ဝုဗ်ကို နိုင်တာ ဖလားရသလို အောင်ပွဲခံနေတဲ့ အာဆင်နယ် လို့ ခပ်ရွဲ့ရွဲ့ ပြောလိုက်တဲ့ နီဗက်စ်

ဝုဗ် အသင်း ကွင်းလယ်ကစားသမား ရူဘင် နီဗက်စ်က အာဆင်နယ် အသင်းဟာ သူတို့ကို အနိုင်ရခဲ့ပြီးနောက် သူတို့ဟာ လိဂ်ဖလားကို ရခဲ့သလို အောင်ပွဲခံခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် အသင်းက ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၅)မိနစ်တည်းက ဂါဘရီရယ်လ် က အာဆင်နယ် အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ အာဆင်နယ် အသင်း တိုက်စစ်ကစားသမား မာတင်နယ်လီ ကတော့ ပွဲချိန်(၆၉)မိနစ်မှာ (၂)ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင် ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အသင်းဟာ အမှတ်ပေးဇယား အဆင့်(၅)နေရာကို ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။

နီဗက်စ် က “သူတို့ အနိုင်ရပြီး အောင်ပွဲခံတဲ့ ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ပြသနေတာပါပဲ။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က အာဆင်နယ် ကို ဒီလို အောင်ပွဲခံမှုမျိုး မတွေ့ခဲ့ရပါဘူး။ မသိရင် သူတို့ က လိဂ်ဖလား ရသွားသလိုပါပဲ”လို့ ပြောခဲ့တာပါ။

အာဆင်နယ် အသင်းဟာ အခုနှစ်ထဲမှာ အနီကတ်(၄)ကြိမ်ပြသခံခဲ့ရပြီး ဒါဟာ နည်းပြ အာ‌တီတာ ကို စိတ်ပျက် စေခဲ့ပါတယ်။ အာတီတာ က “လူ(၁၀)ဦးနဲ့ ဒီလိုမျိုးပွဲကို အနိုင်ရဖို့ ခက်ခဲပြီး ဒါကို ရပ်တန့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြသခဲ့တဲ့ စိတ်ဓါတ်၊ကောင်လေးတွေအတွက် တကယ်ဂုဏ်ယူပါတယ်”

“စည်းလုံးညီညွတ်မှုလည်း ရှိပါတယ်။ နောက်ဆုံး(၁၆)ပွဲမှာ ကစားသမား(၁၁)ဦးနဲ့ ကစားဖို့လိုပြီး ဒါက အဓိက အရာပါပဲ။ ၁၀ ယောက်ထဲနဲ့တော့ ပွဲတွေကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောခဲ့တာပါ။

ဇန်နဝါရီ တလလုံး နိုင်ပွဲမရခဲ့တဲ့ အာဆင်နယ် အတွက်တော့ ဖေဖော်ဝါရီလမှာ ဒီအိမ်မက်ဆိုးကနေ ရုန်းထွက်နိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

ZG

ဝုဗ္ အသင္း ကြင္းလယ္ကစားသမား ႐ူဘင္ နီဗက္စ္က အာဆင္နယ္ အသင္းဟာ သူတို႔ကို အႏိုင္ရခဲ့ၿပီးေနာက္ သူတို႔ဟာ လိဂ္ဖလားကို ရခဲ့သလို ေအာင္ပြဲခံခဲ့တယ္လို႔ ေျပာလိုက္ပါတယ္။ ဒီပြဲမွာ အာဆင္နယ္ အသင္းက ၁ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲစဥ္ရဲ႕ပြဲခ်ိန္(၂၅)မိနစ္တည္းက ဂါဘရီရယ္လ္ က အာဆင္နယ္ အတြက္ အႏိုင္ဂိုးသြင္းယူေပးခဲ့တာပါ။ အာဆင္နယ္ အသင္း တိုက္စစ္ကစားသမား မာတင္နယ္လီ ကေတာ့ ပြဲခ်ိန္(၆၉)မိနစ္မွာ (၂)ဝါတနီနဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီပြဲအႏိုင္ရခဲ့တာေၾကာင့္ ေနာက္ဆုံး(၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးတာကို အဆုံးသတ္ႏိုင္ ခဲ့တာလည္းျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ အသင္းဟာ အမွတ္ေပးဇယား အဆင့္(၅)ေနရာကို ေရာက္ရွိ လာခဲ့တာျဖစ္ပါတယ္။

နီဗက္စ္ က “သူတို႔ အႏိုင္ရၿပီး ေအာင္ပြဲခံတဲ့ ပုံစံကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ အဆင့္အတန္းကို ျပသေနတာပါပဲ။ လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္က အာဆင္နယ္ ကို ဒီလို ေအာင္ပြဲခံမႈမ်ိဳး မေတြ႕ခဲ့ရပါဘူး။ မသိရင္ သူတို႔ က လိဂ္ဖလား ရသြားသလိုပါပဲ”လို႔ ေျပာခဲ့တာပါ။

အာဆင္နယ္ အသင္းဟာ အခုႏွစ္ထဲမွာ အနီကတ္(၄)ႀကိမ္ျပသခံခဲ့ရၿပီး ဒါဟာ နည္းျပ အာ‌တီတာ ကို စိတ္ပ်က္ ေစခဲ့ပါတယ္။ အာတီတာ က “လူ(၁၀)ဦးနဲ႔ ဒီလိုမ်ိဳးပြဲကို အႏိုင္ရဖို႔ ခက္ခဲၿပီး ဒါကို ရပ္တန္႔ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ျပသခဲ့တဲ့ စိတ္ဓါတ္၊ေကာင္ေလးေတြအတြက္ တကယ္ဂုဏ္ယူပါတယ္”

“စည္းလုံးညီၫြတ္မႈလည္း ရွိပါတယ္။ ေနာက္ဆုံး(၁၆)ပြဲမွာ ကစားသမား(၁၁)ဦးနဲ႔ ကစားဖို႔လိုၿပီး ဒါက အဓိက အရာပါပဲ။ ၁၀ ေယာက္ထဲနဲ႔ေတာ့ ပြဲေတြကို အႏိုင္ရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး”လို႔ ေျပာခဲ့တာပါ။

ဇန္နဝါရီ တလလုံး ႏိုင္ပြဲမရခဲ့တဲ့ အာဆင္နယ္ အတြက္ေတာ့ ေဖေဖာ္ဝါရီလမွာ ဒီအိမ္မက္ဆိုးကေန ႐ုန္းထြက္ႏိုင္ ခဲ့တာလည္း ျဖစ္ပါတယ္။