ဒီကလန်ရိုက်စ် ပေါင် သန်း ၁၆ဝ၊ မန်ယူမှာ မပျော်တဲ့ ဒိုလေး၊ မန်စီးတီး ထိန်းချုပ်ခြင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
အာဆင်နယ် အသင်းဟာ အူဘာမီယန်ထွက်သွားပြီးနောက် လူငယ်တိုက်စစ်မှုး မာတင်နယ်လီကို အထောင်တိုက်စစ်မှုး နေရာကို လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။
ဂိုးပေါက် ၆ ပွဲဆက် ပျောက်ပြီးနောက် ရော်နယ်ဒို က လက်ရှိ မန်ယူ အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ စပိန် သတင်းတွေက ဆိုပါတယ်။ နည်းပြ ရင်းနစ် နဲ့လည်း အဆင်မပြေဖြစ်တာကြောင့် ရော်နယ်ဒိုက အသင်းပါ ပြောင်းချင် နေတယ်လို့လည်း သိရပါတယ်။
ဝက်စ်ဟမ်း နဲ့ မန်ယူ ကစားသမား ဟောင်းဖြစ်တဲ့ တက်ဒီ ရှရင်ဂမ် ကတော့ ချဲလ်ဆီနဲ့ မန်ယူတို့ ပစ်မှတ်ထားနေတဲ့ ဒီကလန်ရိုက်စ် က စတီဗင် ဂျာရတ် ကစားပုံနဲ့ ဆင်ပြီး သူ့ တန်ဖိုးက အနည်းဆုံး ပေါင် သန်း ၁၆၀ တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းက ဒီ အင်္ဂလန်သား အတွက် တန်ဖိုးကို အဆမတန်မြှင့်ထားလျက်ရှိပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ဒီရာသီပရီးမီးယားလိဂ်ကို မန်စီးတီးက အလုံးစုံ ထိန်းချုပ်နိုင်သွားပြီဖြစ်ကြောင်း၊ သင်္ချာနည်းအရ ချန်ပီယံဆုအားပြိုင်မှု မပြီးဆုံးသေးပေမဲ့ မန်စီးတီးရဲ့ပွဲတွေကိုကြည့်လိုက်ရင်သက်သောင့်သက်သာပုံစံမျိုးနဲ့ ကစားနေကြောင်း၊ ဂွါဒီယိုလာဟာ တိုက်စစ်မှူးမရှိဘဲနဲ့တောင် အကောင်းဆုံးလုပ်ဆောင်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အက်စတွန်ဗီလာ အသင်းက လာမယ့်နွေမှာ သူတို့အသင်းမှာ အငှားလာကစားနေတဲ့ ကော်တင်ညို ကို ခေါ်ယူနိူင်ဖို့ အတွက် တစ်ခြား ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ ဝက်စ်ဟမ်းတို့နဲ့ ယှဉ်ပြိုင်ရမယ်လို့ မာကာက ဖော်ပြလိုက်ပါတယ်။
ရီးရဲမက်ဒရစ်တိုက်စစ်မူှး ဘန်ဇီမာက သူ့ရဲ့လက်ရွေးစင်အသင်းဖော် အမ်ဘာပေအနေနဲ့ ရီးရဲမှာ ကစားမယ်ဆိုပါက အလွန်ကောင်းမွန်မှာဖြစ်ကြောင်း၊ အမ်ဘာပေဟာ ရီးရဲကိုဆုဖလားအောင်မြင်မှုများစွာ ရရှိအောင် ကူညီပေးနိုင်မဲ့သူ ဖြစ်ကြောင်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး ပိုင်ရှင်ဖြစ်တဲ့ အာဘရမ်မိုဗစ် ကတော့ လာမယ့် နွေမှာ တူချယ်အတွက် အပြောင်းအရွှေ့မှာသုံးဖို့ ငွေထုတ် ပေးသွားမယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းက လာမယ့်နွေမှာလည်း ငွေသုံးကြမ်းပြီး ဆီဗီလာ နောက်ခံလူ ကွန်ဒီ နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် တို့ကို ချိန်ရွယ်နေပါတယ်။
လီဗာပူးနည်းပြကလော့ ဘန်လေနဲ့ပွဲမှာ ဒီယက်ဇ်ကို အရန်ခုံ ထိုင်ခိုင်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဘန်လေနဲ့ပွဲက တခြား ပွဲတွေနဲ့မတူကြောင်း၊ ဘန်လေဟာ မာကျောပြီး ဒီလိုပွဲမျိုးက ဒါက ပရီးမီးယားလိဂ်ပါလားဆိုတဲ့ပွဲမျိုးဖြစ်ကြောင်း၊ ဒီယက်ဇ်ဟာ ကောင်းကောင်း အထိုင်ကျနေပေမဲ့ ဒီလိုပွဲမျိုးမှာ သူ့ကိုအသုံးမပြုစေလိုခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပေါလ်ပေါ့ဘာကတော့ သူ့အနာဂတ်ကို လာမယ့် နွေရာသီကျမှ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပြင်သစ်သားက မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပေမယ့် ဘယ်အသင်းကို ပြောင်းမလဲဆိုတာကို အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
နာပိုလီတိုက်စစ်မှုး လိုဇာနိုဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားမဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။ လိုဇာနိုဟာ နိုင်ငံလက်ရွေးစင်နဲ့ ပူးပေါင်းစဉ်မှာ ပုခုံးဒဏ်ရာရရှိခဲ့ပြီးနောက်ထပ် ပွဲစဉ် ၃ ပွဲခန့်ကို လွဲချော်နိုင်ပြီး မတ်လ ၂၀ ရက်နေ့မှ ပြန် ကစားနိုင်ဖွယ်ရှိနေတာပါ။
လီဗာပူး အသင်း ကွင်းလယ်လူ ဂျိမ်းမေလ်နာကို လာမယ့် နွေကျရင် ပရီးမီးယားလိဂ် ကလပ် ၂ ခု ဖြစ်တဲ့ ပဲလေစ့် နဲ့ ဝဒ်ဖိုဒ့် အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးကလည်း မေလ်နာကို သက်တမ်းတိုးဖို့ စဉ်းစားနေပါတယ်။