တူချယ်က အိုဗာလို့ ဝေဖန်လိုက်သူ၊ ကံကောင်းတဲ့ ကျူတာ၊ အန်ကွန်ကူ ချိန်ရွယ်ခြင်းနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

စပါးတိုက်စစ်မူှးဟောင်း ခရွတ်စ် က လူကာကူရဲ့အင်တာဗျူး စကားကြောင့် တူချယ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ လုပ်ရပ်က မှန်ကန်တယ်လို့ မထင်မှတ်မိဘဲ အိုဗာဖြစ်လွန်းခဲ့ကြောင်း၊ အဲဒီအခြေအနေဆိုးကနေ ပြန် ရုန်းထွက်လာခဲ့တာ လူကာကူကို ချီးကျူးရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီး အနေနဲ့ လိုက်ပဇစ်တိုက်စစ်ကစားသမား အန်ကွန်ကူကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေကြောင်း Fichajes က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအပြင် မန်ယူကလည်း အန်ကွန်ကူကို ပစ်မှတ်ထားနေပြီး အန်ကွန်ကူ ဟာ လက်ရှိ လိုက်ပဇစ်မှာ ခြေစွမ်းပြနေတာပါ။

လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးကလည်း တစ်သင်း အပါအဝင်ပါ။ တူချယ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး ရာဖင်ဟာက သူ့ကစားကွက်နဲ့ လိုက်ဖက်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်နဲ့ မိုနာကိုကွင်းလယ်လူ ချူဝါမန်နီ တို့နှစ်ဦးထဲကတစ်ဦးကို ခေါ်ယူသွားဖွယ်ရှိနေကြောင်း သိရပါတယ် နည်းပြတူချယ်အနေနဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦး အားဖြည့်လိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ နောက်တန်းကိုအားဖြည့်ဖို့ ပစ်မှတ်ထားလျက်ရှိနေရာ ဘရိုက်တ်နောက်ခံလူ ဝက်စတာကလည်း သူတို့ရဲ့ ပစ်မှတ် စာရင်းထဲ ပါဝင်လာပါတယ်။ အဆိုပါ ၂၇ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ ဘရိုက်တန် အသင်း အတွက် ခြေစွမ်းပြ ကစားထားပြီး ချဲလ်ဆီးက မျက်စိကျလျက်ရှိနေတာပါ။

ပရီးမီးယားလိဂ် နည်းပြဟောင်း နေးဗ်ဝါနော့က နောက်ခံလူအက်ပီကျူတာအနေနဲ့ ချဲလ်ဆီးနဲ့အတူ ဆုဖလား မျိုးစုံ ရရှိခဲ့ကြောင်း ကံကောင်းကြောင်း၊ အက်ပီကျူတာဟာ ခမ်းနားတဲ့ နောက်ခံလူ တစ်ဦးလို့ မထင်မိကြောင်း၊ ဘောလုံးမှာ တစ်ခါတစ်လေ ကံတရားရဲ့ဖေးမမှုရရှိဖို့လည်း လိုအပ်ကြောင်း၊ အက်ပီကျူတာဟာ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ နေရာကို ရောက်လာခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူလိုတဲ့ ဥရောပထိပ်သီးကလပ် အသင်း ၃ သင်းခန့်ရှိနေကြောင်း Fichajes က ဖော်ပြထားပါတယ်။ ဘွန်ဒက်လီဂါကလပ်တွေဖြစ်ကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်၊ လာလီဂါကလပ် အက်သလက်တီကို တို့က ဟာဗက်ဇ်ကို ခေါ်ယူလိုနေကြတာပါ။ ၂၂ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးမှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ရလျက်ရှိနေတာပါ။

ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ်တွေဖြစ်ကြတဲ့ နာပိုလီနဲ့ လာဇီယိုတို့က အပြိုင် ကြိုးပမ်း သွားကြမှာပါ။ ၂၇ နှစ်အရွယ် ဂိုးသမားဟာ မန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်နေရပြီး မန်ဒီ အာဖရိက ဖလားသွားနေချိန်မှာ ချဲလ်ဆီးအတွက် လက်စွမ်းပြသထားပါတယ်။ လာဇီယိုအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ကီပါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။