အကောင်းစား ခြေစွမ်းနဲ့ ဗီလာကို ဂိုးပြတ် အနိုင်ယူပြီး မန်ယူနဲ့ အမှတ်တူ ရောက်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက အက်စတွန်ဗီလာကို ၃-၁ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူကာ ယူနိုက်တက်နဲ့ အမှတ်တူ အနေအထား ရောက်လာခဲ့ပါတယ်။ ဇယားမှာ ၁မှတ်သာ ကွာဟကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် ယခုပွဲက အာဆင်နယ်ရော ဗီလာအတွက်ပါ အရေးပါခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ် တိုက်စစ်က အကောင်းဆုံး စွမ်းဆောင်ခဲ့ပြီး ပထမပိုင်း ၄၅မိနစ်မှာတင် ကန်ချက် ၁၄ကြိမ်နဲ့အတူ ဂိုး၂ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီလာကတော့ ပထမပိုင်း၁ပိုင်းလုံး ရုန်းကန်ခဲ့ရကာ တိုက်စစ်က ဘာမှ လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

ပါတေးက တည်ကန်ဘောကနေ ဦးဆောင်ဂိုး သွင်းခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ အူဘာမီယန်းက ပင်နယ်တီ ရရှိခဲ့ကာ ပထမတစ်ကြိမ် ကန်ချက်ကို ဗီလာ ဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပေမဲ့ ဂါဘွန်သားက ဒုတိယအကြိမ် ပိတ်သွင်းသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အခွင့်အရေး ဖန်တီးမှုတွေ ပြုလုပ်ကာ ခြေစွမ်းပြနေတဲ့ စမစ်ရိုက အာဆင်နယ်အတွက် တတိယဂိုး သွင်းပေးခဲ့ပါတယ်။ ဗီလာတိုက်စစ်က ရုန်းကန်ခဲ့ရပေမဲ့ ဂျက်ကော့ ရမ်ဆေးက အကောင်းဆုံး ကန်ချက်နဲ့အတူ နှစ်သိမ့်ချေပဂိုး၁ဂိုး သွင်းယူခဲ့ပါတယ်။

ဗီလာတို့ ချေပဂိုးတွေရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမဲ့ အာဆင်နယ်က ပွဲကို ထိန်းကာ ၃မှတ် ပြည့် ရယူသွားနိုင်ခဲ့ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ယမန္ေန႔ညက အက္စတြန္ဗီလာကို ၃-၁ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ယူကာ ယူႏိုက္တက္နဲ႔ အမွတ္တူ အေနအထား ေရာက္လာခဲ့ပါတယ္။ ဇယားမွာ ၁မွတ္သာ ကြာဟၾကတဲ့ အသင္းေတြ ျဖစ္တာေၾကာင့္ ယခုပြဲက အာဆင္နယ္ေရာ ဗီလာအတြက္ပါ အေရးပါခဲ့ပါတယ္။

ဒါေပမဲ့ အာဆင္နယ္ တိုက္စစ္က အေကာင္းဆုံး စြမ္းေဆာင္ခဲ့ၿပီး ပထမပိုင္း ၄၅မိနစ္မွာတင္ ကန္ခ်က္ ၁၄ႀကိမ္နဲ႔အတူ ဂိုး၂ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဗီလာကေတာ့ ပထမပိုင္း၁ပိုင္းလုံး ႐ုန္းကန္ခဲ့ရကာ တိုက္စစ္က ဘာမွ လုပ္ျပႏိုင္ခဲ့ျခင္း မရွိပါဘူး။

ပါေတးက တည္ကန္ေဘာကေန ဦးေဆာင္ဂိုး သြင္းခဲ့ၿပီး ပထမပိုင္း ၿပီးခါနီးမွာ အူဘာမီယန္းက ပင္နယ္တီ ရရွိခဲ့ကာ ပထမတစ္ႀကိမ္ ကန္ခ်က္ကို ဗီလာ ဂိုးသမား မာတီနက္ဇ္ ကာကြယ္ႏိုင္ခဲ့ေပမဲ့ ဂါဘြန္သားက ဒုတိယအႀကိမ္ ပိတ္သြင္းသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အခြင့္အေရး ဖန္တီးမႈေတြ ျပဳလုပ္ကာ ေျခစြမ္းျပေနတဲ့ စမစ္႐ိုက အာဆင္နယ္အတြက္ တတိယဂိုး သြင္းေပးခဲ့ပါတယ္။ ဗီလာတိုက္စစ္က ႐ုန္းကန္ခဲ့ရေပမဲ့ ဂ်က္ေကာ့ ရမ္ေဆးက အေကာင္းဆုံး ကန္ခ်က္နဲ႔အတူ ႏွစ္သိမ့္ေခ်ပဂိုး၁ဂိုး သြင္းယူခဲ့ပါတယ္။

ဗီလာတို႔ ေခ်ပဂိုးေတြရဖို႔ အသည္းအသန္ ႀကိဳးစားခဲ့ေပမဲ့ အာဆင္နယ္က ပြဲကို ထိန္းကာ ၃မွတ္ ျပည့္ ရယူသြားႏိုင္ခဲ့ပါတယ္။