တခြား ဂြိုဟ်က လာတဲ့ မက်ဆီလို ကစားသမားမျိုးနဲ့ အတူ ကစားချင်တာပေါ့ ဆိုတဲ့ ရစ်ချာလီဆန်

အဲဗာတန် တိုက်စစ် ကစားသမား ရစ်ချာလီဆန် က မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ပြီး တခြားဂြိုလ်က လာတာလို့ ပြောလိုက်ပါတယ်။ရစ်ချာလီဆန် ဟာ ESPN နဲ့ စကားပြောရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ မှတ်ချက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ မက်ဆီ၊ရီးရယ်လ် တို့နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောစရာတွေရှိခဲ့တာဖြစ်ပါတယ်။ ရစ်ချာလီဆန် က “မက်ဆီ ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပြီး အခြား ဂြိုဟ်က ကစားသမားလိုမျိုးလည်း ဖြစ်ပါတယ်။ သူ့အနားမှာ ကစားချင်ပါတယ်”လို့ ပြောပါတယ်။

ဘရာဇီးလ် အသင်း ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းကို အရေးနိမ့်ခဲ့တဲ့ အကြောင်းကိုလည်း ပြန်ပြောင်းပြောခဲ့ပါတယ်။

” ဗိုလ်လုပွဲမှာ ရှုံးပြီးနောက် ငိုကြွေးခဲ့ပါတယ်။ အလွန်လည်း စိတ်ထိခိုက်ခဲ့ပါတယ်။ မက်ဆီ အောင်ပွဲခံတာမြင်တော့ သူက နိုင်ငံအသင်းနဲ့ ဆုဖလားထိုက်တန်တယ်လို့ ထင်မိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း ရစ်ချာလီဆန် က “သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းပါ။ သူတို့မှာ ပုံစံကောင်းရှိနေတဲ့ ဗီနီစီးယက်စ် ရှိပါတယ်”လို့ ပြောပါတယ်။

ရစ်ချာလီဆန် ဟာ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ အဲဗာတန် အသင်းအတွက် (၁၄)ပွဲသာ ပါဝင်ကစားထားနိုင်ပြီး (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ZG

အဲဗာတန္ တိုက္စစ္ ကစားသမား ရစ္ခ်ာလီဆန္ က မက္ဆီဟာ ကမာၻ႔အေကာင္းဆုံးျဖစ္ၿပီး တျခားၿဂိဳလ္က လာတာလို႔ ေျပာလိုက္ပါတယ္။ရစ္ခ်ာလီဆန္ ဟာ ESPN နဲ႔ စကားေျပာရာမွာ စိတ္၀င္စားစရာေကာင္းတဲ့ မွတ္ခ်က္ေတြကို ေျပာခဲ့တာျဖစ္ပါတယ္။

ဒီထဲမွာ မက္ဆီ၊ရီးရယ္လ္ တို႔နဲ႔ ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့ ေျပာစရာေတြရွိခဲ့တာျဖစ္ပါတယ္။ ရစ္ခ်ာလီဆန္ က “မက္ဆီ ဟာ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ၿပီး အျခား ျဂိဳဟ္က ကစားသမားလိုမ်ိဳးလည္း ျဖစ္ပါတယ္။ သူ႔အနားမွာ ကစားခ်င္ပါတယ္”လို႔ ေျပာပါတယ္။

ဘရာဇီးလ္ အသင္း ကိုပါအေမရိကဖလား ဗိုလ္လုပြဲမွာ အာဂ်င္တီးနား အသင္းကို အေရးနိမ့္ခဲ့တဲ့ အေၾကာင္းကိုလည္း ျပန္ေျပာင္းေျပာခဲ့ပါတယ္။

” ဗိုလ္လုပြဲမွာ ရႈံးၿပီးေနာက္ ငိုေႂကြးခဲ့ပါတယ္။ အလြန္လည္း စိတ္ထိခိုက္ခဲ့ပါတယ္။ မက္ဆီ ေအာင္ပြဲခံတာျမင္ေတာ့ သူက ႏိုင္ငံအသင္းနဲ႔ ဆုဖလားထိုက္တန္တယ္လို႔ ထင္မိပါတယ္”လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္အသင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ရစ္ခ်ာလီဆန္ က “သူတို႔ဟာ ကမာၻ႔အေကာင္းဆုံး အသင္းပါ။ သူတို႔မွာ ပုံစံေကာင္းရွိေနတဲ့ ဗီနီစီးယက္စ္ ရွိပါတယ္”လို႔ ေျပာပါတယ္။

ရစ္ခ်ာလီဆန္ ဟာ ဒဏ္ရာေတြေၾကာင့္ ဒီရာသီမွာ အဲဗာတန္ အသင္းအတြက္ (၁၄)ပြဲသာ ပါ၀င္ကစားထားႏိုင္ၿပီး (၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။