GOAT နှစ်ယောက်တွဲမယ့် ပီအက်စ်ဂျီ၊ ထုတ်ခံရဖို့ ရေပန်းစားလာတဲ့ နည်းပြနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ပီအက်စ်ဂျီ က လာမယ့် နွေကျရင် မန်ယူအသင်းမှာ ရုန်းကန် နေရတဲ့ ရော်နယ်ဒို ကို အသင်းထံကို ခေါ်ယူဖို့အတွက် ကြံရွယ်နေပါတယ်။ ကယ်လို့ ရော်နယ်ဒိုသာ ပီအက်စ်ဂျီ အသင်းကို ရောက်ခဲ့ရင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၂ ယောက်ဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တွဲဆော့တာကို မြင်ရတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို စာချုပ်သက်တမ်း တိုးမြှင်ဖို့အတွက် လာမဲ့လအတွင်း ဆွေးနွေး သွားမှာဖြစ်ကြောင်း သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ မစ်ဆန်မောင့်ရဲ့စာချုပ်ဟာ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာပါ။
အာဆင်နယ် အသင်း အနေနဲ့ သူတို့ လူငယ် ကစားသမားဖြစ်တဲ့ ဆာကာ နဲ့ မာတင်နယ်လီကို အသင်းမှာ ဆက်ပြီး စာချုပ် သက်တမ်းတိုးဖို့က လာမယ့် နွေမှာ အဓိက ကျတဲ့ အရာလို့ လန်ဒန်သတင်းဌာနက ထောက်ပြလိုက်ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် မရနိူင်ဘူးဆိုရင် ဒီ ကစားသမား ၂ ယောက်က စာချုပ် သက်တမ်းတိုးဖွယ် မရှိပါဘူး။

ရေးဗားပလိတ်က မန်စီးတီး ခေါ်ယူထားတဲ့ ကစားသမားဖြစ်တဲ့ ဂျူလီယန် အဲလ်လားဗက်စ် ကို ရေးဗားပလိတ်ထံ ဂျူလိုင်လ အထိ ပြန်အငှားချထားတာဖြစ်ပါတယ်။ ရေးဗားပလိတ် က ဒီ အငှားကို ဒီဇင်ဘာ အထိ သက်တမ်း တိုးလိုပေမယ့် မန်စီးတီးကတော့ သူ့အနာဂတ်ကို ဇွန်လ မှ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ပေါ့ဘာက မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်အနာဂတ် အတွက် မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ ပေါ့ဘာကို ပီအက်စ်ဂျီ အသင်းက ချိတ်ဆက်နေပေမယ့် မန်ယူရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းကို ပြောင်းရွှေ့ဖို့လည်း ဖြစ်နိူင်တယ်လို့ တယ်လီဂရပ်ဖ်က ဆိုပါတယ်။ ဒါပေမယ့် သူ့လခ ကို ပေးချေနိူင်မယ့် ပရီးမီးယားလိဂ် ကလပ်တွေက လက်ချိုးရေလို့ ရနေတာပါ။
မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်နစ်ကတော့ နော့ဝှစ်ချ်မှာ အငှားနဲ့ ကစားနေတဲ့ လူငယ်ကြယ်ပွင့် ဘရန်ဒန် ဝီလီယံအနေနဲ့ လာမဲ့ရာသီမှာအသင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း၊ ဘရန်ဒန်ဟာ နော့ဝှစ်ချ်မှာ အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြသနေကြောင်း ဆိုခဲ့ပါတယ်။
လက်စတာ နည်းပြဖြစ်တဲ့ ဘရန်ဒန် ရော်ဂျာက ရာထူးက ထုတ်ပယ်ခံရဖို့အတွက် ရေပန်း အစားဆုံးဖြစ်နေတယ်လို့ လန်ဒန်သတင်းဌာနက က ဆိုပါတယ်။ တစ်ကယ်လို့ လက်စတာအသင်းက ဒီလာမယ့် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အသင်းက ထုတ်ပယ် ခံရနိူင်ပါတယ်။

ချဲလ်ဆီး အသင်းက စတူးဂတ် ဘယ်နောက်ခံလူဖြစ်တဲ့ ဘောနာ ဆိုဆာကို ခေါ်ယူဖို့အတွက်ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တုန်းက ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒီ ဘယ်နောက်ခံ လူကို အခုချိန်မှာတော့ လာမယ့်နွေမှာ လန်ဒန် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့လည်း ခေါ်ယူဖို့ စိတ်ဝင်စားလာပြီလို့ သိရပါတယ်။
ရလဒ်ဆိုးတွေ ရင်ဆိုင်နေရတဲ့ စပါးနည်းပြ ကွန်တီ ကတော့ သူတို့အသင်း အနေနဲ့ ဇန်နဝါရီလမှာ အားနည်း သွားကြောင်း၊ အသင်းက ကစားသမား ၄ ယောက်ထွက်ခွာပေမယ့် ၂ ယောက်သာ ရောက်ရှိလာကြောင်း၊ ခေါ်ယူဖို့ ရည်ရွယ်ခဲ့တဲ့ ကစားသမားတွေ ရောက်မလာလို့ စိတ်ပျက်ရကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။