အသက်အရွယ် ရလာပြီလို့ ဝန်ခံလာရပြီ ဖြစ်တဲ့ မန်ယူကြယ်ပွင့် စီ ရော်နယ်ဒို
မနေ့က ဆောက်သမ်တန်ကို သရေကျတဲ့ ပွဲမှာ မန်ယူကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို တယောက် အချက်အလက် ပိုင်း အရ ဆိုးရွားတဲ့အနေအထားတခုမှာ သတ်မှတ်ခံရတဲ့နောက် သူ ကိုယ်တိုင်ကလည်း အသက်အရွယ် ရလာပြီလို့ ခံစားနေရပြီလို့ နီးစပ်သူတွေထံ ဝန်ခံခဲ့ကြောင်း သိရပါတယ်။
ရော်နယ်ဒိုဟာ မနေ့ညက ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးလွတ်ကြီးကို ဝင်အောင်မကန်သွင်းနိုင်ခဲ့သလို နောက်တကြိမ် ဘယ်ခြေကန်ချက်ကလည်း ဆောက်သမ်တန် ဂိုးသမား ဘင်ဖော်စတာ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုက ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် ဘောလုံးထိချက် ၃၃ ကြိမ်သာရှိခဲ့ပါတယ်။ ဘောလုံးဆွဲပြေးမှု ၂ ကြိမ် ဆိုတဲ့ အရေအတွက်က သူ့ဆီက ဘောလုံးဆုံးရှုံးမှု ၃ ကြိမ်ဆိုတဲ့ ပမာဏထက် နည်းပါးနေခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် မနေ့ကပွဲမှာတော့ တကွင်းလုံး လိုက်ကစားနိုင်ဖို့ ကြိုးစား ခဲ့တာကို အချက်အလက်တွေအရရော၊ ပရိသတ်တွေရဲ့ မျက်မြင်အရရော တွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် သူ့ရဲ့ ကစားပုံက ထိရောက်မှု သိပ်မရှိခဲ့ဘဲ ကစားသမား အနေနဲ့လည်း ပြိုင်ဘက်နောက်ခံလူတွေကို တယောက်ချင်း ကျော်ဖြတ်ဖို့ ယုံကြည်မှု လျော့နည်းလာပုံ ရပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ ၂ နှစ် စာချုပ် ချုပ်ဆို ထားတာပါ။ ဒါပေမယ့် စာချုပ်ပြည့်တဲ့အထိ ရော်နယ်ဒို မနေသင့်တော့ဘူးလို့ အများစုက ယူဆနေပြီး ကစားသမား အနေနဲ့လည်း ယူနိုက်တက်က ပြန်လည်ထွက်ခွာဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ZG
မေန႔က ေဆာက္သမ္တန္ကို သေရက်တဲ့ ပြဲမွာ မန္ယူၾကယ္ပြင့္ တုိက္စစ္မႈး စီ ေရာ္နယ္ဒို တေယာက္ အခ်က္အလက္ ပိုင္း အရ ဆိုး႐ြားတဲ့အေနအထားတခုမွာ သတ္မွတ္ခံရတဲ့ေနာက္ သူ ကိုယ္တိုင္ကလည္း အသက္အရြယ္ ရလာျပီလို႔ ခံစားေနရျပီလို႔ နီးစပ္သူေတြထံ ဝန္ခံခဲ့ေၾကာင္း သိရပါတယ္။
ေရာ္နယ္ဒိုဟာ မေန႔ညက ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးလြတ္ႀကီးကို ဝင္ေအာင္မကန္သြင္းႏိုင္ခဲ့သလို ေနာက္တႀကိမ္ ဘယ္ေျခကန္ခ်က္ကလည္း ေဆာက္သမ္တန္ ဂိုးသမား ဘင္ေဖာ္စတာ ကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒီပြဲမွာ ေရာ္နယ္ဒိုက ပြဲခ်ိန္ျပည့္ ကစားခဲ့ေပမယ့္ ေဘာလုံးထိခ်က္ ၃၃ ႀကိမ္သာရွိခဲ့ပါတယ္။ ေဘာလုံးဆြဲေျပးမႈ ၂ ႀကိမ္ ဆိုတဲ့ အေရအတြက္က သူ႔ဆီက ေဘာလုံးဆုံးရႈံးမႈ ၃ ႀကိမ္ဆိုတဲ့ ပမာဏထက္ နည္းပါးေနခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ အသက္ ၃၇ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေပမယ့္ မေန႔ကပြဲမွာေတာ့ တကြင္းလုံး လိုက္ကစားႏိုင္ဖို႔ ႀကိဳးစား ခဲ့တာကို အခ်က္အလက္ေတြအရေရာ၊ ပရိသတ္ေတြရဲ႕ မ်က္ျမင္အရေရာ ေတြ႕ရွိခဲ့ရပါတယ္။
ဒါေပမယ့္ သူ႔ရဲ႕ ကစားပုံက ထိေရာက္မႈ သိပ္မရွိခဲ့ဘဲ ကစားသမား အေနနဲ႔လည္း ၿပိဳင္ဘက္ေနာက္ခံလူေတြကို တေယာက္ခ်င္း ေက်ာ္ျဖတ္ဖို႔ ယုံၾကည္မႈ ေလ်ာ့နည္းလာပုံ ရပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္ကို တေက်ာ့ျပန္ေရာက္ရွိလာခဲ့ၿပီး အသင္းနဲ႔ ၂ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ထားတာပါ။ ဒါေပမယ့္ စာခ်ဳပ္ျပည့္တဲ့အထိ ေရာ္နယ္ဒို မေနသင့္ေတာ့ဘူးလို႔ အမ်ားစုက ယူဆေနၿပီး ကစားသမား အေနနဲ႔လည္း ယူႏိုက္တက္က ျပန္လည္ထြက္ခြာဖို႔ ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္နဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။