ဘာပေနဲ့ ဟာလန်း တို့ သိပ်ကောင်းပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုကို မီမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်သူ
ဒီဘက်ခေတ် ဘောလုံး ကမ္ဘာရဲ့ ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ အမ်ဘာပေနဲ့ ဟာလန်းဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဘောလုံးလောကအပေါ် လွှမ်းမိုးထားသလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူးလို့ ရောဘတ် လီဝန်ဒေါစကီးက ထင်မြင်နေပါတယ်။
အာဂျင်တိုင်းနဲ့ ပေါ်တူဂီသားတို့ နှစ်ယောက်ဟာ ၂၀၀၈ ကတည်းက ဘလွန်းဒီအောဆုပေးပွဲတွေကို လွှမ်းမိုး ထားခဲ့ပြီးတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဘောလုံးလောကရဲ့ အထွတ်အထိပ် မှာ ရှိနေခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် အမ်ဘာပေနဲ့ ၂၁ နှစ်အရွယ် ဟာလန်းတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေအဖြစ် ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ အမွေကို ဆက်ခံမယ့်သူတွေလို့ သတ်မှတ်ခံထားရပေမယ့် လီဝန်ဒေါစကီးကတော့ အဲ့ဒီ့လို ထပ်တူကျလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
“ဘာပေနဲ့ ဟာလန်းမှာ အရည်အချင်းရှိပါတယ်။ ဒါပေမယ့် နောက် နှစ်နှစ်၊ သုံးနှစ်အတွင်း တခြားသော လူငယ် တိုက်စစ်မှူးတွေ က သူတို့ကို ကျော်မတက်နိုင်ဘူးလို့ ပြောလို့ရမလား။
နောက်ဆုံး ၁၂ နှစ်အတွင်း ရော်နယ်ဒိုနဲ့ မက်ဆီတို့ လုပ်ခဲ့သလိုမျိုး သူတို့တွေ ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင် လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ ရော်နယ်ဒိုနဲ့ မက်ဆီတို့က ဖြစ်နိုင်သမျှ ဆုဖလားအားလုံး အောင်မြင်ပြီး သမိုင်းတွင်အောင် လုပ်ခဲ့ကြတာပါ။
နောက် ၁၀ နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား နေရာအတွက် ပြိုင်ဆိုင်ကြမယ့် ကစားသမားတွေ အများကြီး ရှိလာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး လီဝန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZG
ဒီဘက္ေခတ္ ေဘာလံုး ကမၻာရဲ႕ ၾကယ္ပြင့္ နွစ္ဦး ျဖစ္တဲ့ အမ္ဘာေပနဲ႔ ဟာလန္းဟာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ ေဘာလုံးေလာကအေပၚ လႊမ္းမိုးထားသလိုမ်ိဳး လုပ္ႏိုင္မွာမဟုတ္ဘူးလို႔ ေရာဘတ္ လီဝန္ေဒါစကီးက ထင္ျမင္ေနပါတယ္။
အာဂ်င္တိုင္းနဲ႔ ေပၚတူဂီသားတို႔ ႏွစ္ေယာက္ဟာ ၂၀၀၈ ကတည္းက ဘလြန္းဒီေအာဆုေပးပြဲေတြကို လႊမ္းမိုး ထားခဲ့ၿပီးေတာ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ေဘာလုံးေလာကရဲ႕ အထြတ္အထိပ္ မွာ ရွိေနခဲ့တာပါ။
အသက္ ၂၃ ႏွစ္အ႐ြယ္ အမ္ဘာေပနဲ႔ ၂၁ ႏွစ္အ႐ြယ္ ဟာလန္းတို႔ဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြအျဖစ္ ေရာ္နယ္ဒိုနဲ႔ မက္ဆီရဲ႕ အေမြကို ဆက္ခံမယ့္သူေတြလို႔ သတ္မွတ္ခံထားရေပမယ့္ လီဝန္ေဒါစကီးကေတာ့ အဲ့ဒီ့လို ထပ္တူက်လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားပါဘူး။
“ဘာေပနဲ႔ ဟာလန္းမွာ အရည္အခ်င္းရွိပါတယ္။ ဒါေပမယ့္ ေနာက္ ႏွစ္ႏွစ္၊ သုံးႏွစ္အတြင္း တျခားေသာ လူငယ္ တိုက္စစ္မႉးေတြ က သူတို႔ကို ေက်ာ္မတက္ႏိုင္ဘူးလို႔ ေျပာလို႔ရမလား။
ေနာက္ဆုံး ၁၂ ႏွစ္အတြင္း ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ လုပ္ခဲ့သလိုမ်ိဳး သူတို႔ေတြ ကမာၻ႔ေဘာလုံးေလာကကို လႊမ္းမိုးႏိုင္ လိမ့္မယ္ လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔က ျဖစ္ႏိုင္သမွ် ဆုဖလားအားလုံး ေအာင္ျမင္ၿပီး သမိုင္းတြင္ေအာင္ လုပ္ခဲ့ၾကတာပါ။
ေနာက္ ၁၀ ႏွစ္ အတြင္းမွာ ကမာၻ႔အေကာင္းဆုံး ကစားသမား ေနရာအတြက္ ၿပိဳင္ဆိုင္ၾကမယ့္ ကစားသမားေတြ အမ်ားႀကီး ရွိလာလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္” ဆိုၿပီး လီဝန္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။