ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့ ချဲလ်ဆီး ကို လူတိုင်းက မနာလို ဖြစ်ကြမယ် လို့ ပြောလိုက်တဲ့ နည်းပြ တူချယ်
ချဲလ်ဆီး ရဲ့ ကလပ်ကမ္ဘ့ာဖလား ဗိုလ်စွဲ အောင်မြင်မှုအပြီး လူတိုင်းက သူ့အသင်းကို မနာလိုဖြစ်နေကြတော့မယ်လို့ နည်းပြ သောမတ်စ် တူချယ်က ပြောဆိုခဲ့ပါတယ်။
ညက ဗိုလ်လုပွဲမှာ ချဲလ်ဆီး အသင်း ဟာ ကိုင်ဟားဗတ်ရဲ့ အဆုံးအဖြတ် ပင်နယ်တီသွင်းဂိုးနဲ့အတူ အချိန်ပိုမှာ ပါမီးယက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာပါ။ ချဲလ်ဆီး ဟာ နောက်ဆုံး ၉နှစ် အတွင်း ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလား ရယူခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားကိုပါ ဆက်လက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။
“ဒါက ဘယ်လောက်တောင် ကောင်းတဲ့အခွင့်အရေးလဲ။ ဒီလိုပွဲမျိုး ကစားရလို့ လူတိုင်းက ကျွန်တော်တို့ကို မနာလိုဖြစ်နေကြတယ် လို့ အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ ဒီလိုမျိုး ဖိုင်နယ်ပွဲတွေကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အိမ်မက်မက်ခဲ့တာပါ။
ဒါက သိပ်ကို ထူးခြားပါတယ်။ ကျွန်တော်တို့ ဘာနောင်တမှမရှိပဲ ကစးချင်ခဲ့တယ်။ နောက်ကျ ဂိုးသွင်းခွင့်ရဖို့အတွက် ကံကောင်းဖို့လိုတယ်။ ကျွန်တော်တို့ မဆုတ်မနစ် ကြိုးစားခဲ့တာပါ။ လုံးဝ မရပ်တန့်ခဲ့ဘူး။ အရှုံးမပေးခဲ့ဘူး။ ကျွန်တော်တို့ ဦးဆောင်ခွင့်ရခဲ့ပြီးတော့ အဲ့ဒီ့ဦးဆောင်မှုကို ထပ်မံဆုံးရှုံးသွားခဲ့တယ်။
ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်ဆင်မှုကို မရပ်တန့်ခဲ့ဘူး။ ဒါကြောင့် ဒီနိုင်ပွဲက ထိုက်တန်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် နောက်ကျဂိုး ရတာ ကံကောင်းတာပါ”လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စတန်းဖို့ဒ် ဘရစ်ချ်ကလပ်ဟာ ဒီလနှောင်းပိုင်းမှာ နောက်ထပ် အောင်မြင်မှုတစ်ခု ထပ်မံပေါင်းထည့်ဖို့ အခွင့်အရေး ရှိနေမှာဖြစ်ပြီး ကာရာဘောင်းဖလား ဖိုင်နယ်မှာ လီဗာပူးနဲ့ တွေ့ဆုံရမှာပါ။
ချဲလ်ဆီး အသင်း ဟာ အက်ဖ်အေဖလားမှာလဲ ပြိုင်ဆိုင်နေဆဲဖြစ်ပြီး မတ် ၂ ရက်မှာ လူတန်တောင်းနဲ့ အက်ဖ်အေ ဖလား ပဉ္စမအဆင့် ကစားရဖို့ရှိနေသေးတာ ဖြစ်ပါတယ်။

ZG
ခ်ဲလ္ဆီး ရဲ႕ ကလပ္ကမၻ့ာဖလား ဗိုလ္စြဲ ေအာင္ျမင္မႈအၿပီး လူတိုင္းက သူ႔အသင္းကို မနာလိုျဖစ္ေနၾကေတာ့မယ္လို႔ နည္းျပ ေသာမတ္စ္ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။
ညက ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီး အသင္း ဟာ ကိုင္ဟားဗတ္ရဲ႕ အဆုံးအျဖတ္ ပင္နယ္တီသြင္းဂိုးနဲ႔အတူ အခ်ိန္ပိုမွာ ပါမီးယက္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တာပါ။ ခ်ဲလ္ဆီး ဟာ ေနာက္ဆုံး ၉နွစ္ အတြင္း ခ်န္ပီယံလိဂ္နဲ႔ ဥေရာပစူပါဖလား ရယူခဲ့ၿပီး ကလပ္ကမာၻ႔ဖလားကိုပါ ဆက္လက္ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။
“ဒါက ဘယ္ေလာက္ေတာင္ ေကာင္းတဲ့အခြင့္အေရးလဲ။ ဒီလိုပြဲမ်ိဳး ကစားရလို႔ လူတိုင္းက ကြၽန္ေတာ္တို႔ကို မနာလိုျဖစ္ေနၾကတယ္ လို႔ အဝတ္လဲခန္းထဲမွာ ကြၽန္ေတာ္တို႔ ေျပာခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး ဖိုင္နယ္ပြဲေတြကို ကြၽန္ေတာ္တို႔ ငယ္စဥ္ကတည္းက အိမ္မက္မက္ခဲ့တာပါ။
ဒါက သိပ္ကို ထူးျခားပါတယ္။ ကြၽန္ေတာ္တို႔ ဘာေနာင္တမွမရွိပဲ ကစးခ်င္ခဲ့တယ္။ ေနာက္က် ဂိုးသြင္းခြင့္ရဖို႔အတြက္ ကံေကာင္းဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ မဆုတ္မနစ္ ႀကိဳးစားခဲ့တာပါ။ လုံးဝ မရပ္တန႔္ခဲ့ဘူး။ အရႈံးမေပးခဲ့ဘူး။ ကြၽန္ေတာ္တို႔ ဦးေဆာင္ခြင့္ရခဲ့ၿပီးေတာ့ အဲ့ဒီ့ဦးေဆာင္မႈကို ထပ္မံဆုံးရႈံးသြားခဲ့တယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ တိုက္စစ္ဆင္မႈကို မရပ္တန႔္ခဲ့ဘူး။ ဒါေၾကာင့္ ဒီႏိုင္ပြဲက ထိုက္တန္တယ္လို႔ထင္ပါတယ္။ ဒါေပမယ့္ ေနာက္က်ဂိုး ရတာ ကံေကာင္းတာပါ”လို႔ တူခ်ယ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
စတန္းဖို႔ဒ္ ဘရစ္ခ်္ကလပ္ဟာ ဒီလေႏွာင္းပိုင္းမွာ ေနာက္ထပ္ ေအာင္ျမင္မႈတစ္ခု ထပ္မံေပါင္းထည့္ဖို႔ အခြင့္အေရး ရွိေနမွာျဖစ္ၿပီး ကာရာေဘာင္းဖလား ဖိုင္နယ္မွာ လီဗာပူးနဲ႔ ေတြ႕ဆုံရမွာပါ။
ခ်ဲလ္ဆီး အသင္း ဟာ အက္ဖ္ေအဖလားမွာလဲ ၿပိဳင္ဆိုင္ေနဆဲျဖစ္ၿပီး မတ္ ၂ ရက္မွာ လူတန္ေတာင္းနဲ႔ အက္ဖ္ေအ ဖလား ပၪၥမအဆင့္ ကစားရဖို႔ရွိေနေသးတာ ျဖစ္ပါတယ္။