ပွဲက သရေကျသွားပေမယ့် အရင်က ဆန်ချို ပြန်လာပြီ ကြွေးကြော်လိုက်တဲ့ မန်ယူနည်းပြ ရန်းနစ်

မနေ့က စနေနေ့ည ဆောက်သမ်တန်နဲ့ပွဲမှာ မန်ယူက ၁ဂိုးစီ သရေ ရလဒ်သာ ရခဲ့ပေမယ့် ထိုပွဲမှာ အရေးပါတဲ့ စွမ်းဆောင်မှု ပြုလုပ်ပေးခဲ့တဲ့နောက် ဂျေဒန် ဆန်ချိုဟာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပြန်ရနေပြီလို့ နည်းပြ ရက်ဖ်ရန်းနစ်က ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း အဖွင့်ဂိုး သွင်းယူ ပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဧည့်သည်အသင်းအတွက် ချေပဂိုးကို ချီအဒမ်က သွင်းယူခဲ့တာပါ။

ဆန်ချိုဟာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ယူမှာ ခြေစွမ်းမပြလို့ ဝေဖန်ခံခဲ့ရတာဖြစ်ပေမယ့် မကြာသေးမီက ခြေစွမ်းတွေနဲ့ပတ်သက်ပြီး နည်းပြက ကျေနပ်အားရနေခဲ့ပါတယ်။

“ဂျေဒန်က ပုံစံကောင်းမှာရှိနေပါတယ်။ ပထမပိုင်းမှာတင်မက ဒုတိယပိုင်းမှာလဲ အခိုက်အတန့် ကောင်းတွေ ရရှိခဲ့တယ်။ နောက်ဆုံးပွဲ အနည်းငယ်အတွင်း ဂျေဒန်ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ဒါက ဘွန်ဒက်စ်လီဂါ ကနေ ကျွန်တော်တို့သိခဲ့တဲ့ ဂျေဒန်ပဲ။

သူ့အတွက် တိုးတက်ဖို့ နေရာလွတ်တွေ ရှိနေတုန်းပါ။ ဒါပေမယ့် အခု သူကစားနေတဲ့ပုံက မန်ချက်စတာ ယူနိုက်တက် မှာ မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံး ဂျေဒန်ဆန်ချိုလို့ ပြောလို့ရလောက်ပါတယ်”လို့ ရန်းနစ်က ချီးကျူးခဲ့ပါတယ်။

မနေ့ကပွဲမှာ ဆန်ချိုရဲ့သွင်းဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးဖြစ်ပြီး ပြိုင်ပွဲစုံ ၄ ဂိုးမြောက်လဲ ဖြစ်ပါတယ်။

ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ၂၆ ပွဲ ကစားပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ၁၂ ပွဲနဲ့ ချန်ပီယံလိဂ် ၃ ပွဲ သာ ပွဲထွက်ခဲ့ရတာလဲ ဖြစ်ပါတယ်။

ZG

မေန႔က စေနေန႔ည ေဆာက္သမ္တန္နဲ႔ပြဲမွာ မန္ယူက ၁ဂိုးစီ သေရ ရလဒ္သာ ရခဲ့ေပမယ့္ ထိုပြဲမွာ အေရးပါတဲ့ စြမ္းေဆာင္မႈ ျပဳလုပ္ေပးခဲ့တဲ့ေနာက္ ေဂ်ဒန္ ဆန္ခ်ိဳဟာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံေတြ ျပန္ရေနၿပီလို႔ နည္းျပ ရက္ဖ္ရန္းနစ္က ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲအတြင္း အဖြင့္ဂိုး သြင္းယူ ေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ဧည့္သည္အသင္းအတြက္ ေခ်ပဂိုးကို ခ်ီအဒမ္က သြင္းယူခဲ့တာပါ။

ဆန္ခ်ိဳဟာ ေဒါ့မြန္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ယူမွာ ေျခစြမ္းမျပလို႔ ေဝဖန္ခံခဲ့ရတာျဖစ္ေပမယ့္ မၾကာေသးမီက ေျခစြမ္းေတြနဲ႔ပတ္သက္ၿပီး နည္းျပက ေက်နပ္အားရေနခဲ့ပါတယ္။

“ေဂ်ဒန္က ပုံစံေကာင္းမွာရွိေနပါတယ္။ ပထမပိုင္းမွာတင္မက ဒုတိယပိုင္းမွာလဲ အခိုက္အတန္႔ ေကာင္းေတြ ရရွိခဲ့တယ္။ ေနာက္ဆုံးပြဲ အနည္းငယ္အတြင္း ေဂ်ဒန္ရဲ႕ စြမ္းေဆာင္ရည္ေတြကို ကြၽန္ေတာ္ အရမ္းေက်နပ္ပါတယ္။ ဒါက ဘြန္ဒက္စ္လီဂါ ကေန ကြၽန္ေတာ္တို႔သိခဲ့တဲ့ ေဂ်ဒန္ပဲ။

သူ႔အတြက္ တိုးတက္ဖို႔ ေနရာလြတ္ေတြ ရွိေနတုန္းပါ။ ဒါေပမယ့္ အခု သူကစားေနတဲ့ပုံက မန္ခ်က္စတာ ယူႏိုက္တက္ မွာ ျမင္ေတြ႕ခဲ့ရတဲ့ အေကာင္းဆုံး ေဂ်ဒန္ဆန္ခ်ိဳလို႔ ေျပာလို႔ရေလာက္ပါတယ္”လို႔ ရန္းနစ္က ခ်ီးက်ဴးခဲ့ပါတယ္။

မေန႔ကပြဲမွာ ဆန္ခ်ိဳရဲ႕သြင္းဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ဒုတိယေျမာက္သြင္းဂိုးျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၄ ဂိုးေျမာက္လဲ ျဖစ္ပါတယ္။

ဆန္ခ်ိဳ ဟာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ၂၆ ပြဲ ကစားေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ၁၂ ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၃ ပြဲ သာ ပြဲထြက္ခဲ့ရတာလဲ ျဖစ္ပါတယ္။