အိုင်ကာဒီကို ငြင်းခဲ့တဲ့ ဂန်းနားများ၊ စွန့်စားလာတဲ့ တာနာ၊ အလွယ်လိုက်တဲ့ ဗလာဟိုဗစ်နဲ့ အာဆင်နယ် သတင်းများ
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှုး အိုင်ကာဒီ ကို ခေါ်ယူဖို့ အခွင့် ရခဲ့ပေမယ့် သူတို့ ခေါ်ချင်တဲ့ ပစ်မှတ် ကစားသမား ရှိပြီး ဖြစ်လို့ ဆိုပြီး ငြင်းဆန်ပယ်ချခဲ့ပါတယ်။
အမေရိကန် ဂိုးသမား တာနာက သူ့အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အသင်းသစ် အာဆင်နယ် ထံ ကို ပြောင်းရွှေ့ခဲ့တာ စွန့်စားခန်း ဖွင့်ခဲ့တာဖြစ်ကြောင်း၊ ကစားရမလား မသေချာတဲ့ နိုင်ငံခြားကလပ်ကို ပြောင်းခဲ့တာက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ ဂိုးသမား ရမ်ဒေးစ်ကို အသင်းခေါင်းဆောင် ခန့်အပ် င့်တယ် လို့ တိုက်တွန်းလိုက်ပါတယ်။ ရမ်ဒေးစ်ဟာ အာဆင်နယ်မှာ ပွဲစဉ်တိုင်း ကစားဖို့ သေချာနေတဲ့ ကစားသမား ဖြစ်ကာ ဦးဆောင်နိုင်မှုပြည့်ဝသူဖြစ်ပြီး အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ကြောင်း အကြံပြုခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ အာဆင်နယ်အစား ဂျူဗင်တပ်ကို ရွေးချယ်ခဲ့တဲ့ ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ ဗလာဟိုဗစ်အနေနဲ့ လွယ်ကူတဲ့ လမ်း ကို လိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါလ်မာဆင်က ဆိုခဲ့တာပါ။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူနိုင်ရေး မျှော်လင့်ချက် မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ အဆိုပါ၂၇ နှစ်အရွယ် ကစားသမားကို ပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ တိုလစ်ဆိုဟာ ဘိုင်ယန်နဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးလျက် ရှိနေတာပါ။
အာဆင်နယ် ဂန္ထဝင်ဟောင်း အွန်နရီက တွဲကစားဖူးသမျှအနက် အကောင်းဆုံး ကစားသမားနှစ်ယောက်အဖြစ် အာဆင်နယ် အသင်းဖော်ဟောင်း ပီရက်စ်ကို ချန်လှပ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တွဲကစားဖူးသမျှ အကောင်းဆုံး ကစားသမားတွေအဖြစ် ဇီဒန်းနဲ့ ဘားကမ့်တို့ကိုရွေးချယ်သွားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဗီလာမှာ အငှားနဲ့ကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူဖို့ မျက်စိ ကျနေပါတယ်။ ဗီလာဟာ ကော်တင်ဟို ကို အပြီးသတ် ဝယ်ယူခွင့် ထည့်ချုပ် ထားပေမဲ့ အာဆင်နယ်က သူ့အခြေအနေကို စောင့်ကြည့်နေတာပါ။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ပြိုင်ဘက်အသင်းတွေ ခြေချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့အတွက် အလေးသာနေပြီဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က သူ့အနေနဲ့ အူဘာမီယန်ထွက်ခွာသွားပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အခြေအနေကို စိုးရိမ်မိကြောင်း၊ အာဆင်နယ်ဟာ အူဘာမီယန် ထွက်သွားပြီးတည်းက ဂိုးသွင်းအား နည်းလာခဲ့ကြောင်း၊ အူဘာမီယန်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အထောက်အကူဖြစ်စေနေသလားဆုတာ တွေးဆမိကြောင်း ဆိုခဲ့ပါတယ်။