ရာသီကုန်ရင် မန်ယူ အဆင့် ၄ အတွင်း ဝင်မလား သုံးသပ်လိုက်တဲ့ သရဲနီဟောင်း ဖာဒီနန်

ဒီနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆောက်သမ်တန် အသင်း နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ သရေကျပြီး အဆင့် ၅ ဆင်းပေးလိုက်ရတာကြောင့် ဒီပွဲမှာ မန်ယူတို့ သေချာပေါက် အနိုင်ရရှိဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက်နိုင်ဖို့ အတွက် ချဲလ်ဆီး၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ စပါး အသင်း တွေနဲ့ အဓိကထားပြီး ယှဉ်ပြိုင်ရမှာပါ။

မန်ယူ ဂန္တဝင် ရီယို ဖာဒီနန် ကတော့ သူ့ အသင်းဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက်နိုင်စွမ်း ရှိကြောင်း ပြောခဲ့လိုက်ပြီး မျှော်လင့်ချက်တွေဟာ အားလုံးအတွက် ရှင်သန်နေဆဲ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

” မန်ယူ အဆင့် ၄ ဝင်ဖို့က မျှော်လင့်ချက် ရှိပါသေးတယ်။ မျှော်လင့်ချက် ဆိုတာက အမြဲတမ်း ရှိနေတတ်တယ်။ ကျွန်တော် အရင်တုန်းက ပြောခဲ့သလိုပါပဲ ထိပ်သီး လေးသင်း ဘယ်သူမှ ဦးစားပေး ဖြစ်မနေပါဘူး၊ လက်ရှိ အချိန်မှာ ဦးဆောင်သူ မရှိသေးသလို သေချာပေါက် ဝင်ခွင့်ရမယ်လို့ ပြောလို့လည်း မရနိုင်သေးပါဘူး”

” အသင်းတိုင်းက ငါးပွဲဆက် နိုင်တာတို့ ဆယ်ပွဲဆက် ရှုံးပွဲ မရှိတာတို့ ဖြစ်သွားနိုင်ပါတယ်။ ထိပ်သီး လေးသင်း ဝင်ရောက်နိုင်ရေး အခွင့်အရေးကို ဘယ်အသင်းမဆို လုယူနိုင်ပါသေးတယ်။ ဒီအနီးအနားမှာ ရှိနေတဲ့ အသင်းတိုင်းက ဒီနေရာကို လုယူနိုင်ခွင့် ရှိပါသေးတယ် ”

” အထူးသဖြင့် အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ယူနိုက်တက်၊ စပါး အသင်းတွေက ဒီမှာ ထိုင်ပြီး ‘ ခင်ဗျား သိရဲ့လား ၊ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ ကောင်းမွန်နေတယ်၊ ရလဒ်တွေ တည်ငြိမ်နေသလို စွမ်းဆောင်ရည်လည်း ကောင်းနေတယ် ‘ ဆိုတာမျိုး ပြောခွင့်ရှိပါတယ် ”

” ဒီအချိန်မှာတော့ သူတို့တွေဟာ တစ်သင်းကို တစ်သင်း ကြည့်ပြီး သူတို့ ဘာလုပ်မလဲ မသိဘူး၊ ငါတို့လည်း ဘာလုပ်ရမလဲ မသိဘူး ဆိုတဲ့ အတွေးတွေ ရှိကောင်း ရှိနေနိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေရာကို ရောက်ရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ”

” သူတို့တွေဟာ ထိပ်သီးလေးသင်းစာရင်းထဲ ဝင်ရောက်နိုင်ဖို့ အတွက် လုံလောက်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ကြလိမ့်မယ်လို့ ကျွန်တော် တွေးထင်နေမိပါတယ် ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

ZG

ဒီေန႔ညမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲမွာ ေဆာက္သမ္တန္ အသင္း နဲ႔ ရင္ဆိုင္ ကစားရဖို႔ ရွိေနပါတယ္။ ျပီးခဲ့တဲ့ ဘန္ေလနဲ႕ ပြဲမွာ သေရက်ျပီး အဆင့္ ၅ ဆင္းေပးလိုက္ရတာေၾကာင့္ ဒီပြဲမွာ မန္ယူတို႔ ေသခ်ာေပါက္ အႏိုင္ရရွိဖို႔ ႀကိဳးစားရမွာပဲ ျဖစ္ပါတယ္။

လက္ရွိ အေနအထားအရေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ထိပ္သီး ေလးသင္း စာရင္း ဝင္ေရာက္ႏိုင္ဖို႔ အတြက္ ခ်ဲလ္ဆီး၊ ဝက္စ္ဟမ္း၊ အာဆင္နယ္၊ စပါး အသင္း ေတြနဲ႔ အဓိကထားၿပီး ယွဥ္ၿပိဳင္ရမွာပါ။

မန္ယူ ဂႏၲဝင္ ရီယို ဖာဒီနန္ ကေတာ့ သူ႔ အသင္းေဟာင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ထိပ္သီး ေလးသင္း စာရင္း ဝင္ေရာက္ႏိုင္စြမ္း ရွိေၾကာင္း ေျပာခဲ့လိုက္ၿပီး ေမွ်ာ္လင့္ခ်က္ေတြဟာ အားလုံးအတြက္ ရွင္သန္ေနဆဲ ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

” မန္ယူ အဆင့္ ၄ ဝင္ဖို႔က ေမွ်ာ္လင့္ခ်က္ ရွိပါေသးတယ္။ ေမွ်ာ္လင့္ခ်က္ ဆိုတာက အၿမဲတမ္း ရွိေနတတ္တယ္။ ကြၽန္ေတာ္ အရင္တုန္းက ေျပာခဲ့သလိုပါပဲ ထိပ္သီး ေလးသင္း ဘယ္သူမွ ဦးစားေပး ျဖစ္မေနပါဘူး၊ လက္ရွိ အခ်ိန္မွာ ဦးေဆာင္သူ မရွိေသးသလို ေသခ်ာေပါက္ ဝင္ခြင့္ရမယ္လို႔ ေျပာလို႔လည္း မရႏိုင္ေသးပါဘူး”

” အသင္းတိုင္းက ငါးပြဲဆက္ ႏိုင္တာတို႔ ဆယ္ပြဲဆက္ ရႈံးပြဲ မရွိတာတို႔ ျဖစ္သြားႏိုင္ပါတယ္။ ထိပ္သီး ေလးသင္း ဝင္ေရာက္ႏိုင္ေရး အခြင့္အေရးကို ဘယ္အသင္းမဆို လုယူႏိုင္ပါေသးတယ္။ ဒီအနီးအနားမွာ ရွိေနတဲ့ အသင္းတိုင္းက ဒီေနရာကို လုယူႏိုင္ခြင့္ ရွိပါေသးတယ္ ”

” အထူးသျဖင့္ အာဆင္နယ္၊ ဝက္စ္ဟမ္း၊ ယူႏိုက္တက္၊ စပါး အသင္းေတြက ဒီမွာ ထိုင္ၿပီး ‘ ခင္ဗ်ား သိရဲ႕လား ၊ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ ခံစားခ်က္ေတြ ေကာင္းမြန္ေနတယ္၊ ရလဒ္ေတြ တည္ၿငိမ္ေနသလို စြမ္းေဆာင္ရည္လည္း ေကာင္းေနတယ္ ‘ ဆိုတာမ်ိဳး ေျပာခြင့္ရွိပါတယ္ ”

” ဒီအခ်ိန္မွာေတာ့ သူတို႔ေတြဟာ တစ္သင္းကို တစ္သင္း ၾကည့္ၿပီး သူတို႔ ဘာလုပ္မလဲ မသိဘူး၊ ငါတို႔လည္း ဘာလုပ္ရမလဲ မသိဘူး ဆိုတဲ့ အေတြးေတြ ရွိေကာင္း ရွိေနႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္မိပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဒီေနရာကို ေရာက္ရွိႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ”

” သူတို႔ေတြဟာ ထိပ္သီးေလးသင္းစာရင္းထဲ ဝင္ေရာက္ႏိုင္ဖို႔ အတြက္ လုံေလာက္တဲ့ သြင္းဂိုးေတြကို သြင္းယူႏိုင္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ေတြးထင္ေနမိပါတယ္ ” လို႔ ဖာဒီနန္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့တာပဲ ျဖစ္ပါတယ္။