စီးတီးကို မမှီဘူး ဆိုတဲ့ ကလော့ပ်၊ ပိုချက်တီနို မန်ယူ ရောက်ရင် ကိန်းကို ခေါ်မှာနဲ့ ယနေ့ ဘောလုံး သတင်းတိုများ
ရီးရဲလ် အသင်းက အာဆင်နယ် အသင်း ဘယ်နောက်ခံလူဖြစ်တဲ့ တီယာနေးကို မျက်စိကျနေတယ်လို့ စပိန် သတင်းတွေက ဖော်ပြလိုက်ပါတယ်။ ရီးရဲလ် အသင်းက နောက်တန်း အင်အားကို ဖြည့်တင်းလိုပြီး တီယာနေးကို ကင်းထောက် စေလွှတ်ပြီး စောင့်ကြည့်စေခိုင်းတယ်လို့ ဆိုပါတယ်။
ပီအက်စ်ဂျီ နည်းပြ ဖြစ်တဲ့ ပိုချက်တီနိူက မန်ယူအသင်းကို အမြဲတမ်း နည်းပြ အဖြစ် ကိုင်တွယ်မယ် လို့ သတင်း ကြီးလာနေပါတယ်။ တကယ်လို့ သူသာ မန်ယူအသင်းကို ကိုင်တယ်ွယ်ဖြစ်တယ်ဆိုရင် စပါးအသင်းမှ တပည့်ဟောင်း ဟယ်ရီကိန်း ကို အရ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ တယ်လီဂရပ်ဖ်က ဆိုပါတယ်။
မန်ယူအသင်းနည်းပြ ရန်းနစ်ကတော့ စီရိုနယ်ဒို အပါအဝင် မန်ယူအသင်းသားတွေအနေနဲ့ ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်ပြီး သွင်းဂိုးတွေပြန်လည် ရှာဖွေနိုင်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီး နောက်ခံလူဖြစ်တဲ့ မားကိုစ့် အလွန်ဆို ကတော့ ကလပ် ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းပယ် ထားပေမယ့် ချဲလ်ဆီးက သူ့ ဘဝအတွက် အရေးပါတဲ့ ကလပ်ဖြစ်ကြောင်း သူ ချဲလ်ဆီးမှာ ဆက်နေလိုကြောင်း ပြောကြား လိုက်ပါတယ်။
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ၎င်းရဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို လိုက်မမီနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းကတော့ ဘင်ဖီကာ တိုက်စစ်မှူးဖြစ်တဲ့ ဒါဝင် နူနက်ဇ် ကို ခေါ်ယူဖို့ ကြံနေတယ်လို့ ပေါ်တူဂီ သတင်းတွေက ဆိုပါတယ်။ ဒီ ကစားသမားကို ဝက်စ်ဟမ်းက ခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့် ဘင်ဖီကာတောင်းတဲ့ ဈေး မပေးနိူင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာတာပါ။
မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဘာက လာမယ့် နွေကျရင် ဂျူဗီ ကို ပြန်လည် ပြောင်းရွှေ့ လိုနေတယ် လို့ သတင်းထွက်လာပါတယ်။ ပေါ့ဘာကို ရီးရဲလ် နဲ့ PSG လည်း စိတ်ဝင်စားနေတာပါ။

လိဒ် ဂိုးသမားဖြစ်တဲ့ အီလန် မက်စ်ဆီယာ ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့ မွန်ဒို ဒီပိုတီဗို က ဖော်ပြလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပထမ ဂိုးသမားဖြစ်တဲ့ စတီဂျင် အနာဂတ် က မသေချာ မရေရာ ဖြစ်လာတာကြောင့် ဖြစ်ပါတယ်။
ဒီရာသီ အကုန် မှာ ရီးရဲလ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ် ဘေးလ် ကတော့ စပါးအသင်းကို ပြောင်းဖို့အတွက် သဘောတူညီချက် ရရှိသွားပြီလို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ ဘေးလ် ကတော့ ဘောလုံး ကစားသမားက အနားယူဖို့ အစီအစဉ်မရှိပဲ စပါးကို ဒုတိယ အကြိမ် ပြန်လာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။