ဒိုလေး အသင်းခေါင်းဆောင် ရာထူး၊ ပိုချက်နဲ့ မန်ယူ ကိုက်ညီမှု၊ ပေါ့ဘာ သက်တမ်းတိုး ကိစ္စနဲ့ ယနေ့ မန်ယူ သတင်းများ
မန်ယူ ယာယီ နည်းပြ ရပ်ဖ် ရန်းနစ် ဟာ နောဝှစ်ချ် စီးတီး မှာ အငှားထွက် ကစားနေတဲ့ လူငယ်လေး ဘရန်ဒွန် ဝီလီယံ ကို အငှားပြည့်ချိန်မှာ အသင်းကြီးထံ ပြန်လာ ကစားဖို့ ပြောဆို အသိပေး ထားတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အသင်းခေါင်းဆောင် ဖြစ်လိုနေကြောင်း သတင်းထွက် လာပါတယ်။ နည်းပြရန်နစ်အနေနဲ့ အသင်းခေါင်းဆောင် ရာထူးပေးဖို့ စီရော်နယ်ဒိုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရန်နစ်အနေနဲ့ မက်ဂွဲရားရဲ့ ခေါင်းဆောင်နိုင်မှုကို သံသယဖြစ်နေတာပါ။

မန်ယူဂန္ထဝင်ဟောင်း အန်ဒီကိုးလ်က မန်ယူအနေနဲ့ ဒီရာသီမှာ ဒီဂီယာကြောင့်သာ မဟုတ်ဘူးဆိုရင် တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ကြောင်း၊ ဒီဂီယာသာ မရှိရင် မန်ယူဟာ အမှတ်ပေးဇယား အလယ်အလတ် အသင်းအဖြစ်သာ ရှိနေမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ပေါ့ဘာရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူ က သက်တမ်းတိုးမြှင့်ဖို့ မရေရာဖြစ်နေတာပါ။ ဂျူဗင်တပ်ဟာ ပေါ့ဂ်ဘာကို တစ်နှစ်လုပ်ခ ယူရို ၉ သန်းနဲ့ ၄ နှစ် စာချုပ် ကမ်းလှမ်းသွားမှာပါ။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မန်ချက်စတာယူနိုက်တက်ထက်စာရင် အာဆင်နယ်အသင်းက ချန်ပီယံလိဂ် ဖလားကို ပိုမိုရနိုင်ချေရှိကြောင်း ထူးထူးဆန်းဆန်းပြောဆိုခဲ့ပါတယ်။
ပီတာရှမိုက်ကယ်က မန်ယူအနေနဲ့ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်လို့ ပြောဆိုခဲ့ရာမှာ ကာရေဂါက “ငါထင်တာကို ပြောပြမယ်ကွာ။အာဆင်နယ်ကတောင် မန်ယူထက် ပိုပြီး ချန်ပီယံလိဂ်ဖလား အရင် ရနိုင်ချေရှိေ သးတယ်”လို့ အရွှန်းဖောက်ခဲ့တာပါ။
ဆီဗီလာ ကွင်းလယ်လူ ဂျော်ဒန်ဟာ မန်ယူကနေ ရောက်ရှိလာတဲ့ တိုက်စစ်မူှးမာရှယ်လ်ဟာ အသင်းကို ခြားနားစေမဲ့ ကစားသမားဖြစ်ကြောင်း၊ သူငယ်ချင်းဖြစ်တဲ့ ဘိုင်လီက မာရှယ်လ်နဲ့ပတ်သက်ပြီး မိမိကိုပြောထားခဲ့တာရှိကြောင်း၊ မာရှယ်လ်အနေနဲ့ သူကိုယ်သူ အရေးပါတဲ့ နေရာမှာသာ ရှိချင်သူဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ်က သူ့အနေနဲ့ မန်ယူကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ရဲ့ စွမ်းဆောင်ရည်ပိုင်းကို သဘောတကျ ချီးကျူးခဲ့ပါတယ်။
မန်ယူဂန္ထဝင် ရှရင်ဂမ်က ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ မန်ယူနဲ့ လိုက်ဖက်တဲ့ နည်းပြ ဖြစ်တယ် လို့ ထောက်ခံ လိုက်ပါတယ်။ စပါးမှာတုန်းက ပိုချက်တီနိုဟာ ဘောလုံးကိုင်ကစားပြီး ကစားကွက် တည်ဆောက်ပုံ ကောင်းမွန်ကြောင်း၊ ပိုချက်တီနိုဟာ စပါးမှာ အောင်မြင်မှု မရခဲ့ပေမဲ့ ခမ်းနားတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။