အဖေလုပ်သူက သူ့အသင်းဟောင်း မန်စီးတီးကို သွားဖို့ ပြောနေလို့ ဟာလန်း စဉ်းစားရခက်နေ

ဒေါ့မွန်ကြယ်ပွင့် ဟာလန်းရဲ့ဖခင်ဖြစ်သူကတော့ သူ့သားကို နွေရာသီမှာ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟာလန်းနဲ့ ဒေါ့မွန် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၈)သန်းဟာ နွေရာသီမှာ အသက်ဝင် လာမှာဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ အသင်းကြီးအများအပြားက ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။

Football Insider မှာတော့ မန်စီးတီး အသင်းဟာ သူ့ဖခင်ရဲ့ကျေးဇူးနဲ့ ဟာလန်းကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ ဟာလန်း ရဲ့ဖခင်ဟာ မန်စီးတီးကစားသမားဟောင်းလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းမှာ (၃)ရာသီကြာ ကစားခဲ့တဲ့ ဟာလန်း ရဲ့ဖခင်ကတော့ သူ့သားကို မန်စီးတီး အသင်းထံ နွေရာသီမှာ ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတာပါ။မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ကလည်း ဟာလန်းကို ပစ်မှတ်ထားနေပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဟာရီကိန်းကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် ဟာလန်း ဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်း ဟာ စပိန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

နော်ဝေးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထက် လာလီဂါကိုပဲ ပြောင်းရွှေ့ချင်နေတာလို့ သုံးသပ်နေကြတာဖြစ်ပါတယ်။ ဟာလန်း ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေရှိပေမယ့် လိဂ်ပွဲ(၁၄)ပွဲမှာ (၁၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဟာလန်း ကို ခေါ်ယူဖို့ ထိပ်သီးအသင်းတွေအများအပြားက စိတ်ဝင်စားနေတာကြောင့် နွေရာသီမှာ ဘယ်အသင်းကို ရောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတာလည်းဖြစ်ပါတယ်။

ZG

ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းရဲ႕ဖခင္ျဖစ္သူကေတာ့ သူ႔သားကို ေႏြရာသီမွာ မန္စီးတီး အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဟာလန္းနဲ႔ ေဒါ့မြန္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္(၆၈)သန္းဟာ ေႏြရာသီမွာ အသက္ဝင္ လာမွာျဖစ္တာေၾကာင့္ သူ႔ကို ေခၚယူဖို႔ အသင္းႀကီးအမ်ားအျပားက ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။

Football Insider မွာေတာ့ မန္စီးတီး အသင္းဟာ သူ႔ဖခင္ရဲ႕ေက်းဇူးနဲ႔ ဟာလန္းကို ေခၚယူဖို႔ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ဟာလန္း ရဲ႕ဖခင္ဟာ မန္စီးတီးကစားသမားေဟာင္းလည္းျဖစ္ပါတယ္။

မန္စီးတီး အသင္းမွာ (၃)ရာသီၾကာ ကစားခဲ့တဲ့ ဟာလန္း ရဲ႕ဖခင္ကေတာ့ သူ႔သားကို မန္စီးတီး အသင္းထံ ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းေနတာပါ။မန္စီးတီး အသင္းနည္းျပ ဂြာဒီယိုလာ ကလည္း ဟာလန္းကို ပစ္မွတ္ထားေနပါတယ္။

မန္စီးတီး အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ဟာရီကိန္းကို ေခၚယူဖို႔ အဆင္မေျပခဲ့ၿပီးေနာက္ ဟာလန္း ဘက္ကို ျမႇားဦးလွည့္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဟာလန္း ဟာ စပိန္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကတာပါ။

ေနာ္ေဝးတိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ထက္ လာလီဂါကိုပဲ ေျပာင္းေ႐ႊ႕ခ်င္ေနတာလို႔ သုံးသပ္ေနၾကတာျဖစ္ပါတယ္။ ဟာလန္း ဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြရွိေပမယ့္ လိဂ္ပြဲ(၁၄)ပြဲမွာ (၁၆)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဟာလန္း ကို ေခၚယူဖို႔ ထိပ္သီးအသင္းေတြအမ်ားအျပားက စိတ္ဝင္စားေနတာေၾကာင့္ ေႏြရာသီမွာ ဘယ္အသင္းကို ေရာက္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းတာလည္းျဖစ္ပါတယ္။