ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီး၊ ဟက်ထရစ် ရှင် စတာလင်၊ ရမ်ဒေးစ်ကို ထောက်ခံမှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဟာဗက်ဇ်ရဲ့ ဒုတိယပိုင်း အချိန်ပို ပင်နယ်တီ သွင်းဂိုးနဲ့အတူ ဘရာဇီးလ်ကလပ် ပါးမီးရက်စ် အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ ယခင် မရဖူးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကို ဒီနှစ် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာတော့ မန်ယူအသင်းက ဆောက်သမ်တန် အသင်းကို ၁-၁ သရေသာ ကစားနိုင် ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးကတော့ စတာလင်ရဲ့ ဟတ်ထရစ် သွင်းဂိုးနဲ့အတူ နော့ဝှစ်ချ်ကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က သူ့အနေနဲ့ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိကြောင်း၊ အသင်းရဲ့ အောင်မြင်မှုကို အားလုံးမနာလိုဖြစ်နေကြမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ဒီပြိုင်ပွဲအတွင်း ကစားပုံ ကောင်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

နော့ဝှစ်ချ် အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြဟတ်ထရစ် သွင်းယူနိုင်ခဲ့တဲ့ စတာလင်ကို နည်းပြ ဂွာဒီယိုလာက ပွဲအပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပြီး ရှေ့လာမယ့် ပွဲတွေမှာ ဆက်လက်နေရာပေးသွားဖို့ အာရုံကျလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အလီယာဒီရီက ဂိုးသမားရမ်ဒေးစ် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သင့်ကြောင်း ထောက်ခံလိုက်ပြီး ရမ်ဒေးစ်ဟာ ထိပ်တန်းအဆင့် ဂိုးသမားဖြစ်သလို အသင်းဖော်တွေကိုလည်း ဦးဆောင်နိုင်သူ၊ လှုံဆော်မှုတွေ လုပ်နိုင်သူ ဖြစ်ကြောင်း အကြံပြုခဲ့ပါတယ်။

စနေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ အရေးပါတဲ့ စွမ်းဆောင်မှု ပြုလုပ်ပေးခဲ့တဲ့နောက် ဂျေဒန် ဆန်ချိုဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရနေပြီလို့ ရက်ဖ်ရန်းနစ်က ယုံကြည်နေပါတယ်။

လီဗာပူး တိုက်စစ်မူှး မာနေးကတော့ အာဖရိကဖလားပြိုင်ပွဲကို ရယူပေးနိုင်ခဲ့တဲ့အတွက် ဆီနီဂေါနိုင်ငံအတွင်း ဘောလုံး ကွင်း တစ်ကွင်းကို သူ့အမည်မှည့်တွင်ပြီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ sedhiou မြို့ဟာ မာနေးကိုဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့အိမ်ကွင်းကို Mane Stadium လို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်း ကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ အားကစား ဒါရိုက်တာ ပဲ နောက်ပိုင်း လုပ်ဖြစ်တဲ့ ရန်းနစ်ဟာ မန်ယူအသင်း နည်းပြရာထူးနဲ့ ကိုက်ညီမှုမရှိကြောင်း ထောက်ပြပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်း နည်းပြ ပိုချက်တီနိုကတော့ လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း နေမာတစ်ယောက် ပြန်လည် ကစားပေးနိုင်ဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။