။

ZG

မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွား ဘယ္ေလာက္ ၾကိဳးစားေနေန ဘယ္ေတာ့မွ မန္စီးတီး ၊ လီဗာပူး ၊ ခ်ဲလ္ဆီး နည္းျပေတြတို႔နဲ႔ အဆင့္တူလာမွာ မဟုတ္ေၾကာင္း လီဗာပူး ခံစစ္မႈးေဟာင္းၾကီး ေဂ်မီ ကာေရဂါကေတာ့ ရွယ္ပလန္နဲ႕ ေဝဖန္လိုက္ပါတယ္ ။

” ဥပမာဗ်ာ ဂြၽန္တယ္ရီက ကြၽန္ေတာ့္ထက္ ပိုရွည္ခဲ့ၿပီး အျမင့္ေဘာေတြ အၿမဲတမ္း ပိုေကာင္းခဲ့ပါတယ္ ။ ရီယို ဖာဒီနန္ ကလည္္း ပိုမိုျမန္ဆန္သူ၊ ပိုမိုသန္မာသူ ျဖစ္ခဲ့ပါတယ္ ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္မွာ ရွိတဲ့ အရည္အေသြးေတြနဲ႔ ႀကိဳးစားျပခဲ့ေပမယ့္ ကြၽန္ေတာ္ဟာ ဘယ္တုန္း ကမွ မယွဥ္နိုင္ခဲ့ဘူး။

ခုလည္း ဆိုးလ္ရွားက ဂြာဒီယိုလာ ၊ ကေလာ့ပ္ ၊ တူခ်ယ္တို႔နဲ႔ ယွဥ္လိုက္ရင္ ကြၽန္ေတာ္ အျဖစ္မ်ိဳးနဲ႔ ပုံစံတူေနပါလိမ့္မယ္ ။ သူဟာ ဘယ္ေတာ့မွဒီၿပိဳင္ဖက္နည္းျပ သုံးဦးလို တူညီတဲ့ အဆင့္မ်ိဳး ေရာက္ႏိုင္မွာ မဟုတ္တဲ့သူပါပဲ ။ ဘယ္ေတာ့မွ မျဖစ္ႏိုင္ပါဘူး ။ သူဟာ အဲ့ဒီ သုံးဦးနဲ႔ တူညီတဲ့ လယ္ဗယ္ကို ခ်ဥ္းကပ္ႏိုင္မွာ မဟုတ္ပါဘူး။

လီဗာပူး အသင္းမွာ ကေလာ့ပ္ အခု လုပ္ျပေနတာမ်ိဳးေတြကို သူ ဘယ္ေတာ့မွ မလုပ္ျပႏိုင္ပါဘူး ။ ဘာစီလိုနာ ၊ ဘိုင္ယန္ျမဴးနစ္ နဲ႔ မန္စီးတီး အသင္းေတြမွာ ေအာင္ျမင္ခဲ့တဲ့ ပက္ ဂြာဒီယိုလာလို သူဟာ ဆုဖလား ေနာက္ခံ သမိုင္္းေၾကာင္းေတြလည္း ရွိမေနပါဘူး ။ ဂြာဒီယိုလာ ေျပာတာတိုင္းကို ကစားသမားေတြက လိုက္နာၾကတယ္ေလ။

အဲ့တာေတြကို ပိုၿပီး သိသာေစတာက တူခ်ယ္ ခ်ဲလ္ဆီးဆီကို ေရာက္လာျခင္းပါပဲ ။ လြန္ခဲ့တဲ့ ၂-၃ ႏွစ္ေလာက္္က ခ်ဲလ္ဆီးဟာ ယူႏိုက္တက္ နဲ႔ တူညီတဲ့ အဆင့္အတန္္း တစ္ခုမွာ ရွိေနခဲ့ပါတယ္ ။ ဒါေပမဲ့ သူတို႔ေတြဟာ လီဗာပူး ၊ မန္စီးတီးေတြနဲ႔ ယွဥ္ႏိုင္စြမ္းရွိမဲ့ နည္းျပမ်ိဳးကို ေခၚယူၿပီး အသင္းကို ျမႇင့္တင္ခဲ့ၾကပါတယ္ ” လို႔ ကာေရဂါက ေျပာဆိုလိုက္တာပါ။