မန်ယူ ကစားသမားတွေရဲ့ အကျင့်ဆိုးကို တည့်ပဲ ထောက်ပြ ဝေဖန်လိုက်တဲ့ ပီတာခရော့

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားအချို့ဟာ နည်းပြနဲ့ စကားပြော လွဲမှု၊ အသင်းတွင်း အဆင်မပြေတဲ့ အတွက် စိတ်ပျက်မှုတွေကို ဆိုရှယ်မီဒီယာကနေ လူသိရှင်ကြား ထုတ်ပြောခဲ့ပြီး နည်းပြ ရက်ဖ်ရန်းနစ်ကို အားနည်းစေခဲ့တ တွက် ကို ပီတာခရော့ချ်က ဝေဖန် လိုက်ပါတယ်။

အဝတ်လဲခန်းအတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရန်းနစ်ဟာ မကြာသေးမီက လတွေ အတွင်း ကွင်းတွင်း၊ ကွင်းပြင်ပမှာ ခက်ခဲတဲ့ ရက်သတ္တပတ်အနည်းငယ်ကို ရင်ဆိုင်ခဲ့ရတာပါ။

မန်ယူ ကစားသမားတွေဟာ သူတို့ရဲ့ မကျေနပ်မှုကို လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့အပေါ် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်က သဘောမတွေ့ ဖြစ်နေပြီး ဒီနွေမှာ ကလပ်ရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူအနေနဲ့ ကိုင်တွယ်ရမယ့် တာဝန်အကြီးကြီးတစ်ခု ရှိနေပြီလို့ ထင်မြင်နေပါတယ်။

“ဒီရာသီမှာ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်ခဲ့ရတယ်။ လူတော်တော်များများက သူတို့ရဲ့ အပြုအမူနဲ့ စိတ်သဘောထားအကြောင်း ပြောဆိုခဲ့ကြတယ်။ အဝတ်လဲခန်းထဲက ဒီလိုအရာတွေကို ခင်ဗျားတို့ မကြားချင်လောက်ဘူး။ ရန်းနစ်နောက်ပိုင်း အမြဲတမ်း နည်းပြသစ် ဖြစ်လာမယ့်သူကတော့ စည်းလုံးညီညွတ်တဲ့ အဝတ်လဲခန်းတစ်ခုဖြစ်ဖို့ ပြန်လည်ပြင်ဆင်ရမယ့် တကယ့် တာဝန်ကြီးတစ်ခု ရှိနေပြီ။

ကိစ္စတွေက အဆင်မပြေတဲ့အခါ သူတို့တွေ တွစ်တာပေါ် တက်ရေးလိုက်တာပဲ။ အဲ့လိုလုပ်တောတွေက နည်းပြကို အားနည်းစေတယ်။ ဒါက မန်ချက်စတာ ယူနိုက်တက်မို့လို့ အဲ့လိုကိစ္စတွေ ဖြစ်ကိုမဖြစ်သင့်ဘူး”လို့ ခရော့ချ်က ပြောဆိုခဲ့တာပါ။

လင်ဂတ် ဟာ အသင်းကနေ အနားခဏပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ ရန်းနစ်ရဲ့ ပြောစကားကို ကွင်းလယ်လူက ငြင်းပယ်ခဲ့ပြီး သူ့အနေနဲ့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲမှာ ဘာကြောင့် မပါဝင်ခဲ့လဲဆိုတာကို တွစ်တာပေါ်ကနေ ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မာရှယ်ဟာလဲ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ကစားဖို့ သူက ငြင်းပယ်ခဲ့တယ်ဆိုတဲ့ ရန်းနစ်ရဲ့ ပြောဆိုမှုကို ဆန့်ကျင်ခဲ့ပါသေးတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကစားသမားအခ်ိဳ႕ဟာ နည္းျပနဲ႕ စကားေျပာ လြဲမႈ၊ အသင္းတြင္း အဆင္မေျပတဲ့ အတြက္ စိတ္ပ်က္မႈေတြကို ဆိုရွယ္မီဒီယာကေန လူသိရွင္ၾကား ထုတ္ေျပာခဲ့ၿပီး နည္းျပ ရက္ဖ္ရန္းနစ္ကို အားနည္းေစခဲ့တ တြက္ ကို ပီတာခေရာ့ခ်္က ေဝဖန္ လိုက္ပါတယ္။

အဝတ္လဲခန္းအတြင္း စိတ္ဝမ္းကြဲမႈေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြနဲ႔အတူ ရန္းနစ္ဟာ မၾကာေသးမီက လေတြ အတြင္း ကြင္းတြင္း၊ ကြင္းျပင္ပမွာ ခက္ခဲတဲ့ ရက္သတၱပတ္အနည္းငယ္ကို ရင္ဆိုင္ခဲ့ရတာပါ။

မန္ယူ ကစားသမားေတြဟာ သူတို႔ရဲ႕ မေက်နပ္မႈကို လူသိရွင္ၾကား ထုတ္ေျပာခဲ့တဲ့အေပၚ ပရီးမီးယားလိဂ္ တိုက္စစ္မႉးေဟာင္း ပီတာ ခေရာ့ခ်္က သေဘာမေတြ႕ ျဖစ္ေနၿပီး ဒီေႏြမွာ ကလပ္ရဲ႕ နည္းျပသစ္ ျဖစ္လာမယ့္သူအေနနဲ႔ ကိုင္တြယ္ရမယ့္ တာဝန္အႀကီးႀကီးတစ္ခု ရွိေနၿပီလို႔ ထင္ျမင္ေနပါတယ္။

“ဒီရာသီမွာ ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ စိုးရိမ္ခဲ့ရတယ္။ လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အျပဳအမူနဲ႔ စိတ္သေဘာထားအေၾကာင္း ေျပာဆိုခဲ့ၾကတယ္။ အဝတ္လဲခန္းထဲက ဒီလိုအရာေတြကို ခင္ဗ်ားတို႔ မၾကားခ်င္ေလာက္ဘူး။ ရန္းနစ္ေနာက္ပိုင္း အၿမဲတမ္း နည္းျပသစ္ ျဖစ္လာမယ့္သူကေတာ့ စည္းလုံးညီၫြတ္တဲ့ အဝတ္လဲခန္းတစ္ခုျဖစ္ဖို႔ ျပန္လည္ျပင္ဆင္ရမယ့္ တကယ့္ တာဝန္ႀကီးတစ္ခု ရွိေနၿပီ။

ကိစၥေတြက အဆင္မေျပတဲ့အခါ သူတို႔ေတြ တြစ္တာေပၚ တက္ေရးလိုက္တာပဲ။ အဲ့လိုလုပ္ေတာေတြက နည္းျပကို အားနည္းေစတယ္။ ဒါက မန္ခ်က္စတာ ယူႏိုက္တက္မို႔လို႔ အဲ့လိုကိစၥေတြ ျဖစ္ကိုမျဖစ္သင့္ဘူး”လို႔ ခေရာ့ခ်္က ေျပာဆိုခဲ့တာပါ။

လင္ဂတ္ ဟာ အသင္းကေန အနားခဏေပးဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတဲ့ ရန္းနစ္ရဲ႕ ေျပာစကားကို ကြင္းလယ္လူက ျငင္းပယ္ခဲ့ၿပီး သူ႔အေနနဲ႔ မစ္ဒယ္ဘေရာ့နဲ႔ အက္ဖ္ေအဖလားပြဲမွာ ဘာေၾကာင့္ မပါဝင္ခဲ့လဲဆိုတာကို တြစ္တာေပၚကေန ရွင္းျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက မာရွယ္ဟာလဲ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ကစားဖို႔ သူက ျငင္းပယ္ခဲ့တယ္ဆိုတဲ့ ရန္းနစ္ရဲ႕ ေျပာဆိုမႈကို ဆန႔္က်င္ခဲ့ပါေသးတယ္။